Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ စိုက်ပျိုးရေ ခက်ခဲနေသည့်အတွက် စိုက်ပျိုးရေ မျှတစွာ သုံးစွဲနိုင်ရေး ကွင်းဆင်းဆောင်ရွက်

$
0
0
ယခုချိန်ခါသည် လယ်ယာလုပ်ငန်းခွင် စတင်ချိန်ဖြစ်သည့် အတွက် စိုက်ပျိုးရေ လိုအပ်လျှက်ရှိသော်လည်း တာချီလိတ်ဒေသအတွင်း မိုးရွာသွန်းမှု လျော့ကျလျှက်ရှိရာ ရေလိုအပ်လျှက်ရှိသော တောင်သူများမှ ရေ ရရှိရေးအတွက် မိမိတို့ အစီအစဉ်များဖြင့် ချောင်းရေများကို ရယူလျှက်ရှိရာတွင် ချောင်းရင်း ချောင်းဖျားရှိ တောင်သူများ အားလုံး ရေကိုမျှတစွာ ရရှိရေးအတွက် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့် ဆည်မြောင်း ၊ စိုက်ပျိုးရေးဌာနများမှ တာဝန်ရှိသူ များသည် ဇူလိုင်လ(၄)ရက်နေ့က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မယ်ခေါင်နိုကျေးရွာထိန်းဆည်၏ ရေလွှတ်မြောင်း တလျှောက် လက်လုပ်တမံများ ပိတ်ဆို့ကာ ရေရယူလျှက်ရှိရာ ချောင်းအထက်ပိုင်းရှိ လယ်များ အတွက် စိုက်ပျိုးရေ ရရှိသော်လည်း ချောင်းအောက်ပိုင်းရှိ တောင်သူများမှာမူ စိုက်ပျိုးရေ မရှိသည့်အတွက် ချောင်းရေအား မျှတစွာ သုံးစွဲရန် ၊ ဥပဒေနှင့် မညီသည့် တမံပိတ်ဆို့မှုများအား ရှောင်ရှားပြီး လိုအပ်ပါက ရေသွယ်မြောင်းများ တူးဖော်ခြင်း ၊ ရေစုပ်စက်ဖြင့် ရေတင်ခြင်းတို့ဖြင့် တောင်သူအချင်းချင်း ရေကို မျှမျှတတ သုံးစွဲနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးပြီး လက်ရိုက်တမံများအား အမြန်ဆုံးဖယ်ရှား ပေးရန် အသိပညာပေး ပြောကြားသည်။



ယင်းအပြင် မိုးကာလရေကြီး ရေလျှံမှုလျော့နည်းစေရေးနှင့် အမှန်တကယ် စိုက်ပျိုးရေ လိုအပ်လျှက်ရှိသည့် တောင်သူများ ချောင်းရေ ရရှိရေးအတွက် မယ်ခေါင်နိုကျေးရွာထိန်းဆည်ရေလွှတ်မြောင်းနှင့် မယ်ခေါင်ချောင်း ဆုံဆည်းရာနေရာတွင် ယာယီရေထိန်းတမံတစ်ခုအား အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။



ထို့နောက် ပူးပေါင်းအဖွဲ့သည် ၀ိန်းကျောက်ရပ်ကွက် တော်ကော့(ပြင်)ကွင်းရှိ မယ်ခေါင် ချောင်းအား လိုက်လံကြည့်ရှု စစ်ဆေးရာတွင် အချို့နေရာများတွင် မြေထိန်းနံရံများပြိုပျက်လျှက်ရှိသည့်အပြင် ကျောက်တုံးကြီးများကိုပါ ချောင်းအတွင်း ပိတ်ဆို့ချထားလျှက်ရှိသည်ကိုတွေ့ရှိရရာ မိုးတွင်းကာလ ရေကြီးရေလျှံမှုအတွက် အလွန်အန္တရာယ်ကြီးသည့် လုပ်ရပ်ဖြစ်သည့်အတွက် သက်ဆိုင်သူများအား ချောင်းအတွင်းရှိ အဟန့်အတားများအား အမြန်ဆုံးဖယ်ရှားပေးရန်နှင့် လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရသည်။

သတင်း။   ။ မောင်ယဉ်ကျေး
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>