Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ နှလုံးသွေးကြောပိတ် ဝေဒနာရှင်တစ်ဦးအတွက် ဆေးဝါးကုသစရိတ်နှင့် လမ်းစရိတ် အကူအညီများ အရေးပေါ်လိုအပ်နေ

$
0
0
တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ရပ်ကွက်(၁) အိမ်အမှတ် (ပလ/၄၇)နေ အသက်(၅၅)ရှိ ဒေါ်ကြည်ကြည်ညွန့်သည် နှလုံးသွေးကြောပိတ်ရောဂါကို ခံစားနေရရှာပြီးနောက် တာချီလိတ်မြို့ ပြည်သူ့ဆေးရုံ နှင့် ထိုင်းနိုင်ငံ ချင်းရိုင်းဆေးရုံတို့တွင် ဆေးဝါကုသမှု ခံယူခဲ့သော်လည်း မသက်သာသည့် အတွက်ကြောင့် ပျဉ်းမနားသို့ သွားရောက်၍ ဆေးကုသရန် ဆေးဝါးကုသစရိတ် နှင့် လမ်းစရိတ်အတွက် အမှန်တကယ် အခက်အခဲ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရ၍ တာချီလိတ်မြို့ရှိ စေတနာရှင် ပြည်သူများမှ မိမိတို့ တက်နိုင်သည့် ဘက်မှ ပါဝင်ကုသိုလ်ယူ ကူညီ ထောက်ပံ့နိုင်ရန်အတွက် တာချီလိတ်အွန်လိုင်းမှ ဖော်ပြပေးလိုက်ပါသည်။


အသက်(၅၅)ရှိ ဒေါ်ကြည်ကြည်ညွှန့်သည် နှလုံးသွေးကြောပိတ်ရောဂါနှင့် ပတ်သက်၍ သွေးကြော (၃)ကြောမှာ ပိတ်နေပြီဟုသိရပြီး စိုးရိမ်ရသည့်အပြင် ကျန်းမာရေးအခြေအနေကြောင့် လေယာဉ်စီးရန်မသင့်ကြောင်း ဆရာဝန်မှ သတိပေးထားသည့်အတွက် မော်တော်ယာဉ်ဖြင့်သာ ၁.၁၀.၂၀၁၄ ရက် တွင် တာချီလိတ်မှ ထွက်ခွာမှာဖြစ်ကြောင်း သိရသည်။


၎င်း၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရှိသည့်အတွက် လမ်းခရီးတစ်လျှောက် ခင်ပွန်းဖြစ်သူမှ လိုက်ပို့ဆောင်ပေးမှာဖြစ်သည့်အတွက် တာချီလိတ်မြို့ရှိ စေတနာရှင် ပြည်သူများအနေဖြင့် ဖော်ပြပါ နေအိမ်သို့ တိုက်ရိုက်ဖြစ်စေ အောက်ပါ ဖုန်းနံပါတ်မှတဆင့် ဖြစ်စေ ဆက်သွယ်၍  မိမိတို့ တက်နိုင်သည့် ဘက်မှ ပါဝင်ကုသိုလ်ယူ ကူညီထောက်ပံ့နိုင်မှာဖြစ်ပါသည်။


လူနာသည် ၁.၁၀.၂၀၁၄ရက်နေ့တွင် ပျဉ်းမနားသို့ သွားရောက်မှာဖြစ်သည့်အတွက် တာချီလိတ်မြို့ရှိ စေတနာရှင် ပြည်သူများမှ မိမိတို့ တက်နိုင်သည့် ဘက်မှ ပါဝင်ကုသိုလ်ယူ ကူညီထောက်ပံ့လိုသူများ အနေဖြင့် နေအိမ်သို့ဖြစ်စေ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်မှဖြစ်စေ ၃၀.၉.၂၀၁၄နေ့ထိ ကူညီနိုင်မှာဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရန်
ဦးစည်သူမောင်
မြန်မာဖုန်း။  ။ 094-28221454
ထိုင်းဖုန်း။  ။ 086-0191524
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>