Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဘန်ကောက်မြို့တွင် လစာကောင်းမည်ဟု စည်းရုံးခံရသူထဲမှ အမျိုးသမီးတစ်ဦးကိုသာ ခေါ်ဆောင်သွားခဲ့ပြီး အမျိုးသား (၂)ဦးကိုတော့ စွန့်ပစ်ခဲ့

$
0
0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လစာကောင်းကောင်းရမည်ဟု စည်းရုံးခေါ်ဆောင်ခဲ့ပြီး အတူလာသူ သုံးဦးအနက် မိန်းခလေးတစ်ဦးကိုသာ လာရောက်ခေါ်ဆောင်သွားကာ မြန်မာ - ထိုင်းနယ်စပ် မယ်ဆိုင်မြို့တွင် ပစ်ထားခံရသည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့နယ် ကာလိမြို့နေ မောင်စိုင်းဆွမ်း (၁၆နှစ်) နှင့် မောင်အေးပန် (၁၅)နှစ်တို့ နှစ်ဦးမှာ မယ်ဆိုင်မြို့တွင် တ၀ဲလည်လည်ဖြင့် အတိဒုက္ခရောက်ခဲ့ရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ယနေ့ ဒီဇင်ဘာလ (၂၂)ရက် နံနက်ပိုင်းက ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ သို့ တာဝန်သိ မြန်မာနိုင်ငံသားမှ သတင်းပေးပို့ချက်အရ  တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၏ လမ်းညွှန်ချက်နှင့်အညီ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ( CNCMC ) မှ ကော်မတီဝင်များဖြစ်ကြသည့် ဦးအောင်ဖြိုးရှိန် ၊ ဦးစည်သူမောင် နှင့် ဦးသန်းထွန်းတို့သည် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)မှ ရဲအုပ် လှဘုန်း ၊ ရဲအုပ် ၀ဿန်ကျော် တို့နှင့်အတူ သွားရောက်ရှာဖွေရာ ထိုင်းနိုင်ငံ TMB ဘဏ်အနီးတွင် တွေ့ရှိရပြီး မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ပြန်လည်ခေါ်ဆောင်လာခဲ့ကြသည်။

ထို့နောက် ၎င်းတို့နှစ်ဦးအား တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများက တွေ့ဆုံအားပေးစကားပြောကြားပြီးနောက် မိဘရပ်ထံပြန်လည်ပို့ဆောင်နိုင်ရေးအတွက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့ထံ လွှဲပြောင်း အပ်နှံပေးခဲ့ရာ လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ် (၁)မှူး ဒုရဲမှူးရင်ရင်အေး နှင့် တာဝန်ရှိသူများမှ လိုအပ်သည့်များအား စစ်ဆေးဆောင်ရွက်ကာ လူကုန်ကူးခံရသူများ ကြုံတွေ့ရနိုင်သည့် အန္တရာယ်များ ၊ ခေါင်းပုံဖြတ်ခံရမှုများအား ပညာပေး ဆုံးမစကား ပြောကြားကာ မွန်းလွဲပိုင်းတွင် မော်တော်ယာဉ်ခရီးဖြင့် ကာလိမြို့သို့ ပြန်လည် ပို့ဆောင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက် ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်း  ။  ။ မောင်ယဉ်ကျေး

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>