Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဘ/က ကျောင်းရှိ ကလေးသူငယ် အယောက် ၄၀ ကျော်အား အလှပြင်ဆိုင်မှ လာရောက်ကာ အခမဲ့ ဆံပင်ညှပ်ပေး

$
0
0
နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့နယ် အတွင်း၌ မိဘမဲ့ တိုင်းရင်းသား ကလေးငယ်လေးများနှင့် မရှိနွမ်းပါး ကလေးသူငယ်များအား စောင့်ရှောက်၍ ပညာသင်ကြားပေးနေလျှက်ရှိသော ဘ/က ဘုန်းကြီးကျောင်းများ အနက် အောင်မင်္ဂလာပရဟိတ ကျောင်းတိုက်တွင် ရှိသော ကလေးသူငယ်များအား တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဆင်ဖြူမင်း ဟိုတယ်အနီးတွင် ဖွင့်လှစ်ထားရှိသည့် အလှပြင်ဆိုင်မှ ကိုစိုင်းခမ်းခေါင်၊ မနန်းနောင့်နောင့် မောင်နှမနှင့်အဖွဲ့က ယနေ့ နိုဝင်ဘာလ (၂၇)ရက်နေ့ နေ့လယ်ပိုင်းမှာ အဆိုပါ ကျောင်းသို့ သွားရောက်ပြီး ကလေးသူငယ်များအား အခမဲ့ ဆံပင်ညှပ်ပေးကာ ဒါနပြုခဲ့ကြောင်း သိရသည်။



အောင်မင်္ဂလာပရဟိတ ကျောင်းတိုက်တွင် မိဘမဲ့ တိုင်းရင်းသား ကလေးငယ်လေးများနှင့် မရှိနွမ်းပါး ကလေးသူငယ်များ စုစုပေါင်း (၈၀)၀န်းကျင်ရှိရာ ၎င်းတို့အဖွဲ့က  ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် စုစုပေါင်း (၄၀)ခန့်ကို အခမဲ့ ကုသိုလ်ဖြစ် ဆံပင်များညှပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။


ယခုလို ကုသိုလ်ယူကာ ကလေးသူငယ်များအား ဆံပင်ညှပ်ပေးတာနှင့် ပတ်သက်၍ "စိတ်ကူးကတော့ ရှိနေတာကြာပြီ၊ ဘယ်လိုချိတ်ဆက်ပြီး ညှပ်ပေးရမလဲ မသိဖြစ်နေတာ၊ မနေ့ကမှ အဲ့ဒီကျောင်းကိုသွားပြီး ဆရာတော်တို့ကို လျှောက်တင်တဲ့အခါမှာ လာညှပ်ပေးဖို့ မိန့်တာနဲ့ဘဲ သွားညှပ်ပေးဖြစ်တာပါ။ အခုလို ညှပ်ပေးတာဆိုရင် ဒုတိယအကြိမ်ရှိပါပြီ၊ ပထမအကြိမ်တုန်းကတော့ နောင်ခမ်း အောင်ဆုပန်ကျောင်းတိုက်က ကလေးတွေကို ညှပ်ပေးခဲ့တာပါ"ဟု မနန်းနောင့်နောင့်က တာချီလိတ်အွန်လိုင်းသို့  ပြောပြသည်။


ဆက်လက်၍ ၎င်းက "ရှေ့ဆက်ပြီးတော့လည်း ဒီထက်မက အမြဲတမ်း ဒါနပြုနိုင်အောင် ကြိုးစားပြီး လုပ်သွားဖို့ရှိပါတယ်..."ဟု ပြောကြားလာသည်။

တာချီလိတ်မြို့သည် နယ်စပ်ဒေသမြို့ဖြစ်သည့်အတွက် တိုင်းရင်းသား အစုံအလင်ရှိနေရာ ဆင်းရဲနွမ်းပါး တိုင်းရင်းသား ကလေးသူငယ်များနှင့် မိဘမဲ့ ကလေးသူငယ်လေးများ အပြားအများ ခိုးကိုးရာနေရာ ဖြစ်သော ဘ/က ဘုန်းတော်ကြီးကျောင်းများတွင် တာချီိလိတ်မြို့ပေါ်ရှိ စေတနာရှင် အလှူရှင်များက ၎င်းတို့ တတ်နိုင်သည့် ဘက်မှ ကုသိုလ်ယူ လှူဒါန်းလျှက်ရှိကြရာ ယခုလို ဆံပင်ညှပ်ပေးသည့် ဒါနမျိုးလည်း အချို့သော ဆံပင်ညှပ်ဆိုင်များမှ သွားရောက်၍ ညှပ်ပေးကြကြောင်းလည်း သိရှိရသည်။

သတင်း  ။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~ ကြော်ငြာ ~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>