Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မိုးရာသီမဟုတ်ဘဲ တာချီလိတ်၌ ရုတ်တရက် မိုးကြီးပြီး ရေလျှံမှု အနည်းငယ်ဖြစ်ရာ ဒေသခံများ အထိတ်တလန့်ဖြစ်သွား

$
0
0
တာချီလိတ်၌ ယနေ့ ဧပြီလ(၂၇)ရက် ည(၈)နာရီ ၀န်းကျင်က ရုတ်တရက် မိုးရွာသွန်းမှုကြောင့် ရေလျှံမှုများ အနည်းငယ်ဖြစ်ပွားခဲ့ပြီး၊ နမ့်ယွန်းချောင်းအတွင်း၌ ရပ်ကွက်သူ၊ ရပ်ကွက်သားများမှ စည်းကမ်းမဲ့စွာ အမှိုက်များ စွန့်ပစ်ထားခြင်းကြောင့် တံတားတွင် အမှိုက်များမှာ ရေနှင့်အတူမျောပါလာပြီး တင်ကျန်နေ လျက်ရှိရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ အမှုဆောင်အရာရှိ ဦးကျော်ဇင် နှင့်  မြို့မိမြို့ဖ ဦးမြင့်ဦး(မုတ်ဆိတ်)တို့ ဦးဆောင်ပြီး စည်ပင်ဝန်ထမ်းများမှ နမ့်ယွန်းချောင်း အတွင်း ပိတ်ဆို့နေသည့် အမှိုက်များအား ညတွင်းချင်း ရှင်းလင်းဆောင်ရွက်နေကြသည်ကို တွေ့ရှိရသည်။



"မိုးရာသီတောင် မရောက်သေးဘူး၊ အခုလို ခဏလေး ရွာတာတောင် ရေက လမ်းပေါ်မှာလျှံလို့၊ မိုးရာသီကို ရောက်ရင်တော့ ဒီထက်ပိုဆိုးနိုင်တယ်.."ဟု ၀မ်ကောင်းရပ်ကွက် ဘုရင့်နောင်ဈေးအနီးနေ အမျိုးသား တစ်ဦးက ပြောဆိုလာသည်။



"အမှိုက်ကြောင့် ရေစီးရေလာ အားနည်းတာလည်း ပါတဲ့အတွက် အမှိုက်ကို စည်းကမ်းတကျ ပစ်ဖို့လည်း လိုလိမ့်မယ်၊ အဲ့လို မဟုတ်ပဲ ချောင်းတွေ၊ မြောင်းတွေထဲ စည်းကမ်းမဲ့ ပစ်ရင်တော့ မြောင်းတွေ၊ ချောင်းတွေ ရေစီးရေလာအတွက် အခက်အခဲဖြစ်နေဦးမှာပဲ.."ဟု တာလော့ရပ်ကွက်နေ လုပ်ငန်းရှင်တစ်ဦးကလည်း တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



တာချီလိတ်မြို့တွင် မိုးရာသီရောက်တိုင်း အနိမ့်ပိုင်း ဖြစ်သည့် ရပ်ကွက်များတွင် ရေကြီးရေလျှံမှု ဖြစ်လေ့ရှိပြီး ယခုအခါသည် မိုးရာသီ မဟုတ်ဘဲ ရေများမှာ လမ်းပေါ်သို့ လျှံသည့်အတွက် ဒေသခံများမှာ မိုးတွင်းအတွက် ကြိုတင် အထိတ်တလန့်ဖြစ်စေခဲ့ကြောင်း သိရသည်။

Photo: မောင်ယဉ်ကျေး၊ စည်သူမောင်၊ စိုးထွန်းနိုင်၊ Shan Ma Lay ၊ Tayote Kyi

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>