Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံများအား ကူညီပေးနေသည့် CNCMC ကော်မတီမှ ဆယ်ကျော်သက်ရွယ် အမျိုးသမီးလေးနှစ်ဦးအား မယ်ဆိုင်၌ အချိန်မီကူညီ

$
0
0
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ အမှတ်(၁)ချစ်ကြည်ရေးတံတားအနီးတွင် မြန်မာနိုင်ငံသား ဆယ်ကျော်သက်ရွယ် အမျိုးသမီးလေးနှစ်ဦး မျက်စိလည်လမ်းမှားကာ ခရီးစရိတ် ပြတ်တောက်လျှက် ဒုက္ခကြုံတွေ့နေရကြောင်း တာဝန်သိပြည်သူတစ်ဦးမှ တာချီလိတ်မြို့ရှိ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ ( CNCMC) ထံသို့ ယနေ့ သြဂုတ်လ (၂၇)ရက် နံနက်ပိုင်းက တယ်လီဖုန်းဖြင့် သတင်းပေးချက်အရ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း တို့၏ လမ်းညွှန်ချက်နှင့်အညီ CNCMC ကော်မတီဝင်များ ဖြစ်ကြသည့် ဦးမောင်မောင် ၊ ဦးအောင်ဖြိုးရှိန် ၊ ဦးစည်သူမောင်နှင့် ဦးသန်းထွန်း တို့သည် အဆိုပါ အမျိုးသမီးငယ် (၂) ဦးအား သွားရောက်ရှာဖွေ ခေါ်ဆောင်လာခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများထံအပ်နှံပေးခဲ့ကြောင်း သိရသည်။


အဆိုပါ အမျိုးသမီးငယ်နှစ်ဦးမှာ မိုင်းဆတ်ခရိုင် ၀မ်ဟုန်ကျေးရွာအုပ်စု ဟော်ပင်ကျန်းကျေးရွာနေ ကိုးကန့်တိုင်းရင်းသားများဖြစ်ကြသည့် ဦးလာဖန် ၏ သမီး မရှောက်ဝေ ( ၁၆)နှစ် နှင့် ဦးလောက်ချိုင်း၏ သမီး မအားပင်း (၁၇) နှစ်တို့ နှစ်ဦးသည် တာချီလိတ်မြို့မှတဆင့် ထိုင်းနိုင်ငံအား ဖြတ်သန်းကာ လာအိုနိုင်ငံရှိ ကာစီနိုဝိုင်းများတွင် အလုပ်လုပ်ကိုင်ရန်အတွက် သြဂုတ်လ (၂၆)ရက်နေ့က ထွက်ခွာ လာခဲ့ကြရာ မြန်မာစကားလည်း ကောင်းစွာမတတ် ထိုင်းစကားလည်း ကျွမ်းကျင်မှုမရှိပဲ ကိုးကန့်ဘာသာ စကားသာ တတ်မြောက်သည့်အတွက် လိုရာခရီးသို့မရောက်ရှိပဲ ဆိုင်ကယ်တက္ကစီသမားမှ မယ်ဆိုင်မြို့သို့ ပို့ဆောင်ပေးခဲ့ရာ မယ်ဆိုင်မြို့ ချစ်ကြည်ရေးတံတားအနီးရှိ လမ်းဘေးဆိုင်တစ်ခု၏
အမိုးအောက်တွင် တညအိပ်ခဲ့ရကြောင်းသိရသည်။

နံနက်မိုးလင်းသည့်အခါ အနီးပတ်ဝန်းကျင်ရှိ မြန်မာနိုင်ငံသားများမှ ကူညီစောင့်ရှောက်ကာ နံနက်စာ ကျွေးမွေးခဲ့ကြပြီး သုံးစွဲစရာငွေကြေးပြတ်လပ်သွားသည့်အတွက် ၎င်းတို့တွင် ပါလာသည့် လက်ကိုင်ဖုန်းအား လိုက်လံရောင်းချနေစဉ် တာဝန်သိမြန်မာနိုင်ငံသားတစ်ဦးမှ တာချီလိတ်မြို့ရှိ CNCMC ကော်မတီထံ တယ်လီဖုန်းဖြင့် အသိပေးတိုင်ကြားခဲ့သည့်အတွက် ကော်မတီမှ သွားရောက် ကူညီခေါ်ဆောင်ခဲ့ကြတာဖြစ်ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးငယ် (၂)ဦးအား သက်ဆိုင်ရာမှ လိုအပ်သည့် စစ်ဆေးမှုများအား ဆောင်ရွက်ပြီးနောက် တဖက်နိုင်ငံများသို့ တရားမ၀င်သွားရောက်ရာတွင် ကြုံတွေ့ရနိုင်သည့် အန္တရာယ်များ၊ အထူးသဖြင့် ငယ်ရွယ်သေးသော အမျိုးသမီးငယ်လေးများ ဖြစ်သည့်အတွက် မသမာသူများနှင့် လူကုန်ကူးသူများ၏ အသုံးချခံဖြစ်သွားနိုင်သည့် အချက်များအား အသိပညာပေးဆုံးမကာ ညနေပိုင်းတွင်သက်ဆိုင်ရာ အုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရှိရသည်။
သတင်း။    ။ မောင်ယဉ်ကျေး

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


ဒေါ်နယ်ထရန့် အိမ်တော် (သို့မဟုတ်) အိမ်ဖြူတော်ရဲ့ ထူးခြားချက်များ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>