Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ဝါယာရှော့ခ်ဖြစ်၍ လျှပ်စစ်မီး ၁၆ မိနစ်ခန့် တာချီလိတ်၌ ပြတ်တောက်ခဲ့

$
0
0
ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၁၇)ရက် ညပိုင်း (၆း၃၁)နာရီအချိန်တွင် တာချီလိတ်၌ လျှပ်စစ်မီး (၁၆)မိနစ်ခန့် ခေတ္တပြတ်တောက်သွားခြင်းမှာ ထိုင်း - မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားအနီးနှင့် အေးခန့်မွန်ဆိုင်ကယ်ဂိတ်အနီးရှိ ဓါတ်ကြိုးမှ ၀ါယာရှော့ခ်ဖြစ်ကာ လောင်ကျွမ်းမှုဖြစ်ပေါ်ခြင်းကြောင့် လျှပ်စစ်မီးပြတ်သွားတာ ဖြစ်ကြောင်း သိရသည်။



ဝါယာရှော့ခ်ဖြစ်မှုကြောင့် အချိန်(၂၅)မိနစ်ခန့်အကြာ တမြေ့မြေ့လောင်ကျွမ်းနေသော ၀ါယာကြိုးအား မီးသတ်တပ်ဖွဲ့မှ လာရောက်ငြှိမ်းသတ်ပြီး၊ တာချီလိတ်မြို့နယ် မီးလင်းရေးကော်မတီမှ အမြန်ဆုံးပြုပြင်ရာ၊ လျှပ်စစ်မီး ပြုပြင်နေစဉ် အချိန်အတွင်း အန္တရာယ်ကင်းရှင်းစေရန်အတွက် လျှပ်စစ်မီးခေတ္တ ဖြတ်တောက်ထားပြီးနောက် ပြုပြင်သည့်အတွက် လျှပ်စစ်မီးအား ခေတ္တ ဖြတ်တောက်ထားမှုမှာ တစ်မြို့လုံးအနေဖြင့် (၁၆)မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။



အဆိုပါ ၀ါယာရှော့ခ်ဖြစ်ပွားရာ နေရာသို့ မြို့မီးလင်းရေးကော်မတီ ဥက္ကဌ ဖြစ်သည့် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ အပါအ၀င်၊ ကော်မတီဝင်များဖြစ်သည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် မီးလင်းရေး ဒုတိယ ဥက္ကဌ ဦးကြည်မြင့်နှင့် မီးလင်းရေးအဖွဲ့ဝင်များက လာရောက် စစ်ဆေးပြီး မြို့တွင်း မီးအမြန်ဆုံးလင်းရန်အတွက် ဆောင်ရွက်ခဲ့ကြသည်။
သတင်း ။  ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~


~~~~~~~~~ ကြော်ငြာ ~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ခရမ်းပြာ HD ဇာတ်ကားနှင့် နပ်စ်မ HD...


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>