Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံး

$
0
0
မြန်မာ့နှစ်ဆန်း(၁)ရက်နေ့၏ အလွန် (၁၀)ရက်မြောက်နေ့ဖြစ်သည့် ဧပြီလ(၂၇)ရက် ညနေ (၅း၄၅)နာရီအချိန်ခန့်က တာချီလိတ်၌ အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးသွားကြောင်း သိရသည်။


"ဘယ်လို အကြောင်းကြောင့် ကြိုးဆွဲချသေဆုံးသွားသလဲဆိုတာတော့ မသိရဘူး၊ ဦးလှမိုးတို့လည်း ဟိုကို ရောက်တော့ ကြိုးကဖြုတ်ပြီးသားဖြစ်နေတာနဲ့ အလောင်းကို သယ်ပြီး ရင်ခွဲရုံကို ပို့ပေးခဲ့ပြီး ဒီနေ့ သဂြုင်္ိဟ်ပေးဖို့ စီစဉ်ထားပါတယ်..."ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကြိုးဆွဲချသေဆုံးသွားသူသည် နေအိမ်၌ပင် မည်သည့်အကြောင်းကြောင့် ကြိုးဆွဲချသေဆုံးသွားကြောင်းကို သိရှိရခြင်း မရှိကြောင်းနှင့် ၎င်း၏ မိခင်သည် အပြင်က ပြန်ရောက်မှ ကြိုးဆွဲချသေဆုံးနေသည့် သားဖြစ်သူကို တွေ့ရသည့်အတွက် ကပျာကယာဖြင့် ကြိုးအား မိခင်ကိုယ်တိုင် ဖြုတ်ချပေးခဲ့ရပြီးမှ သက်ဆိုင်ရာသို့ အကြောင်းကြားဖြစ်တာဖြစ်ကြောင်း ၎င်းထံမှ ဆက်လက်သိရှိရသည်။

ကြိုးဆွဲချသေဆုံးသွားသူ အသက်(၃၄)နှစ်ရှိ ကိုလွင်ဇော်အောင်သည် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ ငွေစေတီလမ်းရှိ နေအိမ်၌ နေထိုင်သူဖြစ်ပြီး ၎င်းသည် နေအိမ်၏ မီးဖိုခန်း ၀ါးထုတ်တန်းတွင် အစိမ်းရောင် (၂)မူးလုံး နိုင်လွန်ကြိုးအရှည်ဖြင့် ချည်နှောင်ပြီး ကြိုးဆွဲချသေဆုံးနေရာမှာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ ရရှိခြင်းမရှိဘဲ သေဆုံးနေတာကို တွေ့ရှိရကြောင်းနှင့် တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ်(၅/၂၀၁၅)ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  


~~~~~~ ကြော်ငြာ ~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>