Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာလေ ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းကြောင့် ပျက်စီးဆုံးရှုံးမှုအတွက် လယ်သမားများအား လျော်ကြေးပေး

$
0
0
ရွှေသတ္ထုတူးဖော်ရေး လုပ်ငန်းများကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော လယ်ယာမြေသီးနှံ များအတွက် လျော်ကြေး ပေးအပ်ပွဲအား ယနေ့ ဒီဇင်ဘာလ (၆)ရက် နံနက်ပိုင်းက တာချီလိတ်မြိုနယ်၊ တာလေမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ရှေးဦးစွာ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဝင်း မှ လယ်ယာမြေနှင့်သီးနှံများ ပျက်စီးဆုံးရှုံးမှုအတွက် တောင်သူလယ်သမားကြီးများ နစ်နာဆုံးရှုံးမှုလျော့နည်းစေရေးနှင့် ထိုက်တန်သော လျော်ကြေးငွေများ ပေးအပ်နိုင်ရေး စီမံဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားကာ  ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္ထုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးတင်နွယ်မှ လျော်ကြေးပေးအပ်မည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။


ဆက်လက်ပြီး တက်ရောက်လာကြသည့် လယ်သမားကြီးများမှ နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် တိမ်ကောသွားသည့် ချောင်းများ ပြန်လည် တူးဖော်ပေးရေးနှင့် လယ်ယာမြေပြုပြင်မှုလုပ်ငန်းများအား ဆွေးနွေးတင်ပြရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးထွန်းထွန်းဝင်း ၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) သတ္ထုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး နှင့် တာဝန်ရှိသူများမှ သတ္ထုတူးဖော်ရေး ကုမ္ပဏီ (၃)ခုမှ တာဝန်ခံများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။



ထို့နောက် သတ္ထုတူးဖော်မှု လုပ်ငန်းများကြောင့် လယ်ယာမြေသီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရသည့် တောင်သူ (၅၆)ဦး၏ လယ်မြေဧက ၁၆၈. ၅၄ ဧကအတွက် တစ်ဧကလျှင် ကျပ်ခြောက်သိန်းခြောက်သောင်းနှုန်းဖြင့် လျော်ကြေးငွေများအား လယ်သမားကိုယ်စားလှယ်များထံ သတ္ထုတူးဖော်ရေးကုမ္ပဏီ (၃)ခု၏ တာဝန်ခံများက စုပေါင်းပေးအပ်ကြပြီး လယ်သမား ကိုယ်စားလှယ်များမှ တောင်သူတစ်ဦးချင်းထံ နစ်နာသည့် ဧကအလိုက် လျော်ကြေးငွေများအား ပေးအပ်ကြသည်။


ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေဒေသအတွင်း ၂၀၁၂ ခုနှစ်မှ စတင်ကာ စိုင်းတစ် ကုမ္ပဏီ၊ လွယ်ခမ်းလုံ ကုမ္ပဏီ နှင့် စိုင်း စိုက်ပျိုးရေးနှင့် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများမှ ရွှေသတ္ထုတူးဖော်ရေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ရာတွင် စွန့်ပစ်မြေဇာနှင့် အနည်အနှစ်များ ၊ ဓာတုဆေးဝါးများကြောင့် မိုင်းလင်း(အရှေ့)ကျေးရွာအုပ်စုအတွင်းရှိ နားဟိုင်းလုံကျေးရွာ အနီးပါတ်ဝန်းကျင်မှ ချောင်းများ တိမ်ကောခြင်း ၊ လယ်မြေများအတွင်း နုန်းပို့ချမှုကြောင့် ကျက်တီးမြေများဖြစ်ကာ လယ်ယာစိုက်ပျိုး၍ မရဖြစ်လာကြသည်။


ယင်းအပြင် ဓာတုဆေးဝါးများ အသုံးပြုမှုကြောင့် သဘာဝရေအရင်းအမြစ်များပျက်စီးကာ သီးနှံများ စိုက်ပျိုးမရ ဖြစ်လာခြင်းများကြောင့် တောင်သူများမှ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရာ ရွှေသတ္ထုတူးဖော်သည့် ကုမ္ပဏီများနှင့်ဒေသခံတောင်သူများအကြား မပြေလည်မှုများဖြစ်ပေါ်လာခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ တို့မှ ဒေသခံ တောင်သူများနှင့် သတ္ထုတူးဖော်ရေး ကုမ္ပဏီများအကြား အကြိမ်ကြိမ် စေ့စပ်ညှိနှိုင်း ဆောင်ရွက် ပေးမှုကြောင့် ယခုလို တောင်သူ လယ်သမားများ၏ နစ်နာဆုံးရှုံးမှုအတွက် ကုမ္ပဏီ (၃)ခုမှ သီးနှံ လျော်ကြေးများ ပြန်လည်ပေးလျော်ခဲ့ကာ ယခုနှစ် နွေစပါးစိုက်ရာသီအမှီ တောင်သူများမှလည်း နွေစပါးနှင့် သီးနှံများအား ပြန်လည် စိုက်ပျိုးနိုင်တော့မည် ဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ/သတင်း ။ ။ မောင်ယဉ်ကျေး
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဒေါ်နယ်ထရန့် အိမ်တော် (သို့မဟုတ်) အိမ်ဖြူတော်ရဲ့ ထူးခြားချက်များ


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


တာချီလိတ်မြို့နယ် ပညာရေးဖောင်ဒေးရှင်းမှ အသင်းသားစုံညီ နှင့်...


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>