ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ခရိုင်အတွင်းရှိ ၀န်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေး သင်တန်း အမှတ်စဉ်(၁/၂၀၁၄)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နိုဝင်ဘာလ (၂၈)ရက်၊ နံနက်(၉)နာရီ အချိန်က အဆိုပါ ခရိုင်ရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ကျင်းပသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခရိုင်ဦးစီးအရာရှိ ဦးလှဌေးက သင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်းပြီး အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါ သင်တန်းသို့ ခရိုင်အတွင်းရှိ မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေ၊ ကျိုင်းလပ်၊ မိုင်းယု မြို့နယ် များမှ ဦးစီးမှူးများနှင့် ၀န်ထမ်းများ တက်ရောက်ကြပြီး နိုင်ငံတော်ပြုပြင်ပြောင်းလဲမှု တတိယအဆင့် အရှိန်မြှင့်တင်ရေး လုပ်ငန်းစဉ်များ၊ FTP သတင်းပေးပို့မှုစနစ် ၊ စာပေရေချမ်းစင် အောင်မြင်ရေး နည်းလမ်း၊ Wifi ထုတ်လွှင့်ခြင်း၏ အကျိုးသက်ရောက်မှု၊ Public Digital Library Service လုပ်ငန်းအသုံးပြုနည်းများကို သင်ကြားပို့ချသည်။
ယင်းအပြင် နံရံကပ်စာပေ ရေချမ်းစင်၏ ထိရောက်မှု၊ အများပြည်သူ ၀န်ဆောင်မှု မီဒီယာနည်းလမ်းများ၊ ၀န်ထမ်းကျင့်ဝတ်၊ ရုံးစာရေးသားနည်းနှင့် ရုံးလုပ်ငန်းများ၊ စံ(၅)ချက်နှင့်အညီ စာကြည့်တိုက် အောင်မြင်ရှင်သန်ခိုင်မာရေး၊ သတင်းရေးသားနည်း၊ လူထုဟောပြောနည်း၊ ဦးစီးဌာန တည်မြဲအမိန့်၊ ငွေစာရင်း ဆိုင်ရာများ၊ ပြည်သူ့စာကြည့်တိုက်များ ရှင်သန်အောင်မြင်ရေး ၊ ဓါတ်ပုံ နံရံကပ်စာစောင်များ ပြင်ဆင်ပြသခြင်းနှင့် လက်ကမ်းစာစောင် ရေးသားထုတ်ဝေခြင်းစသည့် ဘာသာရပ်များကို သင်ကြားပို့ချ ပေးမည်ဖြစ်ပြီး သင်တန်း ကာလမှာ ယနေ့ နိုဝင်ဘာလ (၂၈)ရက် မှ (၃၀) ရက်နေ့ အထိ ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။
သတင်း ။ ။ ဝေယံလင်း
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ခရိုင်ဦးစီးအရာရှိ ဦးလှဌေးက သင်တန်း ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်းပြီး အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါ သင်တန်းသို့ ခရိုင်အတွင်းရှိ မိုင်းဖြတ်၊ မိုင်းယောင်း၊ တာလေ၊ ကျိုင်းလပ်၊ မိုင်းယု မြို့နယ် များမှ ဦးစီးမှူးများနှင့် ၀န်ထမ်းများ တက်ရောက်ကြပြီး နိုင်ငံတော်ပြုပြင်ပြောင်းလဲမှု တတိယအဆင့် အရှိန်မြှင့်တင်ရေး လုပ်ငန်းစဉ်များ၊ FTP သတင်းပေးပို့မှုစနစ် ၊ စာပေရေချမ်းစင် အောင်မြင်ရေး နည်းလမ်း၊ Wifi ထုတ်လွှင့်ခြင်း၏ အကျိုးသက်ရောက်မှု၊ Public Digital Library Service လုပ်ငန်းအသုံးပြုနည်းများကို သင်ကြားပို့ချသည်။
သတင်း ။ ။ ဝေယံလင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net