Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တရားမ၀င် စားသုံးရန် မသင့်သည့်ပစ္စည်းများ ကျိုင်းတုံ Mobile Team မှ မီးရှို့ဖျက်ဆီး

$
0
0
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ Mobile Team အဖွဲ့မှ ဖမ်းဆီးရမိသည့် တရားမ၀င် စားသုံးရန်မသင့် စားသောက်ကုန် ပစ္စည်းများအား နိုဝင်ဘာလ (၂၆)ရက်နေ့ ညနေ(၄)နာရီအချိန်က ကျိုင်းတုံခရိုင် အုပ်ချုပ်ရေးမှူး ဦးနေဦး၊ ကျိုင်းတုံမြို့ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုးနှင့် Mobile Team အဖွဲ့ဝင်များက ဦးဆောင်ကာ မီးရှို့ဖျက်ဆီးခဲ့ကြသည်။




အဆိုပါ တရားမ၀င်ကုန်ပစ္စည်းများကို အောက်တိုဘာလ (၂၁) ရက်နေ့တွင် ကာစွယ်ရွာအနီး လမ်းဘေးမှ တရုတ်နိုင်ငံထုတ် FDA ထောက်ခံချက်မရှိသည့် ခေါက်ဆွဲခြောက်(၁)မျိုး၊ အောက်တိုဘာလ (၂၅)ရက်နေ့တွင် နောင်ကန်ရွာအနီး လမ်းဘေးမှ စားသောက်ကုန်ပစ္စည်း (၂)မျိုး နှင့် နိုဝင်ဘာလ (၄)ရက်နေ့တွင် စားသောက်ကုန်ပစ္စည်း (၁၇)မျိုးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။

သတင်း ။  ။ မောင်ဆွေငြိမ်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>