Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ပျံကျတန်း ၂၉၀ အတွက် နေရာချထားပေးရေး ညှိနှိုင်းဆွေးနွေး

$
0
0
တာချီလိတ်မြို့မ(၀မ်ကောင်း)ဈေးအား ယခုအခါမှာ ရာနှုန်းပြည့် ဆောက်လုပ်မှုပြီးမြောက်တော့မှာ ဖြစ်သည့်အတွက် လက်ရှိဖြစ်ပေါ်နေသော ပျံကျခုံတန်း စုစုပေါင်း (၂၉၀)နေရာချထားပေးရေးကိစ္စများနှင့် ပတ်သက်၍ ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ(၇)ရက် နံနက်(၁၀း၃၀)နာရီအချိန်က တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် စည်ပင်သာယာရေးကော်မတီနှင့် ပျံကျခုံတန်း ကိုယ်စားလှယ်များနှင့်တွေ့ဆုံကာ ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။


အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံ နှင့် အတွင်းရေးမှူး ဦးကျော်ဇင်(လက်ထောက်ညွှန်ကြားရေးမှူး)အပါအ၀င် စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဈေးကော်မတီ ဥက္ကဌ ဦးမဲ နှင့် ကော်မတီဝင်များ၊ ပျံကျခုံတန်း ကိုယ်စားလှယ်များ၊ တက်ရောက်လာကြပြီး ပျံကျခုံတန်းနေရာချထားပေးနှင့် ရရှိရေးတို့အတွက် ဆွေးနွေးခဲ့ကြသည်။


ဆွေးနွေးမှုအစတွင် စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းကျော်ဇံက အဖွင့်အမှာ စကားအဖြစ် ပြောကြားရာမှာ "လက်ရှိ ဖွဲ့စည်းထားသော ဈေးကော်မတီအား ပြောင်းလဲဖွဲ့စည်းပေးသွားမှာ ဖြစ်ကြောင်း နှင့် ပျံကျခုံတန်းများ၏ ဈေးနှုန်းများကိုလည်း မင်းခေတ်သစ်ကုမ္ပဏီနှင့် ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း"စသည်ဖြင့် ပြောကြားသွားသည်။



ဆက်လက်၍ စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်(လက်ထောက်ညွှန်ကြားရေးမှူး)က ပျံကျခုံတန်းနေရာချထားပေးရေးကိစ္စနှင့် ပတ်သက်၍ အများနှင့် ဆောင်ရွက်ရသည့်အတွက် ဈေးသူဈေးသားများ အနေဖြင့် နားလည်ပေးစေလိုကြောင်း၊ ပျံကျခုံတန်းနေရာများကို သေချာစိစစ်၍ သတ်မှတ်ပေးသွားမှာဖြစ်ပြီး ဈေးနှုန်းများကိုလည်း ကုမ္ပဏီနှင့် ကြားခံ ညှိနှိုင်းပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။



ယင်းနောက် ပျံကျဈေးသူ၊ ဈေးသားများက ၎င်းတို့၏ လိုအပ်ချက်များဖြစ်သည့် ဈေးခုံတန်းနေရာ အလုံးစုံရရှိရေးအတွက် အကြိတ်အနယ် ၀င်ရောက် ဆွေးနွေးခဲ့ကြသည်။


ယနေ့ ပြုလုပ်သော ညှိနှိုင်းဆွေးနွေးမှုတွင် နှစ်ဦးနှစ်ဖက် ပြတ်သားသည့် အဖြေများ ထွက်ရှိလာခြင်း မရှိသော်လည်း စည်ပင်သာယာရေးကော်မတီက ဈေးသူ၊ ဈေးသားများအား ပျံကျခုံတန်း (၂၉၀)ခုံ၏ အမည်စာရင်းများကို မိမိတို့၏ မှတ်ပုံတင်များဖြင့် ရက်ပေါင်း (၁၄)ရက် အတွင်း လာရောက် စာရင်းပေးသွင်းရမှာဖြစ်ပြီး စာရင်းပေးသွင်းရမည့်ရက် ကျော်လွန်သွားပါက ကော်မတီအပိုင်အဖြစ် သိမ်းသွားကာ ဈေးခုံတန်းမရရှိသေးသည့် ဈေးသည်များကို ပြန်လည်ချပေးသွားမှာ ဖြစ်ကြောင်း ပြောကြားကာ တွေ့ဆုံညှိနှိုင်းမှုအား ရုတ်သိမ်းခဲ့ကြသည်။

သတင်း  ။  ။ ကိုဇောင်း
ဓါတ်ပုံ ။  ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
ပျံကျတန်း ၂၉၀ အတွက် နေရာချထားပေးရေး ညှိနှိုင်းဆွေးနွေး
23 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>