Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့နယ်အတွင်း စာသင်ကျောင်းများ ဆောက်လုပ်နေမှု သတ်မှတ်စံချိန် စံညွှန်းများနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေး

$
0
0
၂၀၁၄ / ၂၀၁၅ ပညာသင်နှစ် အတွင်း ပညာရေးဝန်ကြီးဌာနမှ ချမှတ်ပေးသော ဘတ်ဂျက်ဖြင့် တည်ဆောက်ခဲ့သည့် တာချီလိတ်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ ဖြစ်ကြသည့် အ.ထ.က (တာချီလိတ်) ၊ အ.ထ.က (ဟောင်လိတ်)နှင့် ရန်အောင်မြေ  မူလတန်းလွန်ကျောင်းများမှာ ကျောင်းဆောင်သစ်များ တည်ဆောက်ပြီးစီးမှုနှင့် သတ်မှတ်စံချိန် စံညွှန်းများနှင့် ကိုက်ညီမှု ရှိ-မရှိ အခြေအနေများအား တာချီလိတ်မြို့နယ် ပညာရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့် တာဝန်ရှိသူများ ၊ မြို့နယ် အထောက်အကူပြုအဖွဲ့ ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ နှင့် သတင်းမီဒီယာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ (၂၉)ရက်မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ကြသည်။




ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များနှင့် ကန်ထရိုက်တာတို့မှ ကျောင်းဆောင်များ ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီးနောက် မြို့နယ်ပညာရေးကော်မတီ ဥက္ကဌနှင့် တာဝန်ရှိသူများက သတ်မှတ်စံချိန်စံညွှန်းနှင့်ကွဲလွဲမှုများ ၊ အားနည်းချက်များအား အမြန်ဆုံးပြုပြင် ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ကန်ထရိုက်တာနှင့် လုပ်ငန်းအဖွဲ့အား အသိပေးပြောကြားရာ ကန်ထရိုက်တာမှလည်း ကြုံတွေ့ရသည့် အခက်အခဲများအား ရှင်းလင်းတင်ပြကာ လိုအပ်ချက်များအား အမြန်ဆုံးပြုပြင်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ၀န်ခံကတိပြုပါသည်။




ထို့နောက် မြို့နယ်ပညာရေးကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများသည် အ.ထ.က (ဟောင်လိတ်)တွင် ဆက်လက်ဆောက်လုပ်မည့် နှစ်ထပ်စာသင်ဆောင်သစ်စတင် ဆောက်လုပ်နေမှုနှင့် သုံးစွဲထားသည့် ဆောက်လုပ်ရေးပစ္စည်းများ၏ အရည်အသွေးအား အသေးစိပ် စစ်ဆေးကြည့်ရှုခဲ့ကြသည်။

သတင်း။  ။ မောင်ယဉ်ကျေး


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


TTA Oreo Gapp Installer


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>