Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ် ရွှေတိဂုံစေတီတော်၌ (၆)ကြိမ်မြောက် အဖြစ် ကဆုန်ညောင်ရေသွန်း

$
0
0
မြန်မာသက္ကရာဇ် ၁၃၇၇ခုနှစ်၏ ကဆုန်လပြည့်နေ့ ကဆုန်ညောင်ရေသွန်းလောင်းပွဲတော်ကို မေလ (၂)ရက်နေ့က တာချီလိတ်မြို့နယ်အတွင်း ဗောဓိညောင်ပင်များရှိသည့် စေတီပုထိုးများ နှင့် ဘုန်းကြီးကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ရာ ယနေ့ မေလ(၃)ရက် မွန်းတည့်ချိန်တွင် တာချီလိတ် ရွှေတိဂုံစေတီကုန်းတော်ပေါ်ရှိ ဗောဓိညောင်ပင်တွင် ကဆုန်ညောင်ရေသွန်းလောင်းပွဲအား ဆက်လက် ကျင်းပပြုလုပ်ခဲ့ကြသည်။



ညောင်ရေသွန်းလောင်းပွဲ မစတင်မီ နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး အမှူးပြုသည့် ဆရာတော်ကြီးများမှ ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်ကြပြီး ရောက်ရှိလာကြသည့် ဧည့်ပရိသတ်များမှ  လှူဘွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူုဒါန်းကြကာ ရေစက်သွန်းချ တရားတော်နာယူ ခဲ့ကြသည်။


ယင်းနောက် တာချီလိတ်ရွှေတိဂုံစေတီကုန်းတော်ပေါ်ရှိ ဗောဓိညောင်ပင်တွင် နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီးနှင့် မဟာမြတ်မုနိ ဆရာတော်ဘုရားကြီး အပါအ၀င် ဧည့်ပရိတ်သတ်များမှ ညောင်ရေသွန်းလောင်းခြင်း၊ သဲပုံစေတီတွင် ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။




ယနေ့ ပြုလုပ်သည့် ညောင်ရေသွန်းလောင်းပွဲအား နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးနှင့် မဟာမြတ်မုနိဆရာတော်ဘုရားကြီးအား အမှူးပြုပြီး ကျင်းပပြုလုပ်ရာ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်၊ စစ်ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ကျော်မြင့် နှင့် တာချီလိတ်တပ်နယ်မိသားစုများ၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် တာချီလိတ်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်အေးသန္တာကျော် နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ အပါအ၀င်၊ ဌာနဆိုင်ရာများ၊ မြို့နယ်ဂေါပကအဖွဲ့ ဥက္ကဌ သုဓမ္မမဏိဇောတဓရ ဦးမောင်လေး နှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ စသည်တို့မှ လာရောက်ပြီး ကုသိုလ်ယူကာ ကဆုန်ညောင်ရေသွန်းလောင်းပွဲအား ဆင်နွှဲ့ခဲ့ကြသည်။



တာချီလိတ်ရွှေတိဂုံစေတီ ကုန်းတော်ပေါ်တွင် ယခုလို ကဆုန်ညောင်ရေ သွန်းလောင်းလှူပွဲအား ကျင်းပပြုလုပ်လာခဲ့သည်မှာ (၆)ကြိမ်မြောက်ပြီဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ သိရသည်။

ပုံများကိုကြည့်ရန်
တာချီလိတ်ရွှေတိဂုံစေတီတော်၌ (၆)ကြိမ်မြောက်အဖြစ် ကဆုန်ညောင်ရေသွန်း
 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>