Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ သွားရောက်မည့် မြန်မာနိုင်ငံသားများအား ကူညီပေးနေသည့် CNCMC ကော်မတီမှ မြန်မာနိုင်ငံသားများအား အသိပေးနှိုးဆော်

$
0
0
ယခင်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ လိုတပ်စ်ကုန်တိုက်သွား လမ်းတွင် မြန်မာနိုင်ငံသားများအား မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိမရှိ ဆီးစစ်နေသည့် ထိုင်းရဲအဖွဲ့သည် ယခုအခါ နေ့စား မြန်မာနိုင်ငံသား အလုပ်အကိုင် စောင့်မျှော်သည့် နေရာတစ်ခုဖြစ်သော မုန်တိုင်းတံတားဖက်သို့ နေရာရွှေ့ပြောင်း သွားပါသည်။

အကယ်၍ ထိုအဖွဲ့၏ ဆီးစစ်မှုနှင့် ကြုံတွေ့ရပါက မကြောက်ရွံ့ပါနှင့်၊ ကျွန်တော်တို့ ကော်မတီထံ အမြန်ဆုံး ဆက်သွယ်ပါ ၊ ထိုင်းစကား လည်လည်ဝယ်ဝယ် ပြောတတ်သူမှတဆင့် ကော်မတီမှ တာဝန်ရှိသူများ လာရောက်ပါမည်။ ဆီးစစ်လိုပါက ကော်မတီဝင်များအား သက်သေထားကာ မယ်ဆိုင်ဆေးရုံတွင် စစ်ပါဟု ရဲရဲတင်းတင်းပြောပါ။ မိမိတို့လက်ဝယ်ရှိ နိုင်ငံကူးလက်မှတ် အပါအ၀င် အထောက်အထားများ ၊ တယ်လီဖုန်းများအား လုံးဝမပေးအပ်ပါနှင့် ၊ သေချာစွာ ထိန်းသိမ်း စောင့်ရှောက်ထားကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

- ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား
ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ( တာချီလိတ် )
Caring and Negotiating Committee for Myanmar Citizens
In Mae Sai, Thailand ( CNCMC ) -
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>