Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

စိတ်ကြွဆေးပြားများနှင့် ဘိန်းစိမ်း တာချီလိတ်၌ ဖမ်းဆီးရမိ

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် စိတ်ကြွဆေးပြားများ နှင့် ဘိန်းစိမ်းများကို ယနေ့ ဇွန်လ(၁၀)ရက် နံနက်(၁၀း၄၅)နာရီအခန့်က ပူးပေါင်းအဖွဲ့ဖြင့် ဖမ်းဆီးရမိကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့မှ သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ (ဈ)ကွက်သစ်ရှိ ကျရှော၏ နေအိမ်အား မူးယစ်တပ်ဖွဲ့စု(၁၀၄)နေပြည်တော် နှင့် မူးယစ်တပ်ဖွဲ့စု (၃၀)တာချီလိတ်တို့ ပါဝင်ပြီး ခရိုင်/မြို့နယ် တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါး သတင်းအရ ၀င်ရောက်ရှာဖွေစစ်ဆေးရာ မူးယစ်ဆေးဝါးများ နှင့်အတူ လက်ဝယ်တွေ့ရှိရသူအား သိမ်းဆည်း ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်မူးယစ်တပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများတွင် Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၁၅၇၀)ပြား နှင့် ဘိန်းစိမ်း(အမဲရောင်အစေး)အလေးချိန် (၉၀၀)ဂရမ်တို့အား တွေ့ရှိရာ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ် (၄၈)သိန်းကျော် တန်ဖိုးရှိပြီး လက်ဝယ်တွေ့ရှိရသူ ကျရှောအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၉၉/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>