Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ငွေဒင်္ဂါးဟောင်း အတုများကို ကျပ်သိန်း(၁၂၁)သိန်းကျော်ဖြင့် လိမ်လည်ရောင်းချသည့် တိုင်းရင်းသူ (၄)ဦးအား ကျိုင်းတုံ၌ ဖမ်းမိ

$
0
0
တောင်ပေါ်နေ တိုင်းရင်းသား အ၀တ်အစားများဖြင့် ကျပ်သိန်း(၁၂၁)ကျော်တန်ဖိုးရှိ ငွေဒင်္ဂါးဟောင်းပြား အတုများအား ကျိုင်းတုံမြို့တွင် လိမ်လည်ရောင်းချသွားသူ (၄)ဦးကို  ဇူလိုင်(၁၄)ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။


( ဓါတ်ပုံ။  ။ ကျိုင်းတုံ ပြန်/ဆက် )

"ဇွန်လ(၂)ရက်နေ့က ရပ်ကွက်(၃)မှာရှိတဲ့ ဒေါ်နန်းနွန်းနေအိမ်ကို နှစ်ပေါင်း(၁၀၀)ကျော် သက်တမ်းရှိတဲ့ ငွေဒင်္ဂါးဟောင်းပြားအတုတွေ လာရောင်းသွားတဲ့သူတွေကို ဇူလိုင်(၁၄)ရက်က ရပ်ကွက်(၅)မှာ ထပ်လာရောင်းတယ်ကြားလို့ သတင်းကြားကြားခြင်း သွားရောက် ဖမ်းဆီးထားလိုက်တာပါ.."ဟု ကျိုင်းတုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

ဇွန်လ(၂)ရက်နေ့က အမျိုးသား(၅)ဦးနှင့် အမျိုးသမီး(၁)ဦးပါဝင်သော တောင်ပေါ်နေ တိုင်းရင်းသား ၀တ်စုံများနှင့် လူတစ်စုမှ နေအိမ်ဟောင်းအား ဖျက်ရာမှ ရရှိလာသည်ဟု ပြောဆိုကာ တစ်ဖက်တွင် တရုတ်စာတန်းပါ၊ နောက်တစ်ဖက်တွင် REPUBLIQUE-FRANCAISE-1926 စာတန်းပါ ရောရာ ငွေဒင်္ဂါးပြားအကြီး (၇၉၄)ပြားအား တစ်ပြားလျှင်(၈၂၀၀)ကျပ်ဖြင့် စုစုပေါင်း (၆၅၁၀၈၀၀)ကျပ်ဖြင့် လည်းကောင်း၊ အလားတူစာတန်း 1908 စာတန်းပါ ရောရာငွေဒင်္ဂါးပြား အလတ်(၁၇၂)ပြားအား တစ်ပြားလျှင်(၆၈၀၀) ကျပ်ဖြင့် (၁၁၆၉၆၀၀)ကျပ်ဖြင့် လည်းကောင်း၊ ONERUPEEINDIA 1907 နှင့် 1917 စာတန်းပါ ရောရာငွေဒင်္ဂါးအပြား အသေး(၄၉၇)ပြားအား တစ်ပြားလျှင်(၄၀၀၀)ဖြင့်(၁၉၈၈၀၀၀)ကျပ်ဖြင့် လည်းကောင်း၊ (၃၃၀)ဂရမ်ခန့်ရှိ ငွေတုံးအကြီး(၂)တုံး၊ တစ်တုံးလျှင်(၄၀၀၀၀၀) ကျပ်ဖြင့်(၈၀၀၀၀၀)ဖြင့်လည်းကောင်း၊ (၁၄၀)ဂရမ်ခန့်ရှိငွေတုံး အလတ်(၇)တုံး၊ တစ်တုံးလျှင်(၂၂၀၀၀၀)ကျပ်ဖြင့် (၅၅၄၀၀၀၀)လည်းကောင်း၊ (၂၄)ဂရမ်ခန့်ရှိ ငွေတုံးအသေး (၆)တုံး၊ တစ်တုံးလျှင်(၃၀၀၀၀)ကျပ်ဖြင့် (၁၈၀၀၀၀)လည်းကောင်း၊ စုစုပေါင်းတန်ဖိုး ကျပ် (၁၂၁)သိန်းကျော်ဖြင့် လာရောက်ရောင်းချသဖြင့် ဒေါ်နန်းနွန်းမှ ၀ယ်ယူခဲ့ခြင်း ဖြစ်ကြောင်းနှင့် နောက်နေ့တွင် ကျိုင်းတုံမြို့မဈေးအတွင်းမှ ငွေဟောင်းနှင့် ပတ်သက်၍ ကျွမ်းကျင်သူ ထံသွားရောက် ပြသရာမှ အတုများဖြစ်နေကြောင်း သိရခြင်းဖြစ်ကြောင်း သိရသည်။

ငွေတုများ လိုက်လံရောင်းချသူများအား စုံစမ်းရာ ဇူလိုင်လ(၁၄)ရက် နံနက်(၉)နာရီတွင် ဒေါ်နန်းနွန်း၏ ဆွေမျိုးတော်စပ်သူ ကျိုင်းတုံမြို့ ရပ်ကွက်(၅)တွင် နေထိုင်သူ ဦးစိုင်းဆမ်ထံသို့ အမျိုးသမီး(၄)ဦးမှ ငွေဒင်္ဂါးပြားများ လာရောက်ရောင်းချနေကြောင်း အကြောင်းကြားလာသဖြင့် သက်ဆိုင်ရာမှ သွားရောက် ဖမ်းဆီးလာခြင်းဖြစ်ကြောင်း သိရသည်။

ငွေဒင်္ဂါးဟောင်း အတုများအား လိမ်လည်ရောင်းချသူ ဒေါ်ယေ့ပလုတ်၊ ဒေါ်အုတ်နွဲ့၊ ဒေါ်အီသောင်း၊ ဒေါ်အမ်တိုင်းတို့အား ကျိုင်းတုံမြို့မရဲစခန်းမှ (ပ)၉၄/၂၀၁၅၊ ပြစ်မှုပုဒ်မ ၄၂၀/၄၆၈ ဖြင့်အမှုဖွင့် အရေး ယူထားကြောင်း သိရှိရသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~ ကြော်ငြာ ~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>