Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မြို့ပေါ်ကျောင်းများ သန့်ရှင်းရေး မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဆောင်ရွက်ပေး

$
0
0
တာချီလိတ်မြို့ပေါ်ရှိ စာသင်ကျောင်းများအား ကျောင်းဖွင့်ချိန်မတိုင်မီ မဇ္ဈိမလူမှုကူညီရေးအသင်းမှ သန့်ရှင်းရေး လိုက်လံဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

( အ.ထ.က- ဟောင်လိတ်)

“ကျောင်းဖွင့်ရင် ကလေးတွေ သန့်သန့်ရှင်းရှင်း ကြည်ကြည်လင်လင်နဲ့ စာသင်ကြားနိုင်အောင်ပါ၊ တာချီလိတ်မြို့တွင်းရှိ စာသင်ကျောင်းများကို ဆက်တိုက် သန့်ရှင်းရေးများ ပြုလုပ်ပေးသွားဖို့ ရှိပါတယ်..”ဟု မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေမှပြောသည်။


မဇ္ဈိမလူမှုကူညီရေးအသင်းမှ မေလ(၂၃)ရက်နေ့တွင် တာလော့ရပ်ကွက်ရှိ စာသင်ကျောင်းတွင် ခြုံနှင့်မြက်ပင်များ ရှင်းလင်းခြင်း၊ အိမ်သာများ ဆေးကြောပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရပြီး မေ(၂၄)ရက်နေ့တွင် ဟောင်လိတ် အခြေခံပညာအထက်တန်းကျောင်းတွင်လည်း ရှင်းလင်းပေးခဲ့ကြောင်း သိရှိရသည်။


တာချီလိတ်မြို့ပေါ်ရှိ ကျောင်းများတွင် နှစ်စဉ် ကျောင်းဖွင့်ကာလမတိုင်မီ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ကျောင်းဝန်းနှင့် ကျောင်းစာသင်ခန်းများ၊ အိမ်သာများအား လိုက်လံ၍ သန့်ရှင်းရေးများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိသည်။


“မနှစ်တုန်းကလည်း ကျွန်တော်တို့ ကျောင်းတွေမှာ သန့်ရှင်းရေး လိုက်လုပ်ပေးပါတယ်၊ ကျောင်းတွေက ပိတ်ထားတော့ ခြုံတွေ၊ ဖုံတွေ၊ အမှိုက်တွေနဲ့ ရှုပ်နေတာကို ရှင်းပေးတာပါ၊ အသင်းပိုင်ပစ္စည်းတွေနဲ့ လုပ်ပေးနေတာပါ၊ ကျောင်းဖွင့်မှ ကလေးတွေ လိုက်လုပ်နေရတာတွေလဲ မြင်နေရလို့ လုပ်ပေးတာပါ”ဟု မဇ္ဈိမလူမှုကူညီရေးအသင်းသား ကိုနေမျိုးမှပြောသည်။


ကျောင်းများတွင် ကျောင်းဖွင့်ချိန် မတိုင်မီ စာသင်ခုံများစီပေးခြင်း၊ ခြုံနွယ်အမှိုက်များ ရှင်းလင်းပေးခြင်း၊ အိမ်သာနှင့် စာသင်ခန်းများ သန့်ရှင်းပေးခြင်းများပြုလုပ်ပေးခဲ့ကြောင်း၊ အသင်းမှ မြက်ဖျက်စက်များ၊ ပေါက်ပြား၊ တံမြက်စည်းများဖြင့် သွားရောက် လုပ်ကိုင်ပေးခြင်းဖြစ်ကြောင်း နှင့် စာသင်ကျောင်းများတွင် လူအင်အား (၃၀)ခန့်နှင့် လိုက်လံရှင်းလင်းပေးခြင်းဖြစ်ကြောင်း သိရသည်။


တာချီလိတ်မြို့ပေါ်တွင် အစိုးရစာသင်ကျောင်း(၈)ကျောင်း၊ ပုဂ္ဂလိက ကိုယ်ပိုင် စာသင်ကျောင်း (၂)ကျောင်းတို့ရှိပြီး၊ ကျောင်းသားဦးရေ(၉၀၀၀)ကျော် တက်ရောက် စာသင်ကြားလျှက်ရှိကြောင်း သိရသည်။


ကျောင်းများတွင် မေလ(၂၅)ရက်နေ့တွင် စတင်၍ ကျောင်းသားလက်ခံမည်ဖြစ်ပြီး ဇွန်(၁)ရက်နေ့တွင် ကျောင်းစတင်တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~ ကြော်ငြာ ~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>