Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တရားမ၀င် မြန်မာ အလုပ်သမား (၆၀)ဦးကို ထိုင်းဘက်မှ ဖမ်းဆီးပြီး ပြန်ပို့

$
0
0
ထိုင်းနိုင်ငံအတွင်း၌ ထိုင်းဘက် ရဲတပ်ဖွဲ့နှင့် လ၀ကအဖွဲ့မှ တရားမ၀င် အလုပ်သမားများအား နေ့စဉ် ဖမ်းဆီး၍ သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည် ပို့ဆောင်လျက်ရှိရာ ယနေ့ မေလ(၇)ရက် နေ့လည် (၁း၁၀)နာရီအချိန်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တရားမ၀င် မြန်မာအလုပ်သမား စုစုပေါင်း (၆၀)ဦးကို လွှဲပြောင်းလာရာ မြန်မာဘက် တာဝန်ရှိသူများက ထိုင်း - မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားတွင် လွှဲပြောင်းမှုကို လက်ခံခဲ့ကြသည်။


ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ လွှဲပြောင်းလာသော ဖမ်းဆီးရမိသည့် တရားမ၀င် မြန်မာနိုင်ငံသား အလုပ်သမားများတွင် ကရင်ပြည်နယ်မှ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၁)ဦး၊ မွန်ပြည်နယ်မှ အမျိုးသား(၁)ဦး၊ ရခိုင်ပြည်နယ်မှ အမျိုးသား(၁)ဦး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းမှ အမျိုးသား(၅)ဦး နှင့် အမျိုးသမီး(၇)ဦး၊ ရှမ်းပြည်နယ် တောင်ပိုင်းမှ အမျိုးသား(၁၉)ဦးနှင့် အမျိုးသမီး(၁၂)ဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှ အမျိုးသား(၇)ဦး နှင့် အမျိုးသမီး (၅)ဦး နှင့် ဧရာဝတီတိုင်းဒေသကြီးမှ အမျိုးသား(၁)ဦး စုစုပေါင်း (၆၀)ဦး ရှိကြောင်း မြန်မာဘက် တာဝန်ရှိသူများ ထံမှာ သိရသည်။

ထိုင်းနိုင်ငံဘက်မှ တရားမ၀င် မြန်မာ အလုပ်သမားများအား ဖမ်းဆီး၍ ထိုင်းလ၀ကအဖွဲ့မှ မယ်ဆိုင်မြို့မှတဆင့် တာချီလိတ်မြို့သို့ လွှဲပြောင်းလာလေ့ရှိပြီး မေလ(၆)ရက်နေ့က (၁၄)ဦးအား လွှဲပြောင်းခဲ့ပြီးဖြစ်ကြောင်း နှင့် ယခုလို လွှဲပြောင်းမှုသည် တစ်ပတ်လျှင် အနည်းဆုံး (၂)ကြိမ်ရှိကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


ဒေါ်နယ်ထရန့် အိမ်တော် (သို့မဟုတ်) အိမ်ဖြူတော်ရဲ့ ထူးခြားချက်များ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>