Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မိဘမျှော်နေတဲ့ မယ်ဆိုင်မြို့ ဆေးရုံက ကလေးငယ်

$
0
0

ထိုင်းနိုင်ငံ၊ ချင်းရိုင်းမြို့တွင် မြန်မာနိုင်ငံသား လသားအရွယ်ကလေးငယ်တစ်ဦး မိဘများပျောက်ဆုံး နေကြောင်း တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်းသို့အကြောင်းကြားပြီး မိဘများအား ရှာဖွေပေးရန် အကူအညီတောင်းခဲ့ကြောင်း သိရှိရသည်။


“တာချီလိတ်ခရိုင်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်းမှာ မယ်ဆိုင်ဆေးရုံက တာဝန်ရှိသူတွေပြောတဲ့ လွိုင်စံပီ ဆိုတဲ့ရွာမရှိဘူး ကလေး မိဘတွေရဲ့ လိပ်စာအတိအကျမသိရဘူး ကျွန်တော်တို့ မိုင်းကိုးကျေးရွာ အုပ်စုအတွင်း ဖြစ်နိုင်ခြေရှိတဲ့ရွာတွေနဲ့  အုပ်စုအတွင်းရှိ ရွာတွေမှာ (၉.၁၁.၂၀၁၄)ရက်နေ့မှာ မွေးထားတဲ့ ကလေးရှိ မရှိ လိုက်လံစုံစမ်းရမှာပေါ့”ဟု မဇ္ဈိမလူမှုကူညီရေးအသင်းမှ ကိုနေမျိုးပြောသည်။

လွန်ခဲ့သည့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၊ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်းရှိ မိုင်းကိုးကျေးရွာအုပ်စုအတွင်း နေထိုင်သော မြန်မာနိုင်ငံသား တိုင်းရင်း မိဘများမှ မွေးဖွားပြီး လသားအရွယ် ကလေးငယ်တစ်ဦးသည် ကျန်းမာရေးမကောင်းမွန်သဖြင့် တာချီလိတ်မြို့ပြည်သူ့ဆေးရုံမှ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာ သက်သာပျောက်ကင်းခြင်း မရှိသဖြင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်းမြို့သို့ ဆက်လက်ပို့ဆောင်ကုသခဲ့ရာ ဆေးရုံမှ ကလေး၏ မိဘများက ကလေးငယ်အား ဆေးရုံတွင်ထားခဲ့စေပြီး သက်သာပျောက်ကင်းမှ လာရောက်ခေါ်ဆောင်ရန်ပြောကြားခဲ့သည်။

“ကလေးကို (၁)လပြည့်ရင် လာခေါ်လို့ပြောလိုက်ပြီး ပြန်ဆက်သွယ်လို့ရမယ့် လိပ်စာ၊ ဖုန်းနံပါတ်များနှင့် အမည်များတောင်းထားခဲ့ပါတယ်၊ ဒါပေမယ့် လိပ်စာလဲမှားပြီး ဖုန်းနံပါတ်က ကလေးမိဘတွေရဲ့ ဆွေမျိုးဖုန်းနံပါတ် ဖြစ်နေတယ် ဆွေမျိုးတွေကလဲ ကလေးမိဘ လိပ်စာအတိအကျမသိဘူးတဲ့ ဒါကြောင့် ကလေးမိဘတွေပြန်တွေ့အောင် တာချီလိတ်ကို အကူအညီတောင်းပြီး ဆက်သွယ်နိုင်အောင် ကြိုးစားထားပါတယ်၊ ကလေးမိဘတွေအမည်က ဦးကောလဲ့နှင့်ဇနီးဒေါ်နာဘိုးဆိုတာဘဲ..”ဟု ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံမှ အကူသူနာပြု မြန်မာနိုင်ငံသူ မစုစုမင်းစံမှ ပြောသည်။

ကလေးငယ်မှာ ရောဂါသက်သာပျောက်ကင်းပြီဖြစ်သဖြင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်းဆေးရုံမှ မယ်ဆိုင် ဆေးရုံသို့ ပြောင်းလဲ ပို့ဆောင်ထားကြောင်းသိရသည်။ (၂၀၁၂)ခုနှစ်တွင်လည်း ယင်းကဲ့သို့ မိဘများ ပျောက်ဆုံးနေသော ကလေးငယ် တစ်ဦးအား မဇ္ဈိမလူမှုကူညီရေးအသင်းမှ မိဘများအား မိုင်းဆတ်မြို့နယ် အတွင်း ရှာဖွေပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

သတင်း ။  ။ မင်းသုတ
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချက်ချင်းဆိုသလို သိသိသာသာ ဈေးရောင်းကောင်းစေသော ယတြာနည်း


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>