Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်မြို့ ရွှေဥတောင်ပရိယတ္တိစာသင်တိုက်မှ ကိုရင်လေးနှစ်ပါးအား တွေ့ရှိရပါက အမြန်ဆုံး အကြောင်းကြားပေးစေလို

$
0
0
တာချီလိတ်မြို့ ရွှေဥတောင်ပရိယတ္တိစာသင်တိုက်မှ အသက်(၁၄)နှစ်အရွယ် နှင့် အသက်(၁၃)နှစ်အရွယ်ရှိ ကိုရင်လေးနှစ်ပါးသည် ၂၀၁၄ခုနှစ် စက်တင်ဘာလ(၁)ရက်နေ့ နေ့လည်(၂)နာရီအချိန်ခန့်က ကျောင်းတိုက်မှ ထွက်သွားပြီးနောက် ပြန်မလာဘဲ ပျောက်ဆုံးနေမှုဖြစ်ပွားကြောင်း သိရသည်။


ဖြစ်ပွားပုံမှာ ရွှေဥတောင်ပရိယတ္တိစာသင်တိုက်တွင် ကိုရင်များအား ပရိယတ္တိစာပေများ သင်ကြား ပို့ချပေးနေလျက်ရှိရာ နေ့စဉ်နှင့်အမျှ စာသင်၊ စာအန်မှုများရှိနေရာမှ အသက်(၁၄)နှစ်ရှိ အရှင် ကုသလ နှင့် အသက်(၁၃)နှစ်ရှိ အရှင် ဃောသိတတို့ ကိုရင်နှစ်ပါးသည် စာချဘုန်းကြီးမှ စာသင်ပေးမှုအပေါ် စာမရ၍ စာအန်ခြင်း မပြုလုပ်နိုင်သည့်အတွက် စက်တင်ဘာလ(၁)ရက် နေ့လည်(၂)နာရီအချိန်ခန့်က  ရွှေဥတောင်ပရိယတ္တိစာသင်တိုက်မှ ထွက်သွားရာ ယနေ့ စက်တင်ဘာလ(၂)ရက်နေ့ ညပိုင်းအချိန်ထိ ကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိ လာခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါ ကိုရင်လေး နှစ်ပါးသည် ၀မ်းတွင်းမြို့နယ် ပြည်စုံကုန်းကျေးရွာ ဇာတိဖြစ်ပြီး ရွှေဥတောင်ပရိယတ္တိစာသင်တိုက် ဆရာတော်မှ ပရိယတ္တိစာပေများ သင်ကြားပေးနိုင်ရန်အတွက် တာချီလိတ်သို့ ခေါ်ဆောင်လာခြင်းဖြစ်သည့်အတွက် တာချီလိတ်တွင် ဆွေမျိုးမရှိကြောင်းလည်း ရွှေဥတောင်ပရိယတ္တိစာသင်တိုက်မှ ဦးဇင်းတစ်ပါး၏ မိန့်ကြားချက်အရ သိရသည်။

ဖော်ပြပါ ကိုရင်လေး နှစ်ပါးအား ဘေးမသီရန်မခစေရန်နှင့် အခြားနေရာများသို့ ရောက်ရှိစေခြင်းမရှိရန် နှင့် ကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိနိုင်ရန်အတွက် နီးစပ်ရာများမှ တွေ့ရှိပါက တာချီလိတ်မြို့၊ ရီဂျီနားဂေါက်ကွင်းလမ်း၊ မိုးကုတ်ရိပ်သာ အနောက်ဘက်ရှိ ရွှေဥတောင်ပရိယတ္တိစာသင်တိုက်သို့ သော်လည်းကောင်း အောက်ဖော်ပြပါ ဆက်သွယ်ရန် ဖုန်းနံပါတ်များမှ သော်လည်းကောင်း အမြန်ဆုံး ဆက်သွယ်၍ အသိပေးအကြောင်းနိုင်ပါသည်။

ဆက်သွယ်ရန်
ရွှေဥတောင်ပရိယတ္တိစာသင်တိုက်
ရီဂျီနားဂေါက်ကွင်းလမ်း၊ မိုးကုတ်ရိပ်သာ အနောက်ဘက်၊
တာချီလိတ်မြို့။
မြန်မာဖုန်း။ ။ 084-52360
ထိုင်းဖုန်း။ ။ 086-9144541
မြန်မာဖုန်း။ ။ 09450046600 ( တာချီလိတ်အွန်လိုင်း )
သတင်း ။  ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


တစ်မောင်း တစ်မောင်း တို့ တစ်မောင်းသည်


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


လုလုအောင် HD အသစ်


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>