Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်လာသည့်အခါ ကာကွယ်နိုင်ရန်အတွက် အသိပညာပေး

$
0
0
သဘာဝဘေးအန္တရာယ်ဖြစ်ပွားလာသည့်အခါ သို့မဟုတ် သဘာဝ ဘေးအန္တရာယ် မကျရောက်မီအချိန်မှာ ကြိုတင်ကာကွယ်မှုများနှင့် အရေးပေါ် ကယ်ဆယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ (၂၄)ရက် ညနေ(၃)နာရီအချိန်က တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ပြည်နယ်(ကျိုင်းတုံ) ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေး အန္တရာယ် လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အပါအ၀င် သက်ဆိုင်ရာဌာနများ စုစုပေါင်း (၈၀)ခန့် တက်ရောက်လေ့လာ မှတ်သားကြသည်။


အဆိုပါ ဟောပြောမှုတွင် အဓိကအားဖြင့် ပြည်နယ်(ကျိုင်းတုံ) လူမှုဝန်ထမ်းဦးစီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အောင် က သဘာဝ ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောရာတွင် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများ၊ ပျက်စီးဆုံးရှုံးမှုများ နှင့် သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ အကြောင်းအရာများကိုလည်း ရှင်းလင်းဟောပြောပြီးနောက် (၁၀)မိနစ်ခန့်ရှိ ငလျင်အသိပညာပေး ဗီဒီယိုအား ပြသသည်။


သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကို ပြည်ထောင်စု လွှတ်တော်က ၂၀၁၃ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့က ပြဋ္ဌာန်းလိုက်ပြီး အဆိုပါ ဥပဒေတွင် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဖွဲ့စည်းခြင်း နှင့် တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဖွဲ့စည်းခြင်း နှင့် တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသဖြစ်ကြောင်း ကြေညာခြင်း၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ၊ အထွေထွေ ကဏ္ဍများဖြင့် ဖွဲ့စည်းထားပြီး အဆိုပါ ဥပဒေအတိုင်း တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီး၊ မြို့နယ် အသီးသီးတို့တွင်လည်း ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်အတွင်း သဘာဝဘေးအန္တရာယ် အသိပညာပေးအဖြစ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အောင် နှင့် အဖွဲ့သည် တာချီလိတ်မြို့နယ်၊ တာလေမြို့တွင် နိုဝင်ဘာလ (၂၂)ရက်မှ (၂၃)ရက်နေ့အထိ သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်၍ သင်တန်းဖွင့်လှစ်ပို့ချခဲ့ရာ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၈)ဦးရှိပြီး ယနေ့ နိုဝင်ဘာလ (၂၄)ရက် နံနက်ပိုင်းတွင်လည်း တာလေမြို့၌ ယခုလို အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဒေသခံတိုင်းရင်းသား (၈၀)ဦးခန့် တက်ရောက်၍ လေ့လာကြောင်း  လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်အောင်မှ တာချီလိတ်အွန်လိုင်းသို့ ပြောကြားချက်အရ သိရသည်။

ယနေ့ တာချီလိတ်မြို့နယ်တွင် ကျင်းပပြုလုပ်သော သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ဌာဆိုင်ရာ ဌာနအကြီးအကဲများ၊ ဆရာ/မ များ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ ။  ။ ဇောင်းညီ

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~


~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>