Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မင်းခေတ်သစ် ကုမ္မဏီလီမိတက်မှ တိုင်းရင်းသား ကျေးရွာများသို့ ဆေးကုသပေးရာ ရိုးသားသော ကျေးလက်နေ တိုင်းရင်းသားများမှာ ဟင်းချိုမှုန့် သုံးစွဲမှု များပြားနေကြောင်း တွေ့ရှိ

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့သည် နယ်စပ်ဒေသမြို့လေးတစ်မြို့ဖြစ်သည်နှင့်အညီ ယခင်ကထက် မြို့ရွာဖွံ့ဖြိုးတိုးတက်မှု ကိစ္စရပ်များမှာ သိသိသာသာ အထင်အရှား တိုးတက်လာသည် ဖြစ်သော်လည်း မြို့တွင်းနှင့် အလှမ်းကွာသည့် တိုင်းရင်းသား ကျေးရွာများတွင် ကျန်းမာရေးအသိပညာများ နှင့် အစားအသောက် ဘေးအန္တရာယ် အသိပညာများမှာ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေလျက်ရှိကြောင်းကို ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၁၅)ရက်တွင် မင်းခေတ်သစ်ကုမ္ပဏီလီမိတက် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ စီမံကိန်း၏ လူမှုရေးလုပ်ငန်းတစ်ရပ်ဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်တွင် ဒေသခံ တိုင်းရင်းသား အယောက်(၁၆၀)ကျော်အား ဆေးကုသပေးမှု၌ တွေ့ရှိရသော ရောဂါ အခြေအနေများအရ သိရှိရသည်။


တာချီလိတ်ခရိုင် ကျန်းမာရေးဦးစီးဌာနနှင့် မင်းခေတ်သစ်ကုမ္ပဏီလီမိတက် ကျောက်မီးသွေးဓာတ်အားပေး စက်ရုံစီမံကိန်းတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် နယ်လှည့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ဆောင်ရွက်လျှက်ရှိရာ ယနေ့ စက်တင်ဘာလ (၁၅)ရက်နေ့မှစ၍ (၁၇)ရက်နေ့အထိ မိုင်းဟဲ(အောက်) ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း (၂၇)ရွာ ၊ ဒေသခံပြည်သူ တစ်ထောင်ကျော်တို့အား ကျန်းမာရေး စစ်ဆေးမှုနှင့် ကုသမှုများအား အခမဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မင်းခေတ်သစ်ကုမ္ပဏီလီမိတက် ကျောက်မီးသွေးဓာတ်အားပေး စက်ရုံစီမံကိန်းမှ အဓိက ဦးဆောင် ပံ့ပိုးသည့် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်အား ယနေ့ စက်တင်ဘာလ (၁၅)ရက်နေ့တွင် ပန်ကူ (လားဟူ)ကျေးရွာ၌ စတင်ကျင်းပပြုလုပ်ရာ မိုင်းဟဲကျေးရွာအုပ်စုအတွင်းရှိ ပန်ကူ (လားဟူ) ၊ ပန်ကူ (အာခါ) ၊ ယန်းခေါင် ၊ ပန်နယ် ၊ ပန်စလိ နှင့် သရက်ပင်ကျေးရွာများရှိ ဒေသခံပြည်သူ (၁၆၀)ဦးတို့ကို ကျန်းမာရေး စစ်ဆေးမှုနှင့် ကုသမှုများအဖြစ် ဆောင်ရွက်ပေးခဲ့ရာ ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများနှင့် အတူ တာချီလိတ်မြို့ ဇီဝကအခမဲ့ဒါန ဆေးကုသခန်းမှ ဒေါက်တာဂျီဝမ်းနှင့် ဒေါက်တာမျိုးသွယ်သွယ်ဦးတို့မှ ပါဝင်ပူးပေါင်းကူညီဆောင်ရွက်ပေးခဲ့ကြကာ မင်းခေတ်သစ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးမောင်မောင်နှင့် တာဝန်ရှိသူများမှ ဆေးဝါးကရိယာများ၊ ခွန်အားဖြည့်အစားအစာများ၊ ကျောင်းသူကျောင်းသားများအတွက် စာအုပ်နှင့် စာရေးကရိယာ စုစုပေါင်းတန်ဘိုး ကျပ်သိန်း(၅၀) ကျော်ဘိုးအား ဖြည့်ဆည်း လှူဒါန်းပေးခဲ့ကြသည်။


ယနေ့ စတင်ကျင်းပသည့် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်တွင် လာရောက်ကုသကြသည့် ဝေဒနာရှင် (၁၆၀)ဦးအား ကျန်းမာရေးဝန်ထမ်းများနှင့်အတူ မီဒီယာများမှ ဆန်းစစ်လေ့လာမှုပြုခဲ့ကြရာတွင် သွေးတိုးနှင့် အစာအိမ်ရောဂါဖြစ်ပွားမှုများပြားလျှက်ရှိသည်ကို တွေ့ရှိရပြီး အဆိုပါကျေးရွာများသည် ဝေးလံသီခေါင်သော တောတောင်များကြားတွင် တည်ရှိသည့်အတွက် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကိုသာ အဓိကထား စားသုံးကြကာ ဆားသုံးစွဲမှုနည်းပါးသည့် အတွက် သွေးတိုးရောဂါ ဖြစ်နိုင်မှု နည်းပါးသော်လည်း ကျန်းမာရေးဗဟုသုတ နည်းပါးမှုကြောင့် အချိုမှုန့်နှင့် ဟင်းခတ်ကြက်သားမှုန့်များ စားသုံးမှုလွန်ကဲမှုကြောင့် ဖြစ်ပွားရခြင်းဟု သုံးသပ်ရရှိသည်။


ထို့အတူ တောင်ယာလုပ်ငန်းကို အဓိကထားကာ လုပ်ကိုင် စားသောက်သည့် ဒေသဖြစ်သောကြောင့်
တောင်ယာ လုပ်ငန်းခွင် ၀င်ရာတွင် အစာစားချိန် မှန်ကန်မှုမရှိခြင်း၊ အာဟာရဓာတ် ပြည့်ဝသော အစာအာဟာရကို မှီဝဲလေ့နည်းပါးကာ လက်လှမ်းမှီရာ ဒေသထွက် သီးနှံများကိုသာ အလွယ်တကူ ချက်ပြုတ်စားသောက်ခြင်းနှင့် ခေါက်ဆွဲခြောက် ၊ ငါးသေတ္တာစသည့် အသင့်စား အစားအစာများအား စားသုံးမှု များပြားခြင်းကြောင့် အစာအိမ်ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားလာခြင်းဟု သုံးသပ်ရရှိပြီး ကျေးလက်ဒေသနေ ပြည်သူများအား ကျန်းမာရေး အသိပညာပေးမှုနှင့် စောင့်ရှောက်မှု လုပ်ငန်းများအား ပိုမိုတိုးမြှင့် ဆောင်ရွက်ရန် လိုကြောင်း တိုင်းရင်းသား ရွာသူ၊ ရွာသားများ၏ ဖြစ်ပေါ်နေသော ကျန်းမာရေး အခြေအနေများ အရ တွေ့မြင်ရသည်။


"အခုလို ဆေးလာကုပေးတာ သိပ်ကောင်းတယ်၊ ကျေးဇူးလည်းတင်တယ်၊ နေမကောင်းတဲ့အခါ မြို့ထဲက ဆေးရုံကိုပဲ သွားရတယ်၊ ဆေးရုံကလည်း ဝေးတယ်လေ၊ လမ်းခရီးဝေးတော့ အဆင်မပြေဘူး.."ဟု လားဟူတိုင်းရင်းသူ တစ်ဦးမှ မြန်မာစကား မပီမသဖြင့် တာချီလိတ်အွန်လိုင်းသို့ ပြောသည်။


မင်းခေတ်သစ်ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးမောင်မောင် က"ကျွန်တော်တို့ မိုင်းဟဲကျေးရွာအုပ်စုထဲက ကျေးရွာပေါင်း (၂၇)ရွာလုံးကို အခုလိုပဲ ဆေးဝါးအခမဲ့ ကုပေးသွားမှာပါ၊ စီမံကိန်းပြီးသွားရင်လည်း မိုင်းဟဲကျေးရွာထဲက ရွာသူရွာသားတွေအတွက် အဆင်ပြေအောင် အခမဲ့ဆေးကုခန်း ဖွင့်လှစ်ပေးသွားဖို့လည်း အစီအစဉ်ရှိပါတယ်"ဟု တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

သတင်း   ။ ။ မောင်ယဉ်ကျေး၊ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>