Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်ခရိုင် မယ်ခေါင်မြစ်အနီး ရွှေတူးဖေါ်မှုကြောင့် ရွာလုံးကျွတ်ပြောင်းရွှေ့ရန် ပြင်ဆင်နေ

$
0
0
တာချီလိတ်ခရိုင်အတွင်းရှိ ရွှေတြိဂံဒေသ မယ်ခေါင်မြစ်အနီးတွင် ရွှေတူးဖေါ်မှုကြောင့် လယ်မြေများ စိုက်ပျိုး၍ မရခြင်းကြောင့် ဝှေလေရွာမှ ဒေသခံ ရွာသူ၊ရွာသားများသည် ရွာလုံးကျွတ်ရွှေ့ပြောင်းရန် ပြင်ဆင်နေကြောင်း သိရသည်။


"လယ်တွေလည်း ရွှေတူးတဲ့ မြေစာတွေဝင်လို့ စိုက်လို့မရတော့ဘူး၊ ယာတွေလည်း စိုက်လို့မရတော့ဘူး၊ ရွာပြောင်းဖို့ နေရာရှာထားပြီးသွားပြီ၊ သက်ဆိုင်ရာက နေဖို့ထိုင်ဖို့ သင့်တော်တဲ့ တန်ဖိုးနည်း အိမ်လေးနဲ့ စားဖို့သောက်ဖို့နဲ့ စိုက်ပျိုးဖို့နေရာလေးတွေ စီစဉ်ပေးရင် သူတို့ပြောင်းမှာပါ"ဟု ဒေသခံ ဦးအောင်ထန်မှပြောသည်။

ဝှေလေကျေးရွာအတွင်း လူဦးရေ(၁၀၀)ကျော်ရှိပြီး အိမ်ခြေ(၁၆)အိမ်ရှိကာ လယ်စိုက်ဧက(၂၀)ကျော်နှင့် ယာစိုက်ဧက (၅၀)ကျော်ရှိကြောင်း၊ မြေစာများဝင်ခြင်းကြောင့် စတင်ပျက်စီးမှုတွင် လယ်များသာ ပျက်စီးခဲ့သော်လည်း ယခုအခါ ယာများပါ စိုက်ပျိုး၍ မရနိုင်တော့ကြောင်း သိရသည်။

သီးနှံလျော်ကြေးအဖြစ် ၂၀၁၃ ခုနှစ်က လယ်မြေများအား ပေးခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် ဝှေလေကျေးရွာအား လျော်ကြေးပေးအပ်ခြင်း မရှိတော့ဘဲ ထိခိုက်မှုနည်းပါးသော အနီးရှိ ကျေးရွာများသာ ပေးအပ်ခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

"ကျွန်တော်တို့ ပြောင်းဖို့နေရာလည်း ရှာထားပြီးပါပြီ၊ ရွှေတူးတဲ့ ကုမ္ပဏီတွေက ကျွန်တော်တို့ စားဖို့နဲ့ စိုက်ပျိုးဖို့ မြေနေရာလေးတွေ သတ်မှတ်ပေးဖို့ ပြောထားတာ အကြောင်းမပြန်သေးဘူး သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုပြောတော့ ဟိုဘက်ကိုပြော ဒီဘက်ပြောနဲ့ အခု ကလေးတွေနဲ့ မိသားစုတွေပါ ဒုက္ခရောက်နေရတယ်၊ စိုက်စရာမြေမရှိ၊ သောက်သုံးစရာ ရေပါ ရှားပါးတဲ့ ဒုက္ခနဲ့ကြုံနေရတယ်.."ဟု ဒေသခံတစ်ဦးမှ ပြောသည်။

"အရင်​က ​လျော်​​ကြေးကို ရွာသား​တွေနဲ့ ကုမ္ပဏီညှိပြီးလုပ်​ကြတာ ဒီနှစ်​အတွက်​ အသင်းက တွက်​​ပေးမယ်​ဆို​ပြန်တော့လည်း ရွာ​ပြောင်း​တော့မယ်​ဆိုပြီး လာမဆက်​သွယ်​ဘူး.."ဟု ရှမ်းပြည်နယ် - အရှေ့ ပိုင်း သတ္တုလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးတင်နွယ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။

ဝေ​လှေ​ကျေးရွာသည် ​​ရွှေတြိဂံ​ဒေသ၏ အစွန်​အဖျားတွင်​ တည်​ရှိပြီး ​ကျေးရွာသားများ၏ လုံခြုံ​ရေးအတွက်​ မိုင်းဖုန်းဆရာ​တော်​မှ ​ကျောင်းတိုက်​အနီးရှိ ဆမ်​ဖူး​ကျေးရွာသို့ ​ပြောင်း​ရွှေ့နေ​စေ​ကြောင်း၊ ယခုလက်​ရှိတွင်​ အိမ်​​ခြေ(၁၁)အိမ်​သာရှိပြီး လယ်​ယာပျက်​စီးမှုအား သတ္တုလုပ်​ငန်းရှင်​များအသင်း​၏ ကွင်းဆင်းစစ်​​ဆေးချက်​အရ ပျက်​စီးခြင်းမရှိ​ကြောင်း ၎င်းမှဆက်လက်​ပြောပြသည်​။

ရွှေတြိဂံဒေသရှိ နားဟိုင်းလုံ တောင်ကြောတွင် ရွှေတူးဖေါ်သော ကုမ္ပဏီ(၁၀)ခုရှိပြီး ထုတ်လုပ်မှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အများအပြားရှိပြီး နိုင်ငံတော်သမ္မတကိုယ်တိုင် ပျက်စီးမှုများအား စိုးရိမ်မှု ဖြစ်ပေါ်နေကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်း ရွှေ၊ ခဲ၊ သွပ်နှင့် မဂ္ဂနီဒိုင်အောက်ဆိုဒ် သတ္တုတူးဖေါ်သော လုပ်ငန်းအများအပြားရှိပြီး သတ္တုတူးဖေါ်မှုကြောင့် ရွှေတြိဂံဒေသအတွင်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမှာ ဆိုးဝါးလျှက်ရှိခြင်းကြောင့် ဒေသခံများ စိုးရိမ်လျှက်ရှိကြောင်း သိရသည်။

"မိုးရာသီဆို ရေကြီးပြီ နွေရာသီဆိုလည်း တအားပူလာတယ်၊ သစ်တောတွေလည်း မရှိတော့ဘူး ဟိုနားကြည့်လည်း သတ္တုတူး၊ ဒီနားကြည့်လည်း သတ္တုတူးနဲ့ ကုမ္ပဏီတွေလဲ မှိုလိုပေါက်နေတာ မြန်မာနာမည်ခံနဲ့ အများဆုံးက တရုတ်တွေလာလုပ်တာ.."ဟု မိုင်းကိုးကျေးရွာအုပ်စု အတွင်းမှ ဒေသခံ စိုင်းမိန်းမှ ပြောသည်။

သတင်း။  ။ ကိုဇက်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>