Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တစ်လမ်းသွားလမ်းအား ပြည်သူများ အမှန်တကယ် လိုက်နာ သိရှိရန် လိုအပ်နေသေး

$
0
0
တာချီလိတ်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်လေ့ရှိသည့် လမ်းများအနက် မြန်မာ - ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတား အနီးရှိ ရွှေနန်းတော် အ၀င်လမ်း(ယုဇနလမ်း)အား သြဂုတ်လ(၃၁)ရက်နေ့က စတင်ပြီး တစ်လမ်းမောင်းအဖြစ် သတ်မှတ်လိုက်ရာ ယနေ့ စက်တင်ဘာလ(၁)ရက်နေ့ဆိုလျှင် (၂)ရက်ပြည့်ပြီ ဆိုသော်လည်း အဆိုပါ လမ်းအား တစ်လမ်းမောင်းအဖြစ် မသိရှိသေးသူ တော်တော်များများ ရှိနေတာကို တွေ့ရှိရသည်။


"တစ်လမ်းမောင်း သတ်မှတ်လိုက်တာ မသိသေးတဲ့ လူတွေတော်တော်များများရှိနေသေးတယ်၊ သူတို့ကလည်း ယာဉ်ထိန်းတွေ စောင့်ကြပ်နေချိန်ပဲ လိုက်နာကြတယ်၊ ယာဉ်ထိန်းတွေ မရှိတဲ့အခါဆို ကျွန်တော်တို့က လှမ်းအော်ပြီး ဆိုင်ကယ် ဒီဘက်ကို တက်လာလို့ မရဘူး၊ တစ်လမ်းမောင်း ဖြစ်သွားပြီလို့ အသိပေးပြောလည်း မရဘူးဗျာ၊"ဟု အမှတ်(၁)တံတား ထိပ်ရှိ တက္ကစီသမား တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောရှာသည်။


ထိုကဲ့သို့ တစ်လမ်းသွားအဖြစ် သြဂုတ်လ(၃၁)ရက်နေ့က သတ်မှတ်လိုက်ပြီးနောက် စက်တင်ဘာလ (၆)ရက်နေ့အထိ ဒဏ်ကြေးကောက်ခံခြင်းမပြုဘဲ ပညာပေးကာလအဖြစ်သာ ဆောင်ရွက်သွားမှာဖြစ်ပြီး ပညာပေးကာလ ကျော်လွန်သွားပါက တရားရုံးတွင် ဒဏ်ငွေဆောင်သည့် ဒဏ်ရိုက်မှုမျိုး ပြုလုပ်သွားမှာ ဖြစ်ကြောင်း ယာဉ်ထိန်းရဲတစ်ဦး၏ ပြောပြချက်အရ သိရသည်။


"လောလောဆယ် ယာဉ်မောင်းတွေ တစ်လမ်းသွားအဖြစ် သတ်မှတ်ထားကြောင်းကို သိရှိဖို့ဆိုရင်တော့ ဒီဘက်ထိပ်နဲ့ ဟိုဘက်ထိပ်ကို ယာဉ်ထိန်းတစ်ယောက်စီ ချထားပေးပြီး အချိန်ပြည့် စောင့်ကြပ်သတိပေးမှ ပြည်သူတွေ သိမယ်လို့ မြင်မိပါတယ်။  စောင့်ကြပ်သတိပေးမဲ့ ယာဉ်ထိန်းမရှိရင်တော့ လမ်းစည်းကမ်း ဖောက်ဖျက်နေကြအုံးမှာပဲ"ဟု အမှတ်(၁) တံတားအနီးရှိ လုပ်ငန်းရှင်တစ်ဦးကလည်း တာချီလိတ်အွန်လိုင်းသို့  ၎င်း၏ အမြင်ကို ပြောပြလာသည်။

တစ်လမ်းသွားလမ်းနှင့် ပတ်သက်၍ အ၀င်အဖြစ် ရွှေနန်းတော် အ၀င်လမ်း(ယုဇနလမ်း)ကို သတ်မှတ်ထားပြီး အထွက်လမ်းအဖြစ် အလူရာဟိုတယ်လမ်းကို သတ်မှတ်ထားရှိသည်။

သတင်း ။   ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~ ကြော်ငြာ ~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


ဦးမျိုးရန်နောင်သိမ်း လွတ်မြောက်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>