Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရာပြည့်ပွဲတော် တာချီလိတ်၌ သုံးရက်တိတိ ကျင်းပမည်

$
0
0
တာချီလိတ်မြို့၊ ရှမ်းရိုးမကွင်းတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရာပြည့်ပွဲတော်အား ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှ (၁၃)ရက်နေ့ အထိ (၃)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။


ဖေဖော်ဝါရီ(၁၁)ရက်နေ့ ညနေ(၅း၃၀)တွင် ယဉ်ကျေးမှု အဆိုအကများဖြင့် ကျင်းပဖွင့်လှစ်မှာဖြစ်ပြီး
ဖေဖော်ဝါရီ (၁၂)ရက်နေ့ ညနေ(၄)နာရီအချိန်၌  သံဃာတော်အပါး(၁၀၀)အား ဆွမ်းဆန်စိမ်း လောင်းလှူမည်ဖြစ်ပြီး ညနေ(၆)နာရီမှ စတင်ကာ သီချင်းများဖြင့် သီဆိုခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ၀တ်စားဆင်ယဉ်မှုပြိုင်ပွဲများ ကျင်းပခြင်း၊ တေးဂီတဖျော်ဖြေပွဲများ ကျင်းပခြင်းများဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

ဖေဖော်ဝါရီ(၁၃)ရက်နေ့ နံနက်(၆)နာရီ အချိန်တွင် သံဃာတော် (၉)ပါးအား အာရုဏ်ဆွမ်းဆက်ကပ်ခြင်း၊ နံနက်(၈)နာရီမှ စတင်ကာ စက်ဘီးပြိုင်ပွဲ၊ မာရသွန်ပြိုင်ပွဲ ပန်းဝင်ခြင်းအား ကြိုဆိုခြင်းနှင့် ရိုးရာ အားကစားပွဲများ ကျင်းပခြင်းနှင့် ဆုချီးမြှင့်ခြင်း၊ နိဗ္ဗာန်ဈေးပွဲတော် ဆင်ယင်ကျင်းပခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နေ့လယ်(၂)နာရီတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို စတင်သန္ဓေချပေးခဲ့သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအား ဂုဏ်ပြုသောအားဖြင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်မှု လက်တွေ့ သရုပ်ပြသခြင်းတို့ကို ကျင်းပပြုလုပ်၍ ညနေ(၆)နာရီတွင် ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အခမ်းအနားအား ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


 Tachileik Online News ( www.tachileik.net  ) 

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>