စက်တင်ဘာလ (၂၇) ရက်နေ့က အောင်မြတ်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည့် ၀မ်ကောင်းဈေး ပျံကျတန်း အတွင်းပျံကျ(၇၇)ခုံ၊ သားငါးတန်း (၂၈)ခုံတို့ကို နေရာသတ်မှတ်ပေးထားပြီးဖြစ်ကာ ကျန်ရှိနေသော ပျံကျခုံ (၉၀)အား မဲစနစ်ဖြင့် နေရာချထားပေးခဲ့ပြီးဖြစ်ရာ စုစုပေါင်း ပျံကျခုံ (၁၉၅) ခုံအား နေရာချထားပြီးဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ကျန်ရှိနေသော ပျံကျဈေးသည်များအား နေရာချထားပေးနိုင်ရေးအတွက် အထူး အစည်းအဝေး တစ်ရပ်အား ယနေ့ စက်တင်ဘာလ(၂၈)ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပြီး ကျန်ရှိ ပျံကျဈေးသည်များအား နေရာချထားပေးရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း နှင့် ကျန်ရှိ ပျံကျဈေးသည်များအား နေရာချထားပေးနိုင်ရေးအတွက် ကော်မတီမှ စိစစ်ဆောင်ရွက်လျှက်ရှိပြီး ချထားပေးသင့်သူများအား အမြန်ဆုံး နေရာချထားပေးသွားမည်ဖြစ်ကြောင်း အထူးသတင်းတရပ်အဖြစ် သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net