Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့မဈေးရှိ ပျံကျဈေးသည်များအား မဲစနစ်ဖြင့် နေရာချထားပေးရာ ကန့်ကွက်မှုအချို့ရှိသော်လည်း ပြီးဆုံးတိုင် မဲနှိုက်

$
0
0
၂၀၁၄ခုနှစ် စက်တင်ဘာလ(၂၄)ရက်နေ့က တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ကျင်းပပြုလုပ်ခဲ့ပြီးသော မြို့မဈေး၏ ပျံကျဈေးသည်များနှင့် ပတ်သက်၍ အစည်းအဝေး၏ ဆုံးဖြတ်ချက်အား အကောင်အထည်ဖော်သည့် အနေဖြင့် ယနေ့ စက်တင်ဘာလ (၂၇)ရက် နေ့လယ်(၂)နာရီအချိန်က တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် တာချီလိတ်မြို့မဈေး (၀မ်ကောင်းဈေး)သစ်ကြီး၏ ပျံကျဈေးသည်များ အတွက် ဆိုင်နေရာ(၉၀)နေရာအား မဲစနစ်ဖြင့် ချထားပေးခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ရာ မူလနေရာသာ ပြန်ရလိုသည့် ပျံကျ(အပြင်တန်းဈေးသည်)များနှင့် အချို့ပျံကျဈေးသည်များမှ သဘောတူညီမှုမရှိကြောင်း ကန့်ကွက်ခဲ့ကြသော်လည်း စည်ပင်သာယာရေးကော်မတီမှ မဲနှိုက်မှုအခမ်းအနားအား ပြီးမြောက်အောင် ကျင်းပပြုလုပ်ခဲ့ပြီးနောက် ပျံကျဈေးသည် (၉၀)နေရာအား မဲနှိုက်ပေးခဲ့ကြသည်။


အဆိုပါ မဲနှိုက်အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးစိုင်းကျော်ဇံမှ မြို့မဈေးနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး  မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင် (လက်ထောက်ညွှန်ကြားရေးမှူး)က မဲနှိုက်နေရာချထားပေးမည်ဖြစ်သော ဆိုင်ခန်းနေရာများနှင့် ပတ်သက်၍ မြေညီထပ်ရှိ ဆိုင်နေရာများကို တစ်နေရာလျှင် ကျပ်သိန်း(၃၀) နှင့် ပထမထပ်တွင် ကျပ်(၂၅)သိန်း သတ်မှတ်ထားရှိကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ မဲနှိုက်မှုများစတင်ရာတွင် ယခင်က ပျံကျ(အပြင်တန်းဈေးသည်)များသည် မူလနေရာရရှိရေးအတွက် တောင်းဆိုလာခဲ့သည့် အဖွဲ့က ယခုလို ဆောင်ရွက်မှုကို ၎င်းတို့အနေဖြင့် သဘောတူညီမှုမရှိကြောင်း နှင့် လက်မခံနိုင်ကြောင်း အပြင်၊ မဲနှိုက်မှုတွင်လည်း ၎င်းတို့ ကိုယ်စားနှိုက်ပေးမှုကိုလည်း လက်မခံလိုကြောင်း စသည်ဖြင့် ပြောကြားပြီး ကန့်ကွက်ခဲ့ကြပြီးနောက် အဆိုပါအဖွဲ့သည် မဲနှိုက်ပေးမှုအား ကန့်ကွက်သည့်အနေဖြင့် ခန်းမအတွင်းမှ ထပြန်သွားကြသည်။


ထိုနောက် မြို့မဈေးတွင် ဈေးကောက်အဖြစ် ဆောင်ရွက်ခဲ့ဖူးသည့် ဦးစိန်လွင်မှလည်း ကျန်ရှိနေသည့် ဈေးသည်များအား ယခုလို မဲနှိုက်ပေးမှုကို သဘောတူပါသလားဟု (၃)ကြိမ်တိတိမေးမြန်းရာ တက်ရောက်လာသည့် ဈေးသည်များက သဘောမတူကြောင်း (၃)ကြိမ်တိတိပြန်လည်၍ ပြောကြားသည်။


တက်ရောက်လာသည့် ဈေးသည်အချို့မှာ ကန့်ကွက်ကြသော်လည်း၊ အချို့ဈေးသည်များမှာ ကြားနေသဖွယ်ဖြစ်နေကြချိန်တွင် စည်ပင်သာယာရေးကော်မတီမှ နေရာချထားရေးအတွက် ဆက်လက်၍ မဲနှိုက်ပေးရာ မြေညီထပ် ဆိုင်နေရာ(၁၉)နေရာ နှင့် ပထမအထပ် ဆိုင်နေရာ(၇၁)နေရာ စုစုပေါင်း ဆိုင်နေရာ (၉၀)တိတိအား အမည်စာရင်းနှင့်တကွ မဲနှိုက်ပေးခဲ့ကြသည်။


 မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင် (လက်ထောက်ညွှန်ကြားရေးမှူး)က  "အခု မဲပေါက်ထားတဲ့ ဈေးသည်(၉၀)ဦးအနေနဲ့ သတ်မှတ်ရက်ဖြစ်တဲ့ (၁၅)ရက်အတွင်း စည်ပင်သာယာရေးဌာနရုံးမှာ လာရောက် အကြောင်းကြားရမှာဖြစ်ပါတယ်၊ တကယ်လို့ သတ်မှတ်ရက်အတွင်း လာရောက် အကြောင်းကြား ခြင်းမရှိရင်တော့ ကော်မတီအပိုင်နေနဲ့ ပြန်သိမ်းပြီး လိုချင်တဲ့ ဈေးသည်တွေကို မဲစနစ်နဲ့ ပြန်လည်နေရာ ချထားပေးသွားမှာဖြစ်ပါတယ်"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။


ကျိုင်းတုံမြို့ စည်ပင်သာယာရေးအဖွဲ့ ပြည်နယ်ရုံးခွဲတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးလုကာ က "ဈေးနှုန်းနဲ့ ပတ်သက်ပြီး အခက်အခဲဖြစ်တယ်ဆိုရင် ကော်မတီကို စာတင်လို့ရတယ်၊ အရစ်ကျ ပေးချေနိုင်ဖို့အတွက် ကို ကော်မတီနဲ့ညှိနှိုင်းပြီး ဆောင်ရွက်ပေးလို့ရပါတယ်"ဟု ရှင်းပြသည်။


ပျံကျဈေးသည်တစ်ဦးမှလည်း "အရင်​အ​ခြေအ​နေက လမ်း​ဘေးမှာ အချိန်​အကန့်​အသတ်​နဲ့​ ရောင်း ချခဲ့ရတယ်​။ မိုးရွာရင်​ ​ရေတက်​ရင်​ ကစဉ့်​ကလျားနဲ့ သိမ်းဆည်းရတဲ့ အ​နေအထားက​နေ အခုလို မိုးလုံ
လေလုံ အိနြေ္ဒရရ​လေးနဲ့ ဆိုင်​ခန်းပိုင်​ဖြစ်​ရမှာဆို​တော့လည်း တိုးတက်​လာတဲ့ အ​ခြေအ​နေရှိတယ်​လို့ဆိုရမှာပေါ့ ၊ အ​ပြောင်းအလဲမှာ ရာနှုန်းပြည့်​ လိုချင်​မှု​တော့ ဘယ်​ဖြစ်​နိုင်​မလဲ၊ ဈေးနှုန်း​လေး​တော့ နည်း နည်းပါးပါး ပြင်​​စေချင်​ပါတယ်​"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။



အပြင်တန်း ပျံကျ(၈၆)ခန်း ဈေးသည်အဖွဲ့ကိုယ်စား ဦးလှခင်က "ကျွန်တော်တို့ကို ဒီလိုမဲစနစ်နဲ့ နေရာချထားပေးမယ် ဆိုတာကိုလည်း ကြိုတင်ပြောထားတာလည်းမရှိဘူး၊ အခုဟာက အချိန်ကိုက်ပြီး လုပ်သလိုဖြစ်နေတယ်၊ ဘာမှလည်း ပြင်ဆင်ချိန်မရသလို ကျွန်တော်တို့ ကိုယ်စား မဲနှိုက်ပေးတာကိုလည်း လက်မခံနိုင်ဘူး၊ ဈေးနှုန်းကလည်း ကျပ်(၁၀)သိန်းပဲ သတ်မှတ်ထားတာ အခု ကျပ်(၂၅)သိန်းနဲ့ သိန်း(၃၀)ဖြစ်နေတယ်"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောသည်။


တာချီလိတ်မြို့မဈေး (၀မ်ကောင်းဈေး)တွင် ပြဿနာတစ်ရပ်အနေဖြင့် မှုလပျံကျနေရာ ပြန်လည်ရရှိရေး ကိစ္စမှာ အထူးကိစ္စတစ်ရပ် ဖြစ်နေပြီး အဆိုပါ ဆိုင်နေရာများနှင့် ပတ်သက်၍ အပြင်တန်း ပျံကျဈေးသည် (၈၆)ဦးအပါအ၀င် ကျန်ပျံကျဈေးသည်များ နှင့် ပူးပေါင်း၍ စက်တင်ဘာလ (၃၀)ရက်နေ့တွင် တာချီလိတ်မြို့၌ သတင်းမီဒီယာများ ဖိတ်ခေါ်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာဖြစ်ကြောင်း သိရှိရသည်။
သတင်း ။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဒေါ်နယ်ထရန့် အိမ်တော် (သို့မဟုတ်) အိမ်ဖြူတော်ရဲ့ ထူးခြားချက်များ


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


တာချီလိတ်မြို့နယ် ပညာရေးဖောင်ဒေးရှင်းမှ အသင်းသားစုံညီ နှင့်...


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>