Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့ မီးလင်းရေးကော်မတီမှ ကျွမ်းကျင်လိုင်းမင်း (၅)ဦး လိုအပ်နေ

$
0
0
တာချီလိတ်မြို့ မီးလင်းရေးကော်မတီတွင် မီးလိုင်းပြုပြင်ရာ၌ ကျွမ်းကျင်သူ လိုင်းမင်း (၅)ဦး လိုအပ်နေလျက်ရှိရာ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်ရှိ မြို့မီးလင်းရေးကော်မတီရုံးတွင် လျှောက်ထားနိုင်ကြောင်း နှင့်  စောလျင်စွာ လာရောက်လျှောက်ထားသူများကို ကျွမ်းကျင်ပညာရပ်နှင့် ကိုက်ညီပါက ဦးစားပေး ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။


"လာလျှောက်ရမဲ့ ရက်တော့ မကန့်သတ်ထားပါဘူး၊ အရင်လာလျှောက်တဲ့လူကို ကိုက်ညီတယ်ဆိုရင် (၅)ဦးပြည့်အောင် ခန့်သွားမှာပါ၊ မီးလိုင်းနဲ့ ပတ်သက်ရင် အတွေ့အကြုံရှိသူဖြစ်ရသလို ကျွမ်းကျင်တဲ့သူလည်း ဖြစ်ရပါမယ်၊ အသက်အနေနဲ့ (၃၅)နှစ်အောက်ကိုပဲ သတ်မှတ်ထားပါတယ်၊ စိတ်ဝင်စားသူများအနေနဲ့ မြို့မီးလင်းရေးကော်မတီရုံးမှာ လာရောက်လျှောက်ထားနိုင်ပါတယ်.."ဟု  မြို့မီးလင်းရေးကော်မတီမှ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးစိုင်းခမ်းမွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့မီးလင်းရေးကော်မတီတွင် လိုအပ်နေလျက်ရှိသည့် လိုင်းမင်းကျွမ်းကျင်သူ (၅)ဦးအတွက် လျှောက်ထားလိုပါက အောက်ပါ ဆက်သွယ်ရန်လိပ်စာမှ တဆင့် လျှောက်ထားနိုင်မှာဖြစ်ကြောင်း သိရှိရသည်။

တာချီလိတ်မြို့မီးလင်းရေးကော်မတီရုံး
ရွှေတိဂုံဘုရားအဆင်းလမ်း၊ မကာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့
ဦးစိုင်းခမ်းမွန်း။   ။ 09-458031199(မြန်မာဖုန်း)
မြန်မာဖုန်း ။ ။ 084-52939 ( ရုံးဖုန်း )၊
မြန်မာဖုန်း။ ။ 09-252789522 ( ရုံးဖုန်း )၊

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>