Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တွေ့ရင် အမြန်ဆုံး အကြောင်းကြားပေးပါ တာချီလိတ်မြို့မှ လူပျောက်ကြော်ငြာ

$
0
0
တာချီလိတ်မှ တဆင့် ရန်ကုန်မြို့သို့ အလုပ်ကိစ္စဖြင့် ၂၀၁၅ခုနှစ် ဇွန်လ(၁၁)ရက်နေ့က ထွက်သွားခဲ့သည့် ကိုစန်းယုမြင့်သည့် ၂၀၁၅ခုနှစ် ဇူလိုင်လ(၄)ရက်နေ့အထိ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးသည့် အတွက် ၎င်း၏ ဇနီးမှ တာချီလိတ်မြို့မရဲစခန်းတွင် လူပျောက်အဖြစ် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ၀မ်မိုင်ရွာတွင် နေထိုင်သူ အသက်(၄၃)နှစ်ရှိ ကိုစန်းယုမြင့်သည် ၂၀၁၅ခုနှစ် ဇွန်လ(၁၁)ရက် နံနက်(၁၀)နာရီအချိန်က ခရီးသည်တင်မော်တော်ယာဉ်ဖြင့် တာချီလိတ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာသွားပြီး အင်းစိန်မြို့နယ်။ ထောက်ကြံ့၊ ဘုရားလေးကွေ့၊ တောရကျောင်းလမ်းတွင် နေထိုင်သည့် ၎င်း၏ အစ်ကိုဖြစ်သူ ဦးအောင်ဇေယျထံ ဌားရမ်းပေးထားသော မော်တော်ယာဉ်(၁)စီးအား သွားရောက် ထုတ်ယူရန်အတွက် အဆိုပါမြို့သို့ သွားရောက်တာဖြစ်ပြီး ဇွန်လ(၁၉)ရက် ညနေ (၄)နာရီဝန်းကျင်က ၎င်းအား ဇနီးဖြစ်သူ မသန်းသန်းလတ်မှ ဖုန်းဖြင့် ဆက်သွယ်ရာ ဆက်သွယ်၍ မရသည့်အတွက် ၎င်း၏ အစ်ကိုဖြစ်သူ ဦးအောင်ဇေယျအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ မော်တော်ယာဉ်အား ဇွန်လ(၁၈)ရက်နေ့က ၎င်းထံမှ လာရောက်ယူဆောင်သွားပြီဖြစ်ကြောင်း သိရသော်လည်း ယနေ့ အချိန်ထိ ကိုစန်းယုမြင့်မှာ နေရပ်ဖြစ်သည့် တာချီလိတ်နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးသည့်အတွက် စိုးရိမ်ပူပန်ကာ တာချီလိတ်မြို့မရဲစခန်းတွင် လူပျောက်အဖြစ် အမှုဖွင့်လှစ်ထားရှိတာဖြစ်ကြောင်း သိရသည်။

နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးဘဲ ပျောက်နေသည့် အသက်(၄၃)နှစ်ရှိ ကိုစန်းယုမြင့်အား အမြန်ဆုံးတွေ့ရှိနိုင်ရေးအတွက် တာချီလိတ်မြို့မရဲစခန်းတွင် လူပျောက် အမှတ်စဉ်(၄/၂၀၁၅)ဖြင့် စုံစမ်းဆောင်ရွက်နေလျက်ရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~ ကြော်ငြာ ~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>