စက်တင်ဘာလ ၁၈ ရက်နေ့သို့ အကူးဖြစ်သည့် (၁၂)နာရီခန့်တွင် မိုးရွာ ရေကြီးမှုကြောင့် တာချီလိတ်မြို့ပေါ် ရပ်ကွက်ဖြစ်သော ပုန်းထွန်ရပ်ကွက်၊ ၀မ်ကောင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ ဆန်ဆိုင်း(က/ခ)ရပ်ကွက် နှင့် မယ်ခေါင်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသည်။
စက်တင်ဘာ(၆)ရက်နေ့က ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကဲ့သို့ ရေကြီးမှုမျိုး ထပ်ဖြစ်မည်ကို စိုးရိမ်နေကြသည့် တာချီလိတ်ဒေသခံပြည်သူများသည် စက်တင်ဘာလ(၁၇)ရက် ညပိုင်း(၁၀)နာရီဝန်းကျင်မှစ၍ မိုးအနည်းငယ် ရွာသွန်းမှု ဖြစ်ပေါ်သည့် အချိန်တွင် စိုးရိမ်နေကြပြီး ယခု သတင်းရေးသားနေချိန် စက်တင်ဘာလ (၁၈)ရက်အကူးကို ကျော်လွန်လာသည့် (၁း၅၉)နာရီထိ မိုးများမှာ ရပ်တန့်ခြင်းမရှိသေးပဲ ဆက်လက်ရွာသွန်းနေသည့်အတွက် ရေကြီးရေလျှံမှုများ ဆိုးရွားစွာ ဖြစ်ပေါ်လာမည်ကို စိုးရိမ်လျက်ရှိနေကြသည်။
ယခုလို မိုကြီးရေလျှံမှုဖြစ်ပွားရာ နေရာများသို့ ကယ်ဆယ်ရေးနှင့် ပတ်သက်၍ လိုအပ်လာပါက ကူညီပေးနိုင်ရန်အတွက် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လိုက်လံကြည့်ရှု နေကြသည်ကိုလည်း တွေ့ရှိရသည်။

စက်တင်ဘာလ(၆)ရက်နေ့က ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှု ဖြစ်စဉ်တွင် တာချီလိတ်ဒေသခံ (၄၀၀၀)ကျော်မှာ ရေဘေးသင့်ခဲ့ရပြီး ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သိန်းပေါင်း (၃၀၀၀)၀န်းကျင်ရှိခဲ့ကြောင်း သိရှိရသည်။
သတင်း ။ ။ ကိုဇောင်း
ပုံများကိုကြည့်ရန်74 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: tachileik@tachileik.net