Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ မာလာဟင်းရောင်းသူ အချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ ဓါးထိုးမှုဖြစ်

$
0
0
တာချီလိတ်မြို့တွင် ယနေ့ မေလ(၇)ရက် ညနေပိုင်းက မာလာဟင်း ရောင်းနေသူ အချင်းချင်း ခိုက်ရန်ဖြစ်ပွားရာမှ တဆင့် ဓါးထိုးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယနေ့ မေလ(၇)ရက် ညနေ(၅)နာရီခန့်က ရိုမစ်တစ် စားသောက်ဆိုင်ရှေ့ "မာလာဦး"အမည်ရှိ မာလာဟင်းဆိုင်မှ မခက်ခက်စိုး နှင့် မမာလာဦးတို့သည် ဈေးရောင်းချရန် ပြင်ဆင်နေစဉ် ဆေးရုံရှေ့ရှိ "မိုးကုတ်"မာလာဟင်းဆိုင်မှ မအေးအေးမြင့် နှင့် သူမ၏ သမီးဖြစ်သူတို့ ရောက်ရှိလာပြီး နေ့လည်က စကားများခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ မကျေနပ်သဖြင့် ၎င်းတို့ဆိုင်ရှိ ဟင်းရွက်လှီးသည့် အမဲရောင် ကော်ရိုးတပ် စတီးဓါးချွန်အား ယူပြီး မခက်ခက်စိုး၏ ၀မ်းဗိုက်အား (၁)ချက် နှင့် ဂုတ်ပိုးယာဘက်အား (၁)ချက်ထိုးခဲ့ပြီး မာလာဦးကိုလည်း အနီးရှိ သစ်သားတုတ်ဖြင့် ယာနားထင်အား(၁)ချက် ရိုက်နှက်ခဲ့ရာ ဒဏ်ရာ အသီးသီးရရှိသူတို့မှာ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေလျက်ရှိကြောင်း တာချီလိတ်မြို့မရဲစခန်း၏ စစ်ဆေးချက်အရ သိရသည်။

"သူတို့က အမျိုးတော်တယ်လို့ ပြောကြတာပဲ၊ ကျွန်တော်တို့လည်း ဒီမှာ လာရောင်းတာ သိပ်မကြာသေးဘူး၊ ဘာကြောင့် ဖြစ်တာလဲဆိုတာလည်း တိတိကျကျ မသိဘူး၊ .."ဟု ဆေးရုံရှေ့ရှိ ဈေးသည်တစ်ဦးမှပြောသည်။

ဆက်လက်၍ "မာလာဦး"မာလာဟင်းဆိုင်မှ မခက်ခက်စိုးအား ဓါးဖြင့်ထိုးခြင်း နှင့် မမာလာဦးအား တုတ်ဖြင့်ရိုက်သူ မအေးအေးမြင့် နှင့် ၀င်ရောက်ခိုက်ရန်ဖြစ်ပွားသူ ၎င်း၏ သမီး အပါအ၀င် နှစ်ဦးအား တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ)၉၅/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၂၅/၃၂၆အရ အမှုဖွင့်အရေးယူထားရှိကြောင်း မြို့မရဲစခန်းမှ သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>