နှစ်(၅၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရွှေရတုနှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ အောက်တိုဘာလ(၁)ရက် နံနက်(၉)နာရီက ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး (ကျိုင်းတုံ)၌ ကျင်းပရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သန်းထွန်းဦးက မိန့်ခွန်းပြောကြားပြီး၊ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးကြီး ကျော်ထွန်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ထံမှပေးပို့သော သ၀ဏ်လွှာကို ဖတ်ကြားသည်။
ယင်းနောက် ဆုရ ရဲတပ်ဖွဲ့ဝင်များနှင့် နှစ်(၅၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရွှေရတုနှစ်ပတ် လည်နေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများမှ ဆုရရှိသူများအား ဆုများချီးမြှင့်သည်။
တဆက်တည်းမှာပင် မိသားစု စည်းရုံးရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်မျိုးသွယ်က ၂၀၁၃-၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသားကျောင်းသူများအား ဆုများချီးမြှင့်သည်။
ဆက်လက်ပြီး နေအိမ် လိုင်းခန်းသန့်ရှင်းရေးဆုရရှိသူများ၊အမျိုးသမီး စစ်ရေးပြဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပြီး အခမ်းအနားကို နံနက်(၁၁)နာရီတွင် ရုပ်သိမ်းကြောင်းသိရှိရသည်။
သတင်း။ ။ မောင်ဆွေငြိမ်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net