Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ထိုင်းဘတ်ငွေမှ ကျပ်ငွေလဲလှယ်မှု တာချီလိတ်၌ သိသိသာသာ ကျဆင်းနေ

$
0
0
မြန်မာ ကျပ်ငွေဈေးနှုန်းများမှာ နိုင်ငံတကာငွေကြေးဈေးကွက်နှင့် ဒေသတွင်းဈေးကွက် ပေါက်ဈေး ကွာခြားလျှက်ရှိပြီး နယ်စပ်ဒေသတွင် မြန်မာကျပ်ငွေဈေးနှုန်းမှာ နေ့စဉ် ကျဆင်းနေလျှက်ရှိကြောင်း ငွေလဲလှယ်သူများထံမှ သိရသည်။


“(၅)ရက်အတွင်းမှာ ဒေါ်လာဈေးကော၊ ထိုင်းဘတ်ငွေဈေးကော (၁၀%)လောက် ဖေါင်းပွသွားတယ်၊ ဇွန်လ(၅)ရက်နေ့က တာချီလိတ်မှာ ထိုင်းငွေပေါက်ဈေး ကျပ်(၁၀၀၀)ကို ဘတ်(၃၀)၀န်းကျင်ပေါက်ပေမယ့် ဒီနေ့ ဇွန်လ(၁၀)ရက်မှာ ကျပ်(၁၀၀၀)ကို (၂၇.၅၀)ဘတ်ပဲ ရှိတော့တယ် နိုင်ငံတကာငွေဈေးမှာတော့ (၃၂)ဘတ် ပတ်ဝန်းကျင်ဖေါ်ပြနေတယ်”ဟု ငွေကြေး လဲလှယ်သူ ကိုမျိုးမှပြောသည်။

တာချီလိတ်မြို့၏ ငွေလဲလှယ်မှုဈေးကွက်တွင် ကျပ်ငွေလဲလှယ်မှုများ ကျဆင်းလာကာ ထိုင်းဘတ်ငွေ ကိုင်ဆောင်သူများသာ ကျပ်ငွေများ ၀ယ်ယူ၍ သိမ်းဆည်းမှုများရှိကြောင်း နှင့် ကျပ်ငွေရောင်းချသူ နည်းပါးလျှက်ရှိကြောင်း ၎င်းထံမှ သိရသည်။

“ငွေဈေးမငြိမ်တဲ့အတွက် ထိုင်းနိုင်ငံက သွင်းကုန်ကော၊ ပြည်တွင်းက ပို့ကုန်တွေကော ရပ်ထားတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အရင် ငွေဈေးငြိမ်တုန်းက အော်ဒါမှာထားတာတဲ့ လက်ကျန်တွေတော့ အနည်းငယ် ကုန်စည်စီးဆင်းမှုရှိပါတယ်”ဟု "ကျော်"ကူးသန်းရောင်းဝယ်ရေး နှင့် ကုန်စည်ပို့ဆောင်ရေးမှ ကိုအောင်ကျော်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ယခုလက်ရှိအချိန်တွင် ငွေဈေးအခြေအနေကြည့်၍ ကုန်သည်များ ကြိုက်ရောင်းကြိုက်ဝယ် အခြေအနေတွင်သာ ရှိနေကြောင်း၊ ကုန်စည်ပို့ဆောင်မှု လုပ်ငန်းတွင် ယခင်ငွေဈေးဖြင့် ၀ယ်ယူထားသော ကုန်စည်များအား ပို့ဆောင်မှုရှိသော်လည်း ကုန်သည်များ ပြည်တွင်း ပို့ကုန်နှင့် ပြည်ပပို့ကုန်များအား ၀ယ်လိုအား ရပ်တန့်လျှက်ရှိကြောင်း သိရသည်။

မြန်မာကျပ်ငွေဈေးနှုန်း ကျဆင်းမှု မြန်ဆန်လာခြင်းကြောင်း ဒေသတွင်း ကုန်သည်များ စိုးရိမ်မှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့သည် ထိုင်းဘတ်ငွေ အသုံးပြုသော မြို့ဖြစ်သည့်အတွက် အခြေခံစားသောက်ကုန်များအား ပြည်တွင်းမှ ၀ယ်ယူ စားသုံးခြင်းကြောင့် ဒေသခံများမှလည်း ကုန်ဈေးနှုန်းတက်လာမည်ကို စိုးရိမ်မှုများ ရှိကြောင်း သိရသည်။

“ဆန်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးလို အခြေခံစားသောက်ကုန်တွေက ပြည်တွင်းက ၀ယ်ယူ အသုံးပြုတာ အခုတော့ ဈေးမတက်သေးဘူး၊ ငွေကြေးလဲလှယ်မှု လုံးဝ ကျဆင်းသွားပြီး ဒါတွေတက်သွားရင်တော့ ပြည်တွင်းက အလုပ်လာလုပ်တဲ့သူတွေ ဒုက္ခရောက်မှာ”ဟု ဒေသခံတစ်ဦးမှ ပြောသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>