Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ကျိုင်းတုံ၌ သက်ကြီးရွယ်အို အဘိုးအဘွား နှစ်ဦး တုတ်ဖြင့် ရိုက်သတ်ခံရ

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့တွင် ယနေ့ မေလ(၃)ရက် နံနက်ပိုင်းက နှစ်လောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ကျိုင်းတုံမြို့ လွိုင်မွေလမ်း၊ ရပ်ကွက်(၂)ပါလျှံ ရှိနေအိမ်တွင် နေထိုင်သူ အသက်(၈၀)နှစ်ရှိ ဦးစိုင်းရှဲန်နွဲ့ နှင့် ဇနီးဖြစ်သူ အသက်(၆၅)နှစ်ရှိ ဒေါ်နန်းကျောက်တို့သည် တုတ်ဖြင့်ရိုက်နှက်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်းကို ယနေ့ နံနက်(၉း၃၀)နာရီ အချိန်ခန့်က သိရှိရကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရသည်။

"ဒီကိစ္စကြားကြားခြင်းပဲ သူရဲ့ သားသမီးတွေလည်း တာချီလိတ်ကနေ ရောက်လာကြတယ်၊ ကျွန်တော်တို့ သိတာကတော့ နေအိမ်မှာ အဲ့ဒီ အဘိုးအဘွား နှစ်ယောက်ပဲ ရှိတယ်လို့ သိရတယ်၊ အဘိုးအဘွား နှစ်ဦးလုံးက အ၀တ်ရိုက်တုတ်နဲ့ရော တံခါးပိတ်တဲ့ တုံးနဲ့ရော အရိုက်ခံထားရတာလို့လည်း သိရတယ်၊ နောက်ပြီး နေအိမ်က ပစ္စည်းတွေလည်း မပါသွားဘူးလို့လည်း သိရပေမဲ့ ဘာကြောင့် သတ်သွားတယ်ဆိုတာတော့ အခုထိ ဘယ်သူမှ မသိသေးဘူး..."ဟု ကျိုင်းတုံမြို့နေ ဒေသခံတစ်ဦးကလည်း တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးသွားသည့် ရုပ်အလောင်းများအား ဆက်လက်စစ်ဆေးနိုင်ရန်အတွက် ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီးရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားရှိကြောင်း ကျိုင်းတုံမြို့ နှလုံးလှပိုင်ရှင်များအခမဲ့ လူမှုကူညီရေးအသင်း မှ သိရသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ကျိုင်းတုံမြို့မ ရဲစခန်းတွင် (ပ)၅၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အမှုဖွင့် အရေးယူထားရှိပြီး လူသတ်တရားခံအား အမြန်ဆုံး ဖမ်းဆီး ရမိရေးအတွက် ဆက်လက် စုံစမ်းနေလျက်ရှိကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
ဓါတ်ပုံ။  ။ နှလုံးလှပိုင်ရှင်များအခမဲ့ လူမှုကူညီရေးအသင်း(ကျိုင်းတုံ)
 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  



~~~~~~~~~~ ကြော်ငြာ ~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>