Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မယ်ဆိုင်အ၀င်တွင် မြန်မာနိုင်ငံသား တစ်ဦးထံမှ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

$
0
0
ထိုင်း - မြန်မာ နယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့မှ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့အသွား ထိုင်းနိုင်ငံဘက် အမှတ်(၁) ချစ်ကြည်ရေးတံတား X-Ray စစ်ဆေးရေးအခန်းတွင် ယနေ့ ဧပြီလ(၂၉)ရက် ထိုင်းစံတော်ချိန် နံနက်(၉း၁၀)နာရီ အချိန်ခန့်က မြန်မာနိုင်ငံသားတစ်ဦးထံမှ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။


အသက်(၂၈)နှစ်ရှိ စိုင်းသန်းလူသည် တာချီလိတ်မြို့မှ တဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့အ၀င် အမှတ်(၁) ချစ်ကြည်ရေး တံတားရှိ X-Ray စစ်ဆေးရေးအခန်းတွင် ထိုင်းဘက် တာဝန်ရှိသူများက မသင်္ကာ၍ ရှာဖွေစစ်ဆေးရာမှ စိုင်းသန်းလူ၏ လွယ်အိတ်အတွင်းမှ ပဲနို့ရည်ဗူးထဲတွင် ထည့်သွင်းလာသည့် အိုက်စ် (အဖြူရောင်ပုံဆောင်ခဲ) (၄၆၉)ဂရမ်နှင့် Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား (၂)ပြားအပြင် ထိုင်းဘတ်ငွေ (၁၀,၇၄၀)တို့ကို ရှာဖွေတွေ့ရှိရသည့်အတွက် ၎င်းအား ထိုင်းရဲတပ်ဖွဲ့မှ ဆက်လက် စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။


"ပဲနို့ရည်ဗူးနှစ်ဗူးကို ကိုင်ကြည့်တဲ့အခါမှာ မာမာကြီးဖြစ်နေတဲ့အပြင် မအေးနေဘဲ တစ်မျိုးဖြစ်နေတဲ့အတွက် အဲ့ဒီဗူးနှစ်ဗူးကို မသင်္ကာတာနဲ့  ဖွင့်ကြည့်ရာကနေ အထဲမှာ အိုက်စ်တွေကို အခုလို တွေ့ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့က သိရတယ်.."ဟု မြန်မာဘက် နယ်ကြားကော်မတီဝင်၏ တစ်ဦးမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူသည် ခြေလျင်ဖြင့် တာချီလိတ်မြို့မှတဆင့် ထိုင်းဘက်သို့ ၀င်ရောက်လာတာဖြစ်ပြီး၊ ထိုင်းဘက် ယာဉ်သွားလမ်းမှ မော်တော်ဆိုင်ကယ်ဖြင့် အသက်(၃၆)နှစ်ခန့်ရှိ မချောစုယဉ်မှာ တဖက်တွင် စောင့်ဆိုင်းနေကြောင်း ထိုင်းရဲတပ်ဖွဲ့မှ သိရသည့်အတွက် ၎င်းတို့နှစ်ဦးအား ဆက်လက်၍ စစ်ဆေးနေလျက်ရှိကြောင်း ၎င်းထံမှ ဆက်လက်သိရှိရသည်။

"မနက်က မယ်ဆိုင်အ၀င်မှာ ဖမ်းမိတယ်ဆိုတာ ကြားလိုက်တယ်၊ မြန်မာဘက်က လွတ်သွားပြီး ထိုင်းဘက်မှာ ဖမ်းဆီးရမိတယ်ဆိုတော့ မြန်မာဘက်က ဆေးစစ်ဆေးမှုတွေ မလုပ်ဘူးဆိုတဲ့ သဘောဖြစ်နေတယ်၊ မြန်မာဘက်ကလည်း ဘယ်နိုင်ငံသားဖြစ်ဖြစ် ထိုင်းအထွက်ကို စစ်ဆေးသင့်တယ်၊ ဒါမှ တစ်ဖက်နိုင်ငံကလည်း မြန်မာဘက်က စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်ဆိုတာ သိမှာပေါ့..."ဟု တာချီလိတ်ဒေသခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကလည်း တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  


Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>