ရှမ်းပြည်နယ် အရှေ့ပိုင်းအတွင်း တရားမ၀င် သစ်များ သယ်ဆောင် သွားလာမှုများနှင့် ပတ်သက်၍ ကြိုတင် သတင်းရရှိထားသည်နှင့်အညီ ပြည်နယ်(ကျိုင်းတုံ) သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းဌေး၏ ဦးဆောင်စီစဉ် လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ် အရှေ့ပိုင်း အတွင်း စစ်ကြောင်း ပုံစံဖြင့် တရားမ၀င်သစ်များ ဖမ်းဆီးခြင်း လုပ်ငန်းများကို ဆောင်ရွက်နေလျက်ရှိရာ တာချီလိတ်ခရိုင် တာလေမြို့ရှိ တိုးဂိတ်တွင် သစ်တောဦးစီးဌာန နှင့် Mobile Team ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ၂၀၁၄ခုနှစ် နိုဝင်ဘာလ (၂၃)ရက် နံနက်(၁း၃၀)နာရီ အချိန်ခန့်က သစ်တန်ချိန် စုစုပေါင်း ( ၂၀.၄၄၃၂ )တန်ကို သယ်ယူ ပို့ဆောင်လာသူများနှင့် အတူ ဖမ်းဆီးသိမ်းဆည်း ရရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ သစ်များကို သယ်ဆောင်လာသည့် ယာဉ်မောင်း ဦးကိုကိုလေး ပါဝင်သည့် (၅)ဦးနှင့်အတူ
သစ်များ သယ်ဆောင်ရာတွင် ပါဝင်ပတ်သက်သူ ဦးကျဟားတို့ (၆)ဦးသည် နိုဝင်ဘာလ (၂၃)ရက်နေ့သို့ အကူး နံနက် (၁း၃၀)နာရီ အချိန်ခန့်တွင် မိုင်းဆတ်ဘက်မှ သစ်များ တင်ဆောင်လာသော (၆)ဘီးကား (၅)စီးဖြင့် တာလေ တိုးဂိတ်အရောက်မှာ သစ်တောဦးစီးဌာန နှင့် Mobile Team အဖွဲ့မှ တားမြစ်ဆေးစစ်ရာ အဆိုပါ ကားအတွင်းမှ တန်ချိန်( ၄.၂၂၃၈ )တန် ရှိသည့် တရားမ၀င် ပိတောက်ခွဲသား (၆၂)ချောင်း၊ တန်ချိန် ( ၁၁.၈၈၇၀ )တန်ရှိသည့် တမလန်းခွဲသား (၂၆၉)ချောင်း၊ တန်ချိန် ( ၀.၄၀၉၀ ) တန်ရှိသည့် တမလန်း သစ်လုံး (၅)လုံး၊ တန်ချိန် ( ၃.၉၂၄၄ )တန်ရှိသည့် တမလန်းတိုင် (၁၆၁)လုံး နှင့် တန်ချိန် ( ၀.၀၀၉၀)တန်ရှိသည့် တမလန်း မျော (၂)လုံး စုစုပေါင်း တန်ချိန် (၂၀.၄၄၃၂ )တန်ရှိသည့် သစ်များကို ရှာဖွေတွေ့ရှိရာ သစ်များတင်ဆောင်၍ ကား(၅)စီးဖြင့် မောင်းနှင်လာသူ (၆)ဦးအား နိုင်ငံပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
သစ်တန်ချိန် စုစုပေါင်း ( ၂၀.၄၄၃၂ )တန်ကို ဖမ်းဆီးရမိရာတွင် တာချီလိတ်ခရိုင်၊ တာလေမြို့ တိုးဂိတ်၌ Mobile Team မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ဝင်း ပါဝင်သည့် Mobile Team အဖွဲ့ဝင်များ နှင့် သစ်တောဦးစီးဌာနမှ ပိတ်ဆို့ဖမ်းဆီးရေး အဖွဲ့ဝင်များဖြစ်သော နယ်မြေတာဝန်ခံ တောအုပ်ကြီး ဦးလှဝင်း နှင့် ဘိနယ်တာဝန်ခံ တောအုပ် ဦးခင်မောင်ဆန်း ပါဝင်သည့် သစ်တောအဖွဲ့ဝင်များ အပြင် သက်ဆိုင်ရာဌာနများ၊ ရဲတပ်ဖွဲ့ဝင်များ နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်ကြောင်းလည်း သိရသည်။
ပြည်နယ်(ကျိုင်းတုံ) သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တရားမ၀င် သစ်များ ဖမ်းဆီးရရှိရေးအတွက် ရှမ်းအရှေ့အတွင်း စစ်ကြောင်းပုံစံဖြင့် ဆောင်ရွက်လျက်ရှိရာ ကျိုင်းတုံ - မိုင်းဆတ်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်၍ မိုင်းဆတ်မြို့နယ် သစ်တောဝန်ထမ်းများ ပါဝင်သော အဖွဲ့နှင့် မိုင်းဆတ် - မိုင်းခုတ် - ဘိုရှီး - မိုင်းဖြတ် လမ်းတွင် စစ်ကြောင်းတစ်ကြောင်းနှင့် တာချီလိတ်မြို့နယ် ဦးစီးအရာရှိ ဦးဆောင်သော အဖွဲ့မှ တာချီလိတ် - မိုင်းဖြတ် လမ်းသို့ စစ်ကြောင်း တစ်ကြောင်း စုဖွဲ့ကာ တရားမ၀င်သစ်များကို တားမြစ် ဖမ်းဆီးနေလျက်ရှိကြောင်း သိရှိရသည်။
သတင်း ။ ။ ကိုဇောင်း
ပုံများကိုကြည့်ရန်
သစ်များ သယ်ဆောင်ရာတွင် ပါဝင်ပတ်သက်သူ ဦးကျဟားတို့ (၆)ဦးသည် နိုဝင်ဘာလ (၂၃)ရက်နေ့သို့ အကူး နံနက် (၁း၃၀)နာရီ အချိန်ခန့်တွင် မိုင်းဆတ်ဘက်မှ သစ်များ တင်ဆောင်လာသော (၆)ဘီးကား (၅)စီးဖြင့် တာလေ တိုးဂိတ်အရောက်မှာ သစ်တောဦးစီးဌာန နှင့် Mobile Team အဖွဲ့မှ တားမြစ်ဆေးစစ်ရာ အဆိုပါ ကားအတွင်းမှ တန်ချိန်( ၄.၂၂၃၈ )တန် ရှိသည့် တရားမ၀င် ပိတောက်ခွဲသား (၆၂)ချောင်း၊ တန်ချိန် ( ၁၁.၈၈၇၀ )တန်ရှိသည့် တမလန်းခွဲသား (၂၆၉)ချောင်း၊ တန်ချိန် ( ၀.၄၀၉၀ ) တန်ရှိသည့် တမလန်း သစ်လုံး (၅)လုံး၊ တန်ချိန် ( ၃.၉၂၄၄ )တန်ရှိသည့် တမလန်းတိုင် (၁၆၁)လုံး နှင့် တန်ချိန် ( ၀.၀၀၉၀)တန်ရှိသည့် တမလန်း မျော (၂)လုံး စုစုပေါင်း တန်ချိန် (၂၀.၄၄၃၂ )တန်ရှိသည့် သစ်များကို ရှာဖွေတွေ့ရှိရာ သစ်များတင်ဆောင်၍ ကား(၅)စီးဖြင့် မောင်းနှင်လာသူ (၆)ဦးအား နိုင်ငံပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ ပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။
ယခု ဖမ်းဆီးရမိသော သစ်များကို တာချီလိတ်မြို့နယ် ဟောင်လိတ်သစ်တော ပျိုးဥယျာဉ်တွင် သယ်ဆောင်ထားရှိပြီး သစ်များကို သယ်ဆောင်လာသည့် (၆)ဘီး ကားများအား Mobile Team အဖွဲ့မှ အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းလိုက်ကြောင်း သိရှိရသည်။
သတင်း ။ ။ ကိုဇောင်း
ပုံများကိုကြည့်ရန်
27 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net