Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

၂၀၁၆ တွင် ပြောင်းလဲလာမည့် အမျိုးသားပညာရေး အတွက် ဆွေးနွေးရှင်းလင်း

$
0
0
မြန်မာနိုင်ငံ၏ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ချက်လုပ်ငန်းများကို လုပ်ကိုင်နေသော (CESR)နှင့် မြန်မာနိုင်ငံ ပညာရေးသုတေသန ပူးပေါင်း၍ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (National Education Statesic Plan)(၉)ရပ်နှင့် ပညာရေးဥပဒေမူကြမ်း(၃)ရပ်အား ၂၀၁၆ခုနှစ်တွင် စတင်အကောင်အထည်ဖေါ်ရန် တာချီလိတ်မြို့ အခြေခံပညာ အထက်တန်းကျောင်း (ဆန်ဆိုင်း) တွင် ဇူလိုင်(၅)ရက်နေ့က ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ပညာရေးပြုပြင်လဲရန်လိုလားသော ပြည်သူများနှင့် အကြံဥာဏ်များရယူကာ ဆွေးနွေးတိုင်ပင်ခဲ့ကြကြောင်း သိရသည်။

"အဓိကတော့ လူတိုင်းအကျုံးဝင် ပါဝင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ လက်ရှိအခြေအနေကို တစ်နိုင်ငံလုံးမှာ ပညာရေးနဲ့ ပတ်သက်ရင် လက်ရှိအခြေအနေကို မြင်နိုင်ဖို့အတွက် ဇူလိုင်လ ပထမပတ်အတွင်းမှာ ပြည်သူတွေနဲ့ အကြံဥာဏ်တောင်းခံပြီး ဆွေးနွေးနေတာပါ၊ ပညာရေးစနစ်ပြောင်းလဲဖို့ လက်ရှိပညာရေးနဲ့ ပတ်သက်တဲ့ လက်ရှိ အဖြစ်အပျက်တွေနဲ့ Data အချက်အလက်နဲ့ ကိန်းဂဏန်းတွေကို အတိအကျ ရရှိမှာဖြစ်ပါတယ်.."ဟု CESR မှ Task Force Manager ပါမောက္ခ ဒေါက်တာ သန့်စင်မှ ပြောသည်။


မြန်မာနိုင်ငံတွင် ကျောင်းသား၊ ကျောင်းသူများ (၉)သန်းရှိရာ တက္ကသိုလ်ဝင်တန်းတွင် ကျောင်းသားဦးရေ ကျဆင်းလျှက်ရှိပြီး တစ်နိုင်ငံလုံး၌ တက္ကသိုလ်ဝင်တန်း၌ (၅)သိန်းသာ ရှိတော့ကြောင်း၊ ကျောင်းသားများ ကျောင်းပြင်ပ(Drop Out)ရောက်ရှိသွားခြင်းသည် နိုင်ငံအတွက် မကောင်းခြင်းကြောင့် ကျောင်းပြင်ပ ပညာရေးအား ဖော်ဆောင်နိုင်ရန် မြို့နယ်အလိုက် သုတေသန လေ့လာချက်များပြုလုပ်၍ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ၎င်းမှ ယင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။


CESR မှ မြန်မာနိုင်ငံအား ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ပေးနိုင်သည့် ပညာရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်စေရန် အရည်အသွေးရှိသော ပညာရေးစနစ်အား ၂၀၁၂ ခုနှစ်မှ အဆင့်(၃)ဆင့်ဖြင့် စတင် အကောင်အထည်ဖေါ် ဆောင်ရွက်လျှက်ရှိကြောင်း သိရပြီး ဇူလိုင်လ (၄)ရက်နှင့် (၅)ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ (၄၃)ခရိုင်၌ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ပညာရေးပြုပြင်ပြောင်းလဲရန် လိုလားသော ပြည်သူများနှင့် အကြံဥာဏ်များရယူကာ ဆွေးနွေးတိုင်ပင်လျှက်ရှိကြောင်း သိရသည်။

"အမျိုးသားပညာရေး မဟာဗျူဟာကို အဆင့်(၃)ဆင့်နဲ့ ရေးဆွဲထားပြီး ၂၀၁၆ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အတွင်း အကောင်အထည်ဖေါ်ဖို့ ရည်မှန်းထားပါတယ်၊ ဒါတွေကို CESR နဲ့ မြန်မာနိုင်ငံ ပညာရေးသုတေသန၊ ပညာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အကောင်အထည်ဖေါ်ဆောင်ရွက်မှာပါ.."ဟု CESR မှ အကြံပေး ဒေါက်တာ ဒေါ်ဌေးရီမှ ပြောကြားခဲ့သည်။

အမျိုးသားပညာရေး မဟာဗျူဟာအား အကောင်အထည်ဖေါ်ရာတွင် ပညာရေးဥပဒေ(၃)ရပ် ရေးဆွဲပြီးကြောင်းနှင့် ၎င်းတို့မှာ အခြေခံပညာဥပဒေ(မူကြမ်း)၊ နည်းပညာရေး၊ သက်မွေးပညာရေးဥပဒေ (မူကြမ်း)နှင့် ပုဂ္ဂလိကပညာရေးဥပဒေ(မူကြမ်း)တို့အား ရေးဆွဲထားပြီးဖြစ်ကြောင်း၊ အဆင့်(၁)အနေနှင့် ပညာရေးဥပဒေမူကြမ်း၊ မူဝါဒ၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးသုံးစွဲမှုနှင့် စွမ်းဆောင်ရည်ပြဿနာများအား ကဏ္ဍအလိုက်ခွဲခြား၍ လေ့လာမည်ဖြစ်ပြီး အဆင့်(၁) နှင့် အဆင့်(၂)တွင် တွေ့ရှိခဲ့သော အခက်အခဲများ၊ အချက်အလက်များနှင့် အကြံပြုချက်များအား အသေးစိတ်လေ့လာ၍ မူကြိုပညာရေးနှင့် အခြေခံပညာရေး မူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာရေး စနစ်အား အားလုံးပါဝင်သော ဘက်စုံ လူတိုင်းအကျုံးဝင် ပါဝင်သော ပညာရေးစနစ်အား အကောင်အထည်ဖေါ်ဆောင်ရွက်မည်ဖြစ်ပြီး၊ အဆင့်(၃)တွင် ၂၀၁၄-၂၀၁၆ (၂)နှစ် စီမံကိန်းဖြင့်လည်းကောင်း ၂၀၁၆-၂၀၂၁ အစိုးရသက်တမ်း(၅)နှစ် နှင့်အညီ စီမံကိန်းများအား အံဝင်ခွင်ကျဖြစ်အောင် ရေးဆွဲအကောင်အထည်ဖေါ်လျှက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့ ပြည်သူများမှ ပညာရေးစနစ်အား ဆွေးနွေးရာတွင် ကျောင်းပြင်ပ ပညာရေး(NEF)နှင့် ကလေးငယ်များအား ပညာရေးကို ကိုယ်တိုင် ရွေးချယ်သင်ယူခွင့်၊ ၂၀၁၆ ခုနှစ်တွင် ပြောင်းလဲလာမည့် ပညာရေးစနစ်အပေါ် စိုးရိမ်မှုများ၊ ကျောင်းများတွင် ကလေးများအား အသက်မွေးဝမ်းကျောင်းနှင့် အိမ်တွင်း လက်မှု၊ စိုက်ပျိုးရေးတို့အား ဖွံ့ဖြိုးရေးကဏ္ဍထည့်သွင်းရန်၊ ကိုယ်တိုင် ပတ်ဝန်းကျင်အား လေ့လာ သင်ယူရန်နှင့် စာမေးပွဲ ကျက်ဖြေစနစ်အား ပြုပြင်ပြောင်းလဲရန် ဆွေးနွေးခဲ့ကြောင်းသိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဟံသာဝတီ နှင့် ရွှေဘို အားပြိုင်သော စစ်ပွဲများ


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


ဆားပုလင်းနှင်းမောင်၏ နိဂုံး