Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ရွာပေါင်း (၁၂)ရွာအတွက် အားထားရမည့် ကွန်ကရစ်တံတား ကျပ်သိန်းပေါင်း (၄၄၈)သိန်းကျော် အကုန်အကျခံကာ တည်ဆောက်

$
0
0
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အထောက်အကူပြု အဖွဲ့များသို့ ကျပ်သိန်းပေါင်း (၄၀၀)စီ ချပေးထားလျက်ရှိရာ တာချီလိတ်မြို့နယ် အတွင်း လိုအပ်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ရရှိထားသည်ဖြစ်ရာ  အမှန်တကယ်လိုအပ်သည့် နေရာများအား အသုံးပြုရန် ကော်မတီ(၃)ရပ်ဖြင့် အစည်းအဝေးများ ပြုလုပ်ခဲ့ပြီးနောက် တာလေမြို့ နှင့် တာချီလိတ်မြို့နယ်တွင်းရှိ လိုအပ်သည့် နေရာများမှာ အသုံးပြုထားကြောင်း သိရသည်။


မြို့နယ်အထောက်အကူပြုကော်မတီမှ ရရှိထားသော ကျပ်သိန်းပေါင်း (၄၀၀)ထဲမှ တာလေမြို့၊ နန့်ပါချောင်းမှ သွယ်ယူထားသော ကျေးရွာထိန်း နားယောင်းဆည်မှ ပေအနေဖြင့် (၅၇၀၀ x ၆x၈) ပေရှိသည့် ရေပေးမြေသားတူးမြောင်း ပြုပြင်ခြင်းလုပ်ငန်းများကို ကျပ်သိန်းပေါင်း (၁၇၀) အကုန်အကျခံကာ ဆောင်ရွက်ခဲ့ရာ လက်ကျန်ငွေအနေဖြင့် ကျပ်သိန်းပေါင်း (၂၃၀)ကျန်ရှိကြောင်း သိရသည်။


ထိုသို့ ကျန်ရှိသည့် ကျပ်သိန်းပေါင်း (၂၃၀)ကို မိုင်းကိုးကျေးရွာအုပ်စုရှိ ရွာပေါင်း (၁၂)ရွာအတွက် မရှိမဖြစ် လိုအပ်နေလျှက်ရှိသော ချောင်းဆုံတံတားဖြစ်သည့် ဟွေဆာတံတား ပြုပြင်ရေးတွင် အသုံးပြုနိုင်ရန်အတွက် ယနေ့ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ(၆)ရက် နေ့လယ်ပိုင်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး နှင့်  တာချီလိတ်မြို့နယ် အထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးကြည်မြင့် တို့ပါဝင်သည့် အဖွဲ့မှ ကွင်းဆင်းလေ့လာကြည့်ရှုခဲ့ကြသည်။


ထိုသို့ ကွင်းဆင်းကြည့်ရှုချက်အရ အဆိုပါနေရာတွင် ယခင်တံတားသည် သစ်သားတံတား ဖြစ်နေသည့် အပြင် ပျက်စီးယိုယွင်းနေသည့် အတွက် မော်တော်ကားများ ဖြတ်သန်းသွားလာမှုလုံးဝ မရတော့သည့် အတွက် ယခင် သစ်သား တံတားအစား ကွန်ကရစ်တံတား ပြုလုပ်မည်ဆိုပါက ကျေးရွာပေါင်း (၁၂)ရွာမှ ရာသီမရွေးသွားလာမှု လွယ်ကူစေပြီး ဒေသတွင်း လမ်းပန်းဆက်သွယ်မှု အဆင်ပြေရုံသာမက ကျေးရွာ ထွက်ကုန်များကို မြို့တွင်းသို့ အချိန်တိုတိုအတွင်း မော်ကားများ၊ မော်တော်ဆိုင်ကယ်များဖြင့် သွားလာနိုင်မှာဖြစ်သည်ကို တွေ့ရှိရသည့်အတွက် အဆိုပါ အဖွဲ့မှ တံတား၏ ကုန်ကျမည့် ငွေပမာဏအား တွက်ချက်ခဲ့ကြသည်။



ကျေးရွာပေါင်း (၁၂)ရွာအတွက် အသုံးဝင်မည့် တံတား၏ ကုန်ကျမှုမှာ ကျပ်(၄၄၈၆၈၀၀)ရှိသည် ဖြစ်သော်လည်း ပြည်နယ်အစိုးရမှ ဒေသဖွံ့ဖြိုးရေးအတွက် ချပေးထားသည့် သိန်း(၄၀၀)အနက် ကျန်ရှိသည်မှာ သိန်း(၂၃၀)သာ ဖြစ်သည့်အတွက် အဆိုပါ တံတားပြုပြင်ရေးတွင် အသုံးပြုရန်အတွက် လိုအပ်သည့် ကျပ်(၂၁၈၆၈၀၀၀)ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုးမှ လည်းကောင်း၊ တာချီလိတ်မြို့နယ် အထောက်အကူပြုကော်မတီမှ လည်းကောင်း၊ သတ္တုလုပ်ငန်းရှင် MD ဦးတင်နွယ်မှ လည်းကောင်း စုပေါင်း၍ ကုန်ကျခံကြမှာဖြစ်ပြီး ကျေးရွာလူထု၏ လုပ်အားများဖြင့် ပေါင်းစပ်၍ ရေရှည်အသုံးပြုနိုင်မည့် အဆိုပါ ကွန်ကရစ်လမ်းတံတားကို လာမည့် ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၃၀)ရက်နေ့အပြီး ပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။




ကျပ်သိန်းပေါင်း (၄၄၈)သိန်းကျော် အကုန်အကျခံကာ ဆောက်လုပ်မည့် ကွန်ကရစ်တံတားအား အဓိက အားထား သွားလာကြမည်ဖြစ်သော ကျေးရွာများမှာ နမ့်တွန်၊ ကူလောင်း၊ မိုင်းဝန်း၊ အောကာပါ၊ နားမိုး၊ မောရှက်(လားဟူ)၊ မောရှက်(အာခါ)၊ ပန်ဆန်း၊ မိုင်းကောင်၊ လွယ်စီမင်း၊ ကျာကူနီ လော်ခါး၊ စုစုပေါင်း ကျေးရွာပေါင်း (၁၂)ရွာဖြစ်ပြီး ဒေသခံတိုင်းရင်းသားများအတွက် များစွာ အထောက်အကူဖြစ်စေမည့် ကွန်ကရစ်တံတားဖြစ်စေမှာ ဖြစ်ကြောင်း သိရှိရသည်။

သတင်း ။   ။ ကိုဇောင်း
ဓါတ်ပုံ။   ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
ရွာပေါင်း (၁၂)ရွာအတွက် အားထားရမည့် ကွန်ကရစ်တံတား ကျပ်သိန်း.....
33 photos

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~ ကြော်ငြာ ~~~~~~~~~





Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>