Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မြန်မာနိုင်ငံသား ဈေးသည်များ မယ်ဆိုင်သို့ ဈေးသွားရောက် ဈေးရောင်းချမည်ဆိုပါက သတ်မှတ်နေရာများကို ရှောင်ရှားသင့်

$
0
0
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၏ မြို့လယ်လမ်းဘေးတလျှောက်ဖြစ်သည့် စည်ပင်နယ်နိမိတ်နေရာများ၊ လမ်းဘေးပလက်ဖောင်းများတွင် ဈေးရောင်းချနေသည့် ပျံကျဈေးသည်များ၊ လမ်းဘေးဈေးသည်များ၊ အ၀တ်အထည်များ စသည်တို့ကို ပြီးခဲ့သည့် သြဂုတ်လ(၂၅)ရက်မှ စ၍ စတင်ရောင်းချခွင့် မပြုတော့ကြောင်းကို တရားဝင်အသိပေးပြီး တားမြစ်လိုက်ပြီးနောက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့လမ်းဘေး ဘယ်ညာတစ်လျှောက်တွင် ဈေးသည်များ ရှင်းလင်းနေတာကို တွေ့ရှိရသည်။

( တာချီလိတ်ဘက်မှ  တွန်းလှည်းဖြင့် လာရောက် ရောင်းချသည့် ဈေးသည်အား စစ်ဆေးနေစဉ် )

ထိုသို့ လမ်းဘေးဈေးသည်များ ရှင်းလင်းမှုထဲတွင် ထိုင်းနိုင်ငံသားများ ဈေးသည်များ အပါအ၀င်၊ မြန်မာနိုင်ငံ ကျိုင်းတုံ၊ တာချီလိတ် နှင့် အနယ်အနယ်အရပ်ရပ်မှ တိုင်းရင်းသား ဈေးသည်များ အများအပြားလည်း ပါဝင်ကြောင်း သိရသည်။

ထိုသို့ ထိုင်းအစိုးရမှ မယ်ဆိုင်လမ်းဘေးတလျှောက်အား ထိုင်းနိုင်ငံ စည်ပင်သာယာရေး ဥပဒေအရ တရားဝင် အသိပေးကြေညာပြီးနောက် လမ်းဘေးဈေးသည်များမှာ ဈေးရောင်းချရဲခြင်း မရှိတော့ပေမဲ့လည်း ယနေ့ ၂၀၁၄ခုနှစ် စက်တင်ဘာလ(၁၄)ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ တာချီလိတ်ဘက်မှ တွန်းလှည်းဖြင့် လာရောက်၍ ဈေးရောင်းချသည့် မြန်မာနိုင်ငံသား ဈေးသည်တစ်ဦးသည် ထိုင်း စည်ပင်နယ်နိမိတ်အတွင်း ဈေးရောင်းချမိ၍ ဒဏ်ငွေအဖြစ် ထိုင်းဘတ်(၂၀၀)တိတိအား ဒဏ်တပ်ပြီး ရဲစခန်းတွင် အဆိုပါ ဒဏ်ငွေအား သွားရောက် ဆောင်ခိုင်းကြောင်း သိရသည်။

"ကျွန်မတို့တော့ မယ်ဆိုင်မှာ ဆိုင်ခန်းကလည်း မငှားနိုင်ဘူး ဈေးတွေကြီးလို့ မယ်ဆိုင်မှာ လမ်းဘေး ဈေးမရောင်းရတော့ဘူးဆိုတော့၊ ရှိစုမဲ့စုလေးနဲ့ ကျိုင်းတုံ - တာချီလိတ် ကုန်ကူးမလားစဉ်းစားနေတာ၊ တာချီလိတ် Mobile Team ကလည်း ပြည်သူအကျိုးကို ရှေ့ရှုခြင်းမရှိပဲ ဘာတခုမှ အလွတ်မပေးဘူး ဖမ်းနေတယ်ဆိုတော့ လောလောဆယ် ကျွန်မတို့တော့ ဘာအလုပ်လုပ်စားရမလဲ မသိဘူး"ဟု မယ်ဆိုင် လမ်းဘေးဈေးသည်တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။
သတင်း ။  ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~


~~~~~~~~~ ကြော်ငြာ ~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချက်ချင်းဆိုသလို သိသိသာသာ ဈေးရောင်းကောင်းစေသော ယတြာနည်း


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>