Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မှုခင်းလျော့ပါးရေးအတွက် ရန်အောင်မြေရပ်ကွက်အတွင်း အသိပညာပေး

$
0
0
တာချီလိတ်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာများ အလိုက် လုံခြုံရေးနှင့် ဒုစရိုက်၊ မှုခင်း လျော့ပါးရေးတို့အတွက် တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် အဖွဲ့မှ မှုခင်းပိုင်းဆိုင်ရာ အသိပညာပေး ဟောပြောမှုကို ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၂၉)ရက် နံနက် (၉)နာရီမှ (၁၀)နာရီ အချိန်ထိ ရန်အောင်မြေရပ်ကွက်၊ ရန်အောင်မြေ(၂)ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။


အဆိုပါ အသိပညာပေးဟောပြောမှုတွင် တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းဦးက ရပ်ကွက်နေ ပြည်သူလူထုနှင့် တွေ့ဆုံ၍ ဆွေးနွေးဟောပြောရာတွင် တာချီလိတ်မြို့ပေါ်တွင် ဖြစ်ပွားခဲ့သော မှုခင်းပိုင်းဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ရန်အောင်မြေရပ်ကွက်မှ ပြည်သူများ အနေဖြင့် မသင်္ကာစရာ ကိစ္စရပ်များ နှင့် မှုခင်းများဖြစ်ပေါ်လာပါက ရန်အောင်မြေရပ်ကွက်နှင့် အနီးစပ်ဆုံးဖြစ်သည့် ဟောင်လိတ်နယ်မြေ ရဲစခန်းသစ်သို့လည်း သွားရောက် အသိပေး တိုင်ကြားနိုင်ကြောင်း စသည်တို့ဖြင့် ဒုစရိုက် နှင့် မှုခင်းလျော့ပါးရေး အသိပညာပေးအဖြစ် ရှင်းလင်းဟောပြောသည်။


ဆက်လက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအားဆော်က ရပ်ကွက်အတွင်း မှုခင်းကိစ္စရပ်များတွင် ပြည်သူများ ပါဝင်နိုင်ရေး အပြင် ရဲတပ်ဖွဲ့မှ လှည့်ကင်းကိစ္စရပ်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ရပ်ကွက်အတွင်း ဒုစရိုက်လျော့ပါးရေး အတွက် လှည့်ကင်းအဖြစ် နေ့စဉ် လှည့်ပတ်ပေးနိုင်ရေးကို တင်ပြဆွေးနွေးသည်။


ဆက်လက်၍ ရပ်ကွက်အတွင်းရှိ ပြည်သူတစ်ဦးကလည်း ရပ်ကွက်အတွင်း၌ အချို့သော ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များမှာ မီးမပါဘဲ သို့မဟုတ် မီးမဖွင့်ဘဲ မောင်းနှင်နေသည့်အတွက် ကလေးသူငယ်များနှင့် ရပ်ကွက်နေ ပြည်သူများအတွက် ယာဉ်အန္တရာယ်ရှိသည်ဖြစ်ရာ မီးမပါဘဲ မောင်းနှင်နေသည့် ဆိုင်ကယ်များနှင့် သုံးဘီးဆိုင်ကယ်များအား သတိပေးနိုင်ရန်ကို ဆွေးနွေးတင်ပြသွားသည်။


တာချီလိတ်မြို့နယ်သည် နယ်စပ်မြို့ဖြစ်သည့်အပြင် လူတန်းစားမျိုးစုံ ကျင်လည်နေသော ဒေသဖြစ်သည့် အတွက် ဒုစရိုက်မှုများ ကင်းစင်နိုင်ရေးကို ရဲတပ်ဖွဲ့မှ ရပ်ကွက်ဒေသများ အလိုက် အသိပညာပေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ ။  ။ ဇောင်းညီ
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>