Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

နှစ်ပေါင်း တစ်သောင်းကျော်က နွားရိုင်း(မာမီ)တစ်ကောင်အား ဆာဘီးယားဒေသ ရေခဲပြင်အောက်မှ တူးဖော်ရရှိ

$
0
0
၂၀၁၁ခုနှစ်ခန့်က Yukagir tribe လူမျိုးစုများ နေထိုင်ရာဒေသဖြစ်တဲ့ ဆာဘီးယားနိုင်ငံ မြောက်ပိုင်းမှာ အမေရိကမြောက်ပိုင်းနဲ့ ဥရောပအလယ်ပိုင်းအပြင် မြောက်ပိုင်းတွေမှာ နေထိုင် ကျက်စားလေ့ရှိတဲ့ နွားရိုင်းမျိုးစိတ်နဲ့ ဆင်တူတဲ့ နွားရိုင်းတကောင်ရဲ့ ရုပ်ကြွင်းကို ရေခဲပြင်အောက်က တူးဖေါ်ရရှိတယ်လို့ အန်ဘီစီသတင်းဌာက ရေးသားဖော်ပြထားပါတယ်။

နှစ်ပေါင်း တစ်သောင်းကျော်က နွားရိုင်း(မာမီ)တစ်ကောင် [Photo: Olga Potapova] 

တူးဖေါ်ရရှိတဲ့ နွားရိုင်းမျိုးစိတ်ဟာ ယခုလက်ရှိ နွားရိုင်းမျိုးစိတ်နဲ့ ဆင်တူမှုရှိပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၀၀၀၀) ၀န်းကျင်ခန့်က ရှင်သန်ကျက်စားခဲ့တဲ့ မျိုးစိတ်ဖြစ်ပါတယ်။

၎င်းတူးဖေါ်ရရှိတဲ့ မာမီနွားရိုင်းကိုတော့ ဆာဘီးယားမှာရှိတဲ့ သိပ္ပံသုတေသနဌာန၊ Yakutian Academyမှာ သုတေသန ဆက်လက် လုပ်ဆောင်နေပါတယ်။

ဒီမျိုးစိတ် တူညီမှုရှိနေတဲ့ မာမီနွားရိုင်းကို သုတေသနလုပ်ငန်းမှ ဇီဝဗေဒဆိုင်ရာ လျှို့ဝှက်ချက်များ တွေ့ရှိနိုင်မယ်လို့ မျှော်လင့်ကြောင်း သိရပါတယ်။

ဘာသာပြန် ။  ။ မင်းသုတ
ref; NBCNews
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~


~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles