
ဖွင့်ပွဲတွင် “ကျွန်တော်တို့ တာချီလိတ်မြို့နယ်ဟာ နယ်စပ်မြို့ဖြစ်တဲ့အတွက် တစ်ဖက်နိုင်ငံ နှင့် နှိုင်းယှဉ်ရင် နောက်ကျ မကျန်ခဲ့ရအောင် မြို့ပြသန့်ရှင်းသာယာလှပရေး အတွက် မိဘပြည်သူများပါ ပူးပေါင်းပါဝင် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊ ဒါကြောင့်မို့လို့ ဆောင်ရွက်ခဲ့ပြီးတဲ့ လမ်းများ ၊ တံတားများကို ရေရှည်တည်တံ့ ခိုင်မြဲစေရန် အတွက် မိဘပြည်သူများမှလည်း ကူညီ စောင့်ရှောက်ပေးဖို့ ပန်ကြားလိုပါတယ်..” ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး၊ အမှုဆောင်အရာရှိ ဦးကျော်ဇင်မှ အမှာစကားအဖြစ် ပြောကြားသည်။
ဆက်လက်၍“ယခင်က ကျွန်တော်တို့ ဒီလမ်းဟာဆိုရင် လမ်းပေါက်များ ၊ ချိုင့်ခွက်များဖြစ်နေပြီး အခဲအခက်များ ကြုံခဲ့ရပါတယ် ၊ ယခုလို ကတ္တရာခင်းပြီး လမ်းကောင်းမွန်သွားတော့ ကျွန်တော်တို့ ၀ိန်းကျောက်ရပ်ကွက် အပြင် ရန်အောင်မြေရပ်ကွက် ၊ ပါဆတ်ရပ်ကွက်တို့မှာ နေထိုင်တဲ့ ပြည်သူလူထု (၆၄၄၀) ဦးကို အကျိုးပြုစေတဲ့ အတွက် ရပ်ကွက်နေ ပြည်သူလူထုများမှ ၀မ်းမြောက်ဝမ်းသာဖြစ်ရပါတယ် ”ဟု ရပ်ကွက်သားများ ကိုယ်စား ၀ိန်းကျောက်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုင်းထွန်းလှိုင်က ကျေးဇူးတင်စကား ပြောသည်။
အဆိုပါ လမ်းသစ်အား ဖွင့်ပွဲအဖြစ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီဆင်လ်မိုး၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း နှင့် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
“လာမည့် ဘဏ္ဍာရေးနှစ်များမှာလည်း မြို့နယ်စည်ပင်သာယာရေးကော်မတီအနေနှင့် မြို့သန့်ရှင်း သာယာလှပရေး လုပ်ငန်းများကို လည်းကောင်း ၊ လမ်းတံတားများကို လည်ကောင်း အားသွန်ခွန်စိုက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်..”အမှုဆောင်အရာရှိ ဦးကျော်ဇင်မှ ပြောသည်။
လမ်းဖွင့်ပွဲတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်နှင့် တာဝန်ခံ အင်ဂျင်နီယာ ဦးလှမျိုးတို့မှ လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် အလံငယ်များအား ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီဆင်လ်မိုး နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း အပါအ၀င် သက်ဆိုင်ရာ တာဝန်ရှိသူများကို ပေးအပ်သည်။
သတင်း။ ။ ဇောင်းညီ
ပုံများကိုကြည့်ရန်