Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all 18345 articles
Browse latest View live

တနိုင်းသို့ သယ်ဆောင်မည့် ဘိန်းဖြူများ ကွတ်ခိုင် - တာမိုးညဲသွား လမ်းကြောင်းပေါ်တွင် ဖမ်းဆီးရရှိ

$
0
0
ရှမ်းပြည်နယ်၊ မြောက်ပိုင်းဒေသ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့တွင် မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ ကွတ်ခိုင် လှုပ်ရှား အဖွဲ့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ၂၀၁၅ခုနှစ် ဇန်န၀ါရီလ (၂)ရက်နေ့  ည(၈း၃၀)နာရီခန့်က ကွတ်ခိုင် - တာမိုးညဲသွား  လမ်းကြောင်းပေါ်တွင် ကာလတန်ဖိုးငွေ ကျပ်(၁၉)သိန်းကျော် တန်ဖိုးရှိသည့် ဘိန်းဖြူမှုန့် အလေးချိန် (၉၆)ဂရမ်ခန့်ကို သယ်ဆောင်လာသူနှင့်အတူ ဖမ်းဆီးသိမ်းဆည်းရရှိကြောင်း သတင်းရရှိသည်။

မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင် - တာမိုးညဲ သွားသည့် ကားလမ်းမပေါ် ကွတ်ခိုင်မြို့အထွက် စက်သုံးဆီအရောင်းဆိုင်အနီးတွင် မူးယစ်ဆေးဝါး သတင်းအရ ပိတ်ဆို့စစ်ဆေး ရှာဖွေနေကြစဉ် မုံးစီးကျေးရွာဘက်မှ ကွက်ခိုင်ဘက်သို့ ရွှေမုံးစီး (ယာဉ်ငယ်) အသင်းမှ ယာဉ်မောင်း ဦးမင်းစည်သူ မောင်းနှင်လာသည့် ယာဉ်အား ရပ်တန့်ရှာဖွေစစ်ဆေးရာ ယာဉ်ရှေ့ခန်းတွင် စီးနင်းလိုက်ပါလာသည့် ခရီးသည် သိန်းဝင်းထံမှ ဘိန်းဖြူများကို ရှာဖွေရရှိတာ ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ဒီလမ်းကြောင်းပေါ်မှာ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ကြိုတင်သတင်းရရှိလို့ စောင့်ဆိုင်းပြီး ရှာဖွေ စစ်ဆေး ဖမ်းဆီးတဲ့အခါမှာ ဖမ်းဆီးရမိတာဖြစ်ပါတယ်၊ ဒီဘိန်းဖြူတွေက မုံးစီးကနေ ကချင်ပြည်နယ်၊ တနိုင်းထိကို သယ်ဆောင်သွားမယ်လို့ သိရတယ်"ဟု အဆိုပါ မူးယစ်တပ်ဖွဲ့စုမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

ခရီးသည် သိန်းဝင်း၏ ထိုင်ခုံနောက်တွင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်လျက် ရောင်စုံဆပ်ပြာခွက်များ အတွင်းမှ (၁)ခွက်လျှင် ဘိန်းဖြူမှုန့် အလေးချိန် (၁၂)ဂရမ်ခန့်စီ ပါသည့် (၄)ခွက်(၂)ထုပ်၊ စုစုပေါင်း ဆပ်ပြာခွက် (၈)ခွက်ကို တွေ့ရှိရာ အဆိုပါ ဆပ်ပြာခွက်ထဲမှ ဘိန်းဖြူများ၏ အလေးချိန်သည် စုစုပေါင်း (၉၆)ဂရမ် ခန့်ရှိပြီး ဒေသပေါက်ဈေးမှာ ကျပ်(၁၉.၂)သိန်းခန့်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဘိန်းဖြူများအား သယ်ဆောင်လာသူ ခရီးသည် သိန်းဝင်းအား ကွတ်ခိုင်မြို့မရဲစခန်းတွင် မယ(ပ)၁/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၂၉(က)အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိရာ ယခု ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အမှုသည် ကွတ်ခိုင်မြို့၌ ၂၀၁၅ခုနှစ်အတွင်း ပထမဆုံး ဖမ်းဆီးရမိသည့် အမှုဖြစ်ကြောင်းလည်း သိရှိရသည်။

သတင်း ။  ။ ကိုဇောင်း
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

လားဟူ နှင့် ပလောင် တိုင်းရင်းသား ကလေးသူငယ်များ ပညာသင်ကြားနိုင်မည့် စာသင်ကျောင်းဆောင်သစ် မန်ချီဟတ်ကျေးရွာ၌ ဖွင့်လှစ်

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်းရှိ မိုင်းဟဲကျေးရွာအုပ်စုတွင် အာခါ၊ လားဟူ၊ ပလောင် စသည့် တိုင်းရင်းသား အစုံအလင် နေထိုင်လျက်ရှိရာ မြို့နယ်လှုပ်ရှား ပြည်သူ့စစ်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးစောလှမွန် မိသားစုမှ မန်ချီဟတ်ကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်(ခွဲ)ကျောင်းအား ဆောက်လုပ်လှူဒါန်းထားရာ အဆိုပါ ကျောင်းဆောင်သစ်ဖွင့်ပွဲအား ယနေ့ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၃)ရက် နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။


မြို့နယ်လှုပ်ရှားပြည်သူ့စစ်ခေါင်းဆောင် ဦးစောလှမွန် + ဆရာမ ဒေါ်ရီရီမွန် မိသားစုတို့မှ ထိုင်းဘတ်ငွေ (၅)သိန်း အကုန်အကျခံ၍ ဆောက်လုပ်လှူဒါန်းထားသော အဆိုပါ ကျောင်းဆောင်သစ်ကို ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှတို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။


ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ယခုလို အလှူရှင်များမှ ပူးပေါင်း၍ ကျောင်းဆောင်သစ် ဖွင့်လှစ်နိုင်ခဲ့ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှက ယခုလို ကျောင်းဆောင်သစ် ပေါ်ပေါက်လာမှုသည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြပြီး လိုအပ်ချက်များ တွေ့ရှိချက်များကို ပြန်လည်တင်ပြပြီးနောက် ကျောင်းဆောက်လုပ်ခွင့် ကြိုးပမ်းဆောင်ရွက်ရာ အလှူရှင်များမှလည်း အဓိက ပံ့ပိုးပေးကြသည့်အတွက် ကျောင်းဆောင်သစ်မှာ အမြန်ဆုံး ပေါ်ထွက်လာတာဖြစ်ကြောင်းနှင့် ဒေသခံ တိုင်းရင်းသားများ အတွက် အကုန်အကျခံ လှူဒါန်းပေးသည့် မြို့နယ်လှုပ်ရှားပြည်သူ့စစ်ခေါင်းဆောင် ဦးစောလှမွန် မိသားစုကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ကျောင်းဆောင်အား အကုန်အကျခံ လှူဒါန်းသော မြို့နယ်လှုပ်ရှားပြည်သူ့စစ်ခေါင်းဆောင် ဦးစောလှမွန် မိသားစု၊ အဆိုပါကျောင်းတွင် အထူး လိုအပ်နေသော ကျောင်းစာရေးခုံအား လှူဒါန်းပေးသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး နှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းတို့အား တာဝန်ရှိသူများက ဂုဏ်ပြုလွှာများအား အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။


ထို့နောက် ကျောင်းဆောင်သစ် အလှူရှင်ဖြစ်သူ မြို့နယ်လှုပ်ရှားပြည်သူ့စစ်ခေါင်းဆောင် ဦးစောလှမွန်၏ ဇနီးဖြစ်သူ ဆရာမ ဒေါ်ရီရီမွန်က "ကျေးရွာအနီးအနားမှာရှိတဲ့ ပလောင်တိုင်းရင်းသား၊ လားဟူ တိုင်းရင်းသား ကလေးသူငယ်တွေ အတန်းပညာ သင်ကြားနိုင်ရေးအတွက် ဒီကျောင်းဆောင်ကို ၂၀၁၄ခုနှစ် မတ်လ(၁၄)ရက်နေ့က စတင်ပြီးတော့ ထိုင်းဘတ်ငွေ (၅)သိန်း အကုန်အကျခံပြီး စတင်တည်ဆောက်ခဲ့ပါတယ်၊ ကျောင်းဆောက်လုပ်ဖြစ်ရန် ကူညီပေးခဲ့ကြသူများကိုလည်း ကျေးဇူးအထူးတင်ပါတယ်"ဟု ပြောကြားသည်။


ယခု ဖွင့်လှစ်ထားရှိလိုက်ပြီဖြစ်သော ကျောင်းဆောင်၌ မိုင်းဟဲကျေးရွာအုပ်စုအတွင်းရှိ နားမွန်း၊ နမ့်မွဲ၊ ၀မ်လုံ၊ မန်ချီဟတ် နှင့် ကာနကျေးရွာမှ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ တက်ရောက် သင်ကြားနိုင်မှာဖြစ်ပြီး လက်ရှိတွင် ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် စုစုပေါင်း (၂၄၅)ဦး ရှိကြောင်း သိရသည်။

သတင်း ။  ။ ကိုဇောင်း
ဓါတ်ပုံ ။  ။ ဇောင်းညီ

ပုံများကိုကြည့်ရန်
လားဟူ နှင့် ပလောင်တိုင်းရင်းသား ကလေးသူငယ်များ ပညာသင်ကြားနိုင်မည့်
30 photos

 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ နှင့် တာချီလိတ်မြို့တွင် ပထမဆုံးဖွင့်လှစ်သည့် ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်း၏ (၂၀၁၄-၂၀၁၅)ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၀)ကျော်ကို ဆုချီးမြှင့်သည့် အခမ်းအနားအား ကျင်းပခဲ့သည်။


ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်း၏ (၂၀၁၄-၂၀၁၅)ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ဖွင့်ပွဲ အခမ်းအနားကို တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ နှင့် ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်တို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။


ဆုပေးပွဲအခမ်းအနားတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော်၊ မြို့နယ်အထောက်အကူ ပြုကော်မတီ အတွင်းရေးမှူး ဦးကျော်ငြိမ်း တို့မှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။



ပညာရေးစုံညီပွဲတော်တွင် အဆိုပါကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၏ ခေတ်ပေါ် တေးသီချင်း ဖျော်ဖြေမှုများ၊  ရှမ်းတိုင်းရင်းသားရိုးရာ ၀တ်စားဆင်ယင်မှုများ၊ ရွှေမဟာဆရာ၊ ဆရာမများ၏ အငြိမ့်နှင့် တစ်ခန်းရပ် ပြဇာတ်များအပြင်  အစီအစဉ်အများအပြားဖြင့် ပါဝင်ဖျော်ဖြေခဲ့ကြောင်းသိရသည်။



ရွှေမဟာကိုယ်ပိုင် အထက်အတန်းကျောင်းအား တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက် အတွင်း၌ ( ၂၀၁၃ - ၂၀၁၄ ) ပညာသင်နှစ်မှ စတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး (၂၀၁၄ - ၂၀၁၅)ခုနှစ်တွင် ကျောင်းသားဦးရေ စုစုပေါင်း (၄၅၀) ပညာသင်ကြားလျှက်ရှိကာ (၂၀၁၃ - ၂၀၁၄)တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့သော ကျောင်းသူ/သားပေါင်း (၂၀)ဦးနှင့် (၂၀၁၄ - ၂၀၁၅)ပညာသင်နှစ်အတွင်း ထူးချွန်ထက်မြက်သော ကျောင်းသား/သူ(၅၇)ဦး၊ စုစုပေါင်း(၇၇)ဦးအား ဆုချီးမြှင့်ခဲ့ကြောင်းသိရသည်။

ပုံများကိုကြည့်ရန်
ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ
59 photos

 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~ ကြော်ငြာ ~~~~~~~~~


ရှမ်းမြောက်ပိုင်း ပန်ဆိုင်းမြို့တွင် ကျပ်သိန်းပေါင်း (၈၇၀၀)ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိ

$
0
0
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် ငွေကျပ်သိန်း (၈၇၀၀)ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးမျိုးစုံကို မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ မြို့နယ်လှုပ်ရှားအဖွဲ့နှင့် မူဆယ် (၁၀၅)လှုပ်ရှားအဖွဲ့တို့ ပူးပေါင်းပါဝင်သော အဖွဲ့မှ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၂)ရက်နေ့ မွန်းလွှဲ(၁)နာရီ အချိန်ခန့်က ဖမ်းဆီး သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။


အဆိုပါ ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါး သတင်းအရ ပန်ဆိုင်း(ကြူကုတ်)မြို့၊ ရပ်ကွက်(၅)၊ နယ်မြေ(၂) အိမ်အမှတ်(--)အား  နေအိမ်ရှာဖွေခွင့် ၀ရမ်းဖြင့် ၀င်ရောက်ရှာဖွေရာ လော်ကျင့်မြန်(မ)အား နေအိမ်တွင် အသင့်တွေ့ရှိရပြီး တန်ဖိုးကျပ်ငွေသိန်းပေါင်း (၂၁၀၀)ရှိသည့် (၉၉၉)တံဆိပ်ပါ ဘိန်းဖြူဘလောက်တုံး (၁၀.၅)ကီလိုခန့်နှင့် တန်ဖိုးငွေကျပ် သိန်းပေါင်း (၅၆၈၀)ရှိသည့် Wy စာတမ်းပါ စိတ်ကြွဆေးပြား (၂၉၄၀၀၀)ပြား၊ တန်ဖိုးငွေကျပ်သိန်းပေါင်း (၈၈၀) ရှိသည့် ICE (၉)ထုတ်(၈.၈)ကီလို နှင့် ဘိန်းစိမ်း (၇)ကီလိုခန့်အား သိမ်းဆည်းရမိပြီး ဖမ်းဆီးရမိမှု တန်ဖိုးငွေ စုစုပေါင်းမှာ ကျပ်သိန်း(၈၇၃၀) ရှိကြောင်းသိရသည်။

သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့်အတူ  ပန်ဆိုင်း(ကြူကုတ်)နယ်မြေရဲစခန်းတွင် မယ(ပ) ၃/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် လော်ကျင့်မြန်(မ)အား အမှုဖွင့်လှစ် အရေးယူထားရှိပြီး ကွင်းဆက်တရားခံအဖြစ် ဆောက်လောက်ပကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျှက်ရှိ ကြောင်း အဆိုပါမူးယစ်တပ်ဖွဲ့စုမှ သိရှိရသည်။
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

မိုင်းယောင်း မြို့နယ်စီမံခန့်ခွဲမှု ဥက္ကဌ ဖလား ဘောလုံးပြိုင်ပွဲ၌ လွယ်ပန်နောင်အသင်းမှ ဗိုလ်စွဲ

$
0
0
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲမှု ဥက္ကဌ ဖလား ဘောလုံးပြိုင်ပွဲကို၂၀၁၄ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့မှ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၃)ရက်နေ့အထိ မိုင်းယောင်းမြို့နယ် အားကစားကွင်းတွင် ကျင်းပပြုလုပ်ရာ ရပ်ကွက်(၈)ကိုယ်စားပြု လွယ်ပန်နောင်အသင်းက ပထမဆုရရှိသွားကြောင်း သိရသည်။


အဆိုပါ ပြိုင်ပွဲတွင် ရပ်ကွက်/ကျေးရွာ အသင်းများ နှင့် ဌာနဆိုင်ရာကိုယ်စားပြု အသင်းများ စုစုပေါင်း (၁၄)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဇန်န၀ါရီလ(၃)ရက်နေ့က ကျင်းပပြုလုပ်သည့် နောက်ဆုံး ဗိုလ်လုပွဲတွင် ရပ်ကွက်(၈)ကိုယ်စားပြု လွယ်ပန်နောင်အသင်းက စစ်မှုထမ်းဟောင်းအဖွဲ့ ကိုယ်စားပြု အားမာန်စစ်အသင်းကို ၁-၀ဂိုးဖြင့် အနိုင်ရရှိကာ ပထမဆု ရရှိသွားတာဖြစ်ကြောင်း မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျာလင်းက ပြောကြားသည်။



ယင်းဆုပေးပွဲအခမ်းအနားသို့ တပ်နယ်မှ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး ဝေလင်းအောင်နှင့် တပ်ရင်းမှူးများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊  မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျာလင်း နှင့် ကော်မတီအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အထောက်အကူပြုအဖွဲ့အစည်းများ၊ လူမှုရေးအသင်း အဖွဲ့များ နှင့် ပရိသတ်များ တက်ရောက်၍ အားပေးခဲ့ကြောင်း သိရသည်။



မိုင်းယောင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျာလင်းက "ဒီလိုပွဲ မကျင်းပဖြစ်တာ၊ အဆတ်ပြတ်သွားတာဆိုရင် (၃)နှစ်လောက်ရှိပါပြီ၊ အခုက လူငယ်တွေလည်း အားပါကြတာရယ်၊ တောင်းဆိုကြတာနဲ့ပဲ ပြိုင်ပွဲကို ကျင်းပဖြစ်တာပါ.."ဟု တာချီလိတ်အွန်လိုင်းသို့ ပြောသည်။



ပထမဆုရရှိသည့် ဘောလုံးအသင်းနှင့် ဆုများရရှိသည့် အားကစားသမားများအား မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဌ၊ မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျာလင်း နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

တာချီလိတ်၌ ကျင်းပသည့် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလေးအပြု အခမ်းအနား စုပေါင်းပါဝင်

$
0
0
ယနေ့ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၄)ရက်တွင် ကျရောက်သော (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့  နိုင်ငံတော်အလံတင်ခြင်းနှင့် နိုင်ငံတော်အလံအား အလေးပြုခြင်း အခမ်းအနားကို နံနက် (၄း၂၀)နာရီအချိန်က တာချီလိတ်မြို့နယ် ဘုရင့်နောင်ရင်ပြင်တွင် ကျင်းပပြုလုပ်ပြီး နံနက်(၆း၃၀)နာရီ အချိန်တွင် ပြည်သူလူထုပါဝင်သည့် အဖွဲ့မှ စုပေါင်း အလေးပြုခြင်း အစီအစဉ်ကို ဆက်လက်၍ ကျင်းပပြုလုပ်ကြသည်။




နံနက်(၆း၃၀)နာရီအချိန်တွင် ပြုလုပ်သည့် စုပေါင်းအလေးပြုခြင်း အခမ်းအနား၌ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်သည့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်း ပါဝင်သည့် နိုင်ငံရေးပါတီများ၊ အထောက်အကူပြုအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ နှင့် ရပ်ကွက်/ကျေးရွာ လုပ်သားပြည်သူများ စုံလင်စွာဖြင့် တက်ရောက်၍ အလေးပြုခဲ့ကြသည်။




အလေးပြုခြင်း အစီအစဉ်ပြီးသည့်နောက်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်ထံမှ ယနေ့ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် လွတ်လပ်ရေးနေ့ အခမ်းအနားသ၀ဏ်လွှာကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက ဖတ်ကြားသည်။








ယင်းနောက် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အလေးပြုခြင်းအခမ်းအနားပြီးမြောက်စေခဲ့ကြပြီး အလေးပြုပွဲသို့ တက်ရောက်လာသူများထဲမှ ဌာနဆိုင်ရာများနှင့် လူမှုအဖွဲ့အစည်းများထဲမှ လူဦးရေ (၁၀၀)စာအတွက် တာချီလိတ်မြို့ ဗယ်လင်တိုင်း - ကဖေး နှင့် အအေး စားသောက်ဆိုင်မှ   နံနက်ခင်း အစားအစာများဖြင့် ဒါနပြုကြောင်း သိရသည်။

ပုံများကိုကြည့်ရန်
(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ စုပေါင်း အလေးပြု
91 photos

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား (ရုပ်သံ)

$
0
0

( ရုပ်သံ )

ယနေ့ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၄)ရက်တွင် ကျရောက်သော (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်ခြင်းနှင့် နိုင်ငံတော်အလံအား အလေးပြုခြင်း အခမ်းအနားကို နံနက် (၄း၂၀)နာရီ အချိန်က တာချီလိတ်မြို့နယ် ဘုရင့်နောင်ရင်ပြင်တွင် ကျင်းပပြုလုပ်ပြီး နံနက် (၆း၃၀)နာရီ အချိန်တွင် ပြည်သူလူထုပါဝင်သည့် အဖွဲ့မှ စုပေါင်း အလေးပြုခြင်း အစီအစဉ်ကို ဆက်လက်၍ ကျင်းပပြုလုပ်ခဲ့ကြသည်ကို တင်ဆက်ပေးထားပါသည်။

 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

(၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တာချီလိတ်၌ ပျော်ပွဲရွှင်ပွဲ ပြိုင်ပွဲများကျင်းပ

$
0
0
ယနေ့ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့တွင် ကျရောက်သည်ဖြစ်သော (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ်  တာချီလိတ်မြို့၌ ရိုးရာ အားကစားနည်းများဖြင့် မြို့မအားကစားကွင်းတွင် နံနက်(၈း၃၀)နာရီမှစ၍ နေ့လယ်ပိုင်း အချိန်ထိ ပြိုင်ပွဲများအား ကျင်းပပြုလုပ်ခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ အများအပြား လာရောက်၍ ဆင်နွှဲခဲ့ကြတာကို တွေ့ရှိရသည်။





လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲကို လွန်ဆွဲပြိုင်ပွဲ၊ ခေါင်းအုံးရိုက်၊ သံလုံးပစ်၊ အလျားခုန်/အမြင့်ခုန်၊ မီတာတို/ရှည် အပြေးပြိုင်ပွဲ၊ ဂုန်နီအိတ်စွပ်/သုံးချောင်းထောက်၊ အာလူးကောက်/မုန့်စား စသည့် ရိုးရာ အားကစားနည်းများဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။



ယနေ့ ကျင်းပပြုလုပ်သည့် ပျော်ပွဲရွှင်ပွဲ အားကစားပွဲတွင်  ပြိုင်ပွဲတစ်လျှောက် ထိခိုက်ဒဏ်ရာ မရရှိစေရေးနှင့် စနစ်တကျဖြစ်စေရေးအတွက် အား/ကာမှ တာဝန်ရှိသူများနှင့် ဒိုင်အဖွဲ့ဝင်များ အပါအ၀င် ကြက်ခြေနီအဖွဲ့ဝင်များက အနီးကပ် ကြီးကြပ်ခဲ့ကြောင်းလည်း သိရသည်။



အဆိုပါ ပြိုင်ပွဲသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ လာရောက် အားပေးခဲ့ပြီး ပြိုင်ပွဲအသီးသီးတို့တွင် ဆုများရရှိသည့် ပြိုင်ပွဲဝင် ကလေးသူငယ်များကို တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်နိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်အေးသန္တာကျော် စသည့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~



လွတ်လပ်ရေးနေ့တွင် တာချီလိတ်၌ စိတ်ကြွဆေးပြား အပြား ၁၂၀၀ ကျော် ဖမ်းဆီးရရှိ

$
0
0
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ဖြစ်သည့် ယနေ့ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၄)ရက် နေ့လယ်(၁၁း၄၀)နာရီ အချိန်ခန့်က တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်း ကျေးရွာအုပ်စုအတွင်း၌ စိတ်ကြွဆေးပြား (၁၂၀၀)ကျော်ကို မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရရှိကြောင်း မူးယစ်တပ်ဖွဲ့မှ သတင်းရရှိသည်။


မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့နယ် လွယ်တော်ခမ်း ကျေးရွာအုပ်စု အပိုင်ဖြစ်သော ဟွေရဲပူးပေါင်းစစ်ဆေးရေး စခန်း၌ စစ်ဆေးမှုများ ပြုလုပ်နေကြစဉ် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ လော်မြာ မောင်းနှင်ပြီး လော်ဆု လိုက်ပါလာသည့် မော်တော် ဆိုင်ကယ်အား စစ်ဆေးရှာဖွေရာ လော်ဆု လွယ်ထားသော လွယ်အိတ်အတွင်းမှ Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၇၈)ပြားကို လည်းကောင်း၊ ဆိုင်ကယ်အဲယား ကလင်ဒါအတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၆၀၀)ပြား၊ စုစုပေါင်း စိတ်ကြွဆေးပြား (၆၇၈)ပြားနှင့် ၎င်းတို့ထံမှ မြန်မာငွေများနှင့် ထိုင်းဘတ်ငွေ ရောရာတို့ကို  ရှာဖွေတွေ့ရှိကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါ ပူးပေါင်းအဖွဲ့မှ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူနှစ်ဦးအား မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးသိမ်းဆည်းခဲ့ကြပြီး တာချီလိတ်မြို့မ ရဲစခန်း၌ မယ(ပ)၆/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ အရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

တဆက်တည်းမှာပင် ဟွေရဲပူးပေါင်းစစ်ဆေးရေး စခန်း၌ပင် မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေ စစ်ဆေးရာ ကာလတန်ဖိုးငွေ ကျပ်(၁၅)သိန်းခန့် တန်ဖိုးရှိသည့် Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၆၀၀)ပြားကို ရှာဖွေတွေ့ရှိရသည့် အတွက် သယ်ဆောင်လာသူ လော်ပယ်အား တာချီလိတ်မြို့မ ရဲစခန်းတွင် မယ(ပ)၇/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။

၂၀၁၅ခုနှစ် ဇန်န၀ါရီလ (၁)ရက်နေ့မှ စ၍ ယနေ့ (၄)ရက်နေ့အထိ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ဖမ်းဆီးရရှိမှုမှာ (၇)မှုရှိခဲ့ပြီး၊ ယနေ့ တစ်ရက်တည်းတွင် (၂)မှုနှင့် ပြီးခဲ့သည့် ဇန်န၀ါရီလ(၁)ရက်နေ့က တစ်ရက်တည်းတွင် မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှု (၄)မှုရှိခဲ့ကြောင်း တာချီလိတ်မူုးယစ်တပ်ဖွဲ့စုမှ သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


လွတ်လပ်ရေး မော်ကွန်းဝင် ဆုရရှိထားသူ တက်ရောက်သည့် တာချီလိတ်မြို့၏ လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာ စားပွဲ

$
0
0
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၌ အသစ်ဖွင့်လှစ်ထားရှိသည့် ဟိုတယ်တာချီလိတ်တွင် ယနေ့ ဇန်န၀ါရီလ(၄)ရက် ညနေ(၆)နာရီအချိန်က လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာ စားပွဲအစီအစဉ်နှင့် တာချီလိတ်ခရိုင် အတွင်းရှိ လူမှုစီးပွားရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ၀ိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသော လူမှုကူညီရေး အသင်းအဖွဲ့ (၇)ဖွဲ့နှင့် လုပ်ငန်းရှင်များ အသင်း(၃)သင်းတို့အား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပြီး ကဗျာ၊ ပန်းချီ၊ ကာတွန်းနှင့် စစ်တုရင်ပြိုင်ပွဲတို့တွင် ဆုရရှိသူတို့အား ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။


“နိုင်ငံတော်နှင့်ပြည်သူတို့၏ အကျိုးကို တကယ်စွမ်းစွမ်းတမံ သယ်ပိုးထမ်းဆောင်ခဲ့ကြတဲ့ သူတွေကို ဂုဏ်ပြုတဲ့ အတွက် ၀မ်းသာပါတယ်၊ ဘုရားဟောနဲ့အညီ ပူဇော်သင့် ပူဇော်ထိုက်သူတို့ကို ဂုဏ်ပြုချီးမြှင့်တာဟာ မင်္ဂလာတစ်ပါးပါ”ဟု တာချီလိတ် မြို့နယ်သတင်းစာဆရာများအသင်း ဥက္ကဌ ဦးအောင်ဖြိုးရှိန်ပြောသည်။


ဂုဏ်ပြုညစာ စားပွဲအား လွှတ်တော်ကိုယ်စားလှယ်များ၊ တာချီလိတ်တပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ ခရိုင်/မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာမှ ပုဂ္ဂိုလ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ တိုင်းရင်းသားများ၊ ထိုင်းနိုင်ငံမှ မယ်ဆိုင်မြို့ပိုင် နိုင်းဆုမ်ချိုင်း ရွန့်ဆာခွန်း ဦးဆောင်သော ဧည့်သည်တော်အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

{ လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယဆုရ တပ်ကြပ်ကြီး မြသန်းဖေအား တပ်နယ်မှ ဗိုလ်မှူးကြီးဇော်နိုင်ဦးမှ ဂုဏ်ပြုစဉ်}

လွတ်လပ်ရေးနေ့ ဂုဏ်ပြု ညစာ စားပွဲတွင် လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယဆုရ တပ်ကြပ်ကြီး မြသန်းဖေအား ဂါရ၀ လက်ဆောင်ပေးပြီးနောက် နိုင်ငံတော် သမ္မတကြီး၏ ထူးချွန်ဆုရရှိသော ဒေါ်နီနီစိုးအား ဂုဏ်ပြုလွှာ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တက်ရောက်လာသည့် ဧည့်သည်တော်များမှ ညစာများ သုံးဆောင်ကြပြီး မီးရှုးမီးပန်းများ ဖေါက်ကာ မီးပုံပျံများ လွှတ်တင်ပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုသီချင်းများ သီဆိုခဲ့ကြောင်း သိရသည်။


“ကျွန်တော်တို့မြို့မှာ နိုင်ငံ့ဂုဏ်ဆောင် လွတ်လပ်ရေးမော်ကွန်းဝင် လူတစ်ဦး ရှိတယ်ဆိုတာ အခုမှ သိရလို့ဂုဏ်ယူမိတယ်၊ လွတ်လပ်ရေးနေ့ရဲ့ အရသာကို လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ သူနဲ့ အတူ ညစာသုံးဆောင်ရတာ မယုံနိုင်စရာကြီးဗျာ”ဟု ယင်းအခမ်းအနားသို့ တက်ရောက်လာသူ တစ်ဦးက ပြောသည်။

ဆက်လက်၍ အခမ်းအနားတွင် မြန်မာ့ဆိုင်းဝိုင်းဖြင့် ဂုဏ်ပြုတီးခတ် ဖျော်ဖြေခဲ့ပြီး တာချီလိတ်ခရိုင်အတွင်း လူမှုစီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးများတွင် ပါဝင်ဆောင်ရွက်ကြသည့် လူမှုရေးအသင်းအဖွဲ့များနှင့် စီးပွားရေး လုပ်ငန်းရှင်များအား တာချီလိတ်တပ်နယ်မှ ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသိန်းအောင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်း။ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းတို့ ဦးဆောင်သည့် တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။


တဆက်တည်းမှာပင် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် အခြေခံပညာ ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာ၊ ကာတွန်း၊ ပန်းချီပြိုင်ပွဲများမှ ဆုများ အသီးသီးရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများဆက်လက်ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

၂၀၁၅ ဇန်န၀ါရီလ(၄)ရက်နေ့တွင် (၆၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် နံနက်(၄း၂၀)တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မြို့သူမြို့သားများမှ တာချီလိတ်မြို့၊ ဘုရင့်နောင်ရင်ပြင်တွင် နိုင်ငံတော်အလံတင်ခဲ့ကြပြီးနောက် နံနက်(၆း၃၀)နာရီအချိန်၌ စုပေါင်းအလေးပြု အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြသည်။


ထို့အတူ နံနက်(၈း၃၀)နာရီအချိန်တွင် တာချီလိတ်မြို့နယ် အားကစားကွင်း၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ ရိုးရာအားကစားပြိုင်ပွဲကိုလည်း ကျင်းပပြုလုပ်ခဲ့ပြီးကြောင်း သိရှိရသည်။

ယခုလို လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြု ညစာ စားပွဲကို ကျင်းပပြုလုပ်ခြင်းသည် တာချီလိတ်ခရိုင်၏ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်ကို ပြီးခဲ့သော ၂၀၁၄ခုနှစ်က ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ကြောင်း သိရသည်။

ပုံများကိုကြည့်ရန်
လွတ်လပ်ရေး မော်ကွန်းဝင် ဆုရရှိထားသူ တက်ရောက်သည့် တာချီလိတ်မြို့..
144 photos

 Tachileik Online News ( www.tachileik.net  ) 




~~~~~~~~~~ ကြော်ငြာ ~~~~~~~~~

နမ့်ခမ်းမြို့၌ ကျပ်(၁၉)သိန်းကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

$
0
0
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ကျပ်(၁၉)သိန်းကျော် တန်းဖိုးရှိ ဘိန်းဖြူများကို လက်ဝယ်တွေ့ရှိရသူနှင့်အတူ ဇန်န၀ါရီလ (၄)ရက် နေ့လယ်(၁၂)နာရီ (၁၀)မိနစ်အချိန်ခန့်က ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။


နမ့်ခမ်းမြို့နယ်၊ ရပ်ကွက်(၁၃) အိမ်အမှတ်(--)ရှိ အိုက်ခမ်း၏ နေအိမ်အား ၀ရမ်းအမှတ် (၂/၂၀၁၅)ဖြင့် မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ၀င်ရောက်ရှာဖွေရာ နေအိမ်တွင် အိုက်ခမ်းအား အသင့်တွေ့ရှိနေရပြီး ဆက်လက်၍ ရှာဖွေစစ်ဆေးရာမှာ ဘိန်းဖြူ အလေးချိန် (၁၄)ဂရမ်ခန့်စီပါသည့် ဆပ်ပြာခွက်နေ(၆)ခွက်ကို တွေ့ရှိရာ စုစုပေါင်း အလေးချိန်မှာ (၈၄)ဂရမ်ခန့် ရှိကြောင်း သိရသည်။

"အိုင်ခမ်းရဲ့ နေအိမ်အနောက်ဘက်မှာ ရှာဖွေတော့ ပင်မှည်းသီးစိုက်ထားတဲ့ ၀ါးစဉ်ပေါ်မှာ ဒီမူးယစ်ဆေးဝါးတွေကို သိုဝှက်ထားတာကို ရှာတွေ့တာဖြစ်ပါတယ်၊ အဲ့လိုဘဲ အိပ်ခန်းအတွင်းထဲက ရှုးဖိနပ်ထဲကလည်း ဘိန်းဖြူမှုန့် အလေးချိန်(၃)ဂရမ်ခန့်ရှိတဲ့ ဗူး(၁)ဗူးကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်.."ဟု အဆိုပါ မူးယစ်တပ်ဖွဲ့မှ တာဝန်ရှိသူက တာချီလိတ်အွန်လိုင်းသို့ ပြောသည်။

အိုက်ခမ်းမှ မူးယစ်တပ်ဖွဲ့စုသို့ ထွက်ဆိုချက်အရ ၎င်းသည် မူးယစ်ဆေးဝါးများကို လွန်ခဲ့သော (၁၇)နှစ်ခန့်မှ စတင်သုံးစွဲခဲ့တာဖြစ်ပြီး တစ်ရက်လျင် မူးယစ်ဆေးဝါးများအား (၉၀၀၀၀)ဖိုး ၀ယ်ယူသုံးစွဲနေကြောင်း နှင့် ယခု ဖမ်းဆီး သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများသည် ၎င်းအနေဖြင့် ကိုယ်တိုင်သုံးစွဲရန်နှင့် နမ့်ခမ်းမြို့ရှိ ပေါက်နေလယ်ကွင်းတွင် တဆင့် ပြန်လည်ရောင်းချရာမှ ကျန်ရှိသော ပစ္စည်းများဖြစ်ကြောင်း သိရှိရသည်။

ရှာဖွေသိမ်းဆည်းရရှိသော ဘိန်းဖြူများမှာ စုစုပေါင်း အလေးချိန် (၈၇)ဂရမ်ခန့်ရှိပြီး ကာလတန်ဖိုးငွေမှာ ကျပ်(၁၇)သိန်းကျော်ရှိရာ အိုက်ခမ်းအား နမ့်ခမ်းမြို့မရဲစခန်းတွင် မယ(ပ)၂/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားသည်။

ထို့အတူ ဇန်န၀ါရီလ(၄)ရက်နေ့ နေ့လယ်(၁၂)နာရီ အချိန်က အဆိုပါ ပူးပေါင်းအဖွဲ့မှပင် နမ့်ခမ်းမြို့၊ ရပ်ကွက်(၁၃)ရှိ အိုက်ခမ်း၏ နေအိမ်နေအိမ်၌မှာပင် မူးယစ်ဆေးဝါး သတင်းအရ ရှာဖွေရာ အိုက်ငိုထံမှ ဘိန်းဖြူအလေးချိန် (၁၄)ဂရမ်ခန့်ရှိသည့် ဆပ်ပြာခွက်တစ်ခွက်ကိုရှာဖွေတွေ့ရှိရာ ကာလတန်ဖိုးငွေမှာ ကျပ်(၂၈၀၀၀၀)ခန့် ရှိကြောင်း နှင့် ၎င်းအား နမ့်ခမ်းမြို့မရဲစခန်းတွင် အိုက်ခမ်းနှင့် အိုက်ငိုအား မယ(ပ) ၁/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အရေးယူထားရှိကြောင်း သိရသည်။

သတင်း ။  ။ ကိုဇောင်း
 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~ ကြော်ငြာ ~~~~~~~~~


လားရှိုးသို့ သယ်ဆောင်မည့် စိတ်ကြွဆေးပြားများ ကွတ်ခိုင်အထွက်၌ ဖမ်းဆီးရမိ

$
0
0
ရှမ်းပြည်နယ်၊ မြောက်ပိုင်းဒေသ၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့တွင် ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၄)ရက် နေ့လယ် (၁)နာရီ (၃၀)အချိန်ခန့်က မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ကွတ်ခိုင်မြို့အထွက် ယူကလစ်တောအနီးက လမ်းမပေါ်တွင် စိတ်ကြွဆေးပြားများအား သယ်ဆောင်လာသူနှင့် အတူ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။


မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကွတ်ခိုင် - ကောင်းခါးသွား ကားလမ်း ကွတ်ခိုင်မြို့အထွက် ယူလစ်တော အနီးရှိ လမ်းမပေါ်တွင် မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေကြစဉ်မှာ လွယ်ခန်ရွာဘက်မှ ကွတ်ခိုင်ဘက်သို့ ကောင်းရုံပေါက်(ကျား) မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေ စစ်ဆေးရာ ထိုင်ခုံအောက်ရှိ ဘတ္ထရီဘေးဖုံးဘောက် အတွင်းမှ 88 နှင့် 1 စာတမ်းတစ်ဖက်စီပါသည့် ပန်းရောင် စိတ်ကြွဆေးပြား (၁၉၈၀)ပြားကို ရှာဖွေတွေ့ရှိရာ အဆိုပါ ဆေးပြားများ၏ ကာလတန်ဖိုးငွေမှာ ကျပ်(၃၉)သိန်းကျော် ရှိကြောင်း မူးယစ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူ ကောင်းရုံပေါက်(ကျား)က ယခုဖမ်းဆီးရမိသော စိတ်ကြွဆေးပြားများကို လွယ်ခန်ရွာဘက်မှ ကွတ်ခိုင်မြို့သို့ ဆိုင်ကယ်ဖြင့် သယ်ဆောင်လာခဲ့တာ ဖြစ်ကြောင်း နှင့် ယခုဆေးပြားများအား သယ်ဆောင်ခအဖြစ် ငွေကျပ်(၂)သိန်းဖြင့် သယ်ဆောင်ပေးတာ ဖြစ်ပြီး၊ လားရှိုးသို့ သွားရောက်ပို့ဆောင်ရန် ထွက်ခွာလာရာမှ ယခုလို ကွတ်ခိုင်မြို့အထွက်မှာ ဖမ်းဆီးခံရတာ ဖြစ်ကြောင်း ထွက်ဆိုကြောင်း သိရသည်။

ဆက်လက်၍ စိတ်ကြွဆေးများအား သယ်ဆောင်လာသူ ကောင်းရုံပေါက်(ကျား)အား ကွတ်ခိုင်မြို့မ ရဲစခန်းတွင် မယ(ပ) ၂/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်ဆောင်ရွက်ထားရှိပြီး ကွင်းဆက်တရားခံအား ဖမ်းဆီး ရမိရေးအတွက် မူးယစ်တပ်ဖွဲ့စု (၂၄)လားရှိုးနှင့် မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့ တို့မှ ပူးပေါင်း ဆောင်ရွက်နေလျက်ရှိကြောင်းလည်း သတင်းရရှိသည်။

 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~ ကြော်ငြာ ~~~~~~~~~



တရုတ်နိုင်ငံမှ သစ်သားမော်တော်ကား

$
0
0

တရုတ်နိုင်ငံ၊ လောင်နန်ပြည်နယ်၊ ရှင်ယန်ဒေသတွင် တရုတ်လက်သမားတစ်ဦးမှ လက်မှုဖြင့်သာ ပြုလုပ်ထားသော ဘက်ထရီစွမ်းအင်သုံး သစ်သားမော်တော်ကား တစ်စီးကို လမ်းတစ်လျှောက် မောင်းနှင်ပြခဲ့သည့်အပေါ် တွေ့မြင်ရသူ အိမ်နီးခြင်းများအနေဖြင့် အံအားသင့်စေခဲ့သည်။


အသက်(၄၈)နှစ်အရွယ် လျူဖူလုံဆိုသူမှာ အဆိုပါ မော်တော်ကားအား အချိန်(၃)လခန့်အတွင်း စက်ယန္တာရားများကို အသုံးမပြုဘဲ လက်ချည်းသက်သက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်လာ(၃၀၀၀)ကျော် ကုန်ကျခဲ့ကြောင်းနှင့် သစ်သားဖြင့် ပြုလုပ်သော Electric Car ကို အောက်တိုဘာလတွင် ပထမဆုံးပြုလုပ်ခဲ့ကြောင်း သိရသည်။



သစ်သားမော်တော်ကား Eco-Friendly ကားကို အဆင့်မြှင့်တင်ထားပြီး လူနှစ်ဦး စီးနင်းလိုက်ပါနိုင်ကာ အမြင့်ဆုံးတစ်နာရီကို ကီလို(၃၀)မှ ကီလို(၅၀)ထိ မောင်းနှင်နိုင်ကြောင်းသိရသည်။

ကား၏အရှည်မှာ (၂.၅)မီတာရှည်ပြီး အကျယ်(၁.၃)မီတာရှိကာ အလေးချိန်(၃၅၀)ကီလိုဂရမ်လေးကြောင်း နှင့် ကီလိုမီတာ(၂၀)သွားပြီးတိုင်း လျှပ်စစ်ပြန်လည်သွင်းပေးရမှာဖြစ်ကြောင်းလည်း သိရသည်။

Ref; CCTVNews
Photo: CCTVNews
ဘာသာပြန် ။  ။ စောတာရာ

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~



တရုတ်နိုင်ငံရှိ ယန်ဇီမြစ်အတွင်းသို့ မိလ္လာများစွန့်ပစ်သော ကုမ္ပဏီအား ပြစ်ဒဏ်ချမှတ်

$
0
0
ယနေ့ ၂၀၁၅ ဇန်န၀ါရီ (၅)ရက်နေ့တွင် သန့်ရှင်းရေးကုမ္ပဏီတစ်ခုကို Chongqing မြို့ စည်ပင်သာယာရေး အဖွဲ့မှ ယန်ဇီမြစ်အတွင်းသို့ မိလ္လာများအား တိုက်ရိုက် စွန့်ပစ်ခဲ့ခြင်းကြောင့် အဆိုပါ ကုမ္ပဏီအား ပစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

( မိလ္လာများ စွန့်ပစ်ထားပုံ )

ဒေသအာဏာပိုင်များမှ တရုတ်နိုင်ငံ၏ အရှည်လျားဆုံးမြစ်ဖြစ်ပြီး Egongyan တံတားအနီးရှိ ယန်ဇီမြစ်အတွင်း မိလ္လာများ တိုက်ရိုက်စွန့်ပစ်သည့်  ကိစ္စနှင့်ပတ်သတ်၍ ၂၀၁၅ ဇန်န၀ါရီ (၂)ရက်နေ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း Chongqing မြူနီစပါယ်မှ သိရသည်။

ယန်ဇီမြစ်ရဲ့ မြစ်ရေအမြင့် မီတာ(၅၀)အထက် ရေလွှာကို ထိုဒေသရဲ့ မြို့သောက်သုံးရေ အဖြစ် ရေအရင်းအမြစ်နှင့် မြို့ရေပေးဝေရေးအဖွဲ့မှ ထုတ်ပြန်ထားကြောင်းလဲသိရသည်။

ဇန်န၀ါရီ (၂)ရက်နေ့က ယန်ဇီမြစ်အတွင်း မိလ္လာများစွန့်ပစ်သော ကုမ္ပဏီမှ ပိုက်များနှင့် Tank များအား အသုံးပြုပြီး တိုက်ရိုက် စွန့်ပစ်ခဲ့ကြောင်း ၀န်ခံခဲ့သည်။

ယခုအခါမှာတော့ ရေအရည်အသွေးမှာ ပုံမှန်ဖြစ်သွားပြီဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် မြို့ရေပေးဝေရေးအဖွဲ့မှ မီဒီယာများအား ထုတ်ပြန်ကြေငြာခဲ့သည်။

Ref; CCTVNews
Photo: CCTVNews
ဘာသာပြန် ။ ။ အိမ့်ကြယ်ဖြူ
 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ကွတ်ခိုင်အထွက်၌ ဖမ်းမိ

$
0
0
ရှမ်းပြည်နယ်၊ မြောက်ပိုင်းဒေသ၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့အထွက်၌ မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စိတ်ကြွဆေးပြား နှင့် ဘိန်းဖြူများအား သယ်ဆောင်လာသူနှင့်အတူ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့ ညပိုင်းက ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

ကွတ်ခိုင် - ကောင်းခါးသွား ကားလမ်းဖြစ်သည့်  ကွတ်ခိုင်မြို့အထွက် ယူကလစ်တောအနီး လမ်းမပေါ်တွင် မူးယစ်ဆေးဝါး သတင်းအရ  မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ ကွတ်ခိုင်လှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စောင့်ဆိုင်းနေကြစဉ် လွယ်ခန်ရွာဘက်မှ ကွတ်ခိုင်ဘက်သို့ လအိုင်(ကျား) မောင်းနှင်လာသည့် တရုတ်နိုင်ငံလုပ် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ သို့ဝှက်သယ်ဆောင်လာသည့် 88 နှင့် 1 စာတမ်းတစ်ဖက်စီပါ ပန်းရောင် စိတ်ကြွဆေးပြား (၇၉၂)ပြား နှင့် အလေးချိန် (၂၈)ဂရမ်ရှိသည့် ဘိန်းဖြူမှုန့်များကို ရှာဖွေ သိမ်းဆည်းရမိကြောင်း သိရပြီး ယခုဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးငွေမှာ ကျပ်(၂၁)သိန်းခန့် တန်ဖိုးရှိကြောင်း အဆိုပါ မူးယစ်တပ်ဖွဲ့ထံမှ သိရသည်။

မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူ လအိုင်(ကျား)၏ ထွက်ဆိုချက်အရ ယခုဖမ်းဆီးရမိသော လွယ်ခန်ကျေးရွာမှ ဂါလိုင်ကျေးရွာသို့ သယ်ဆောင်ပေးပါက တစ်ခေါက်လျင် ကျပ်(၅)သိန်း ပေးမည်ဖြစ်ကြောင်း သယ်ဆောင်ခိုင်းသူမှ ပြောသဖြင့် ၎င်းအနေနဲ့ သယ်ဆောင်ပေးတာဖြစ်ပြီး လွယ်ခန့်ရွာမှ အထွက် ကွတ်ခိုင်မြို့အ၀င် ယူကလစ်တော အရောက်မှာ ယခုလို ဖမ်းဆီးခံရတာဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ လအိုင်း(ကျား)အား ကွတ်ခိုင်မြို့မရဲစခန်းမှ မယ(ပ) ၃/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ထားရှိပြီး ကွင်းဆက်တရားခံအား ဖော်ထုတ်ဖမ်းဆီး ရမိရေးအတွက် အဆိုပါ မူးယစ်တပ်ဖွဲ့မှ နယ်မြေခံရဲတပ်ဖွဲ့များနှင့်အတူ ပူးပေါင်း ဆောင်ရွက်နေလျက်ရှိကြောင်း သတင်းရရှိသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~




တရုတ်နိုင်ငံတွင် ကြီးမားသော မှိုကြီးတွေ့ရှိ

$
0
0

တရုတ်နိုင်ငံ၊ ကွမ်ရှီးဒေသရှိ Hezhou ဆိုသူက (၁၀၇)စင်တီမီတာရှိပြီး အလေးချိန် (၇.၄)ကီလိုဂရမ်ရှိသည့် မှိုကြီးအား ၎င်းစတိုးဆိုင်ခန်းတွင် ပြသထားသည်။



ယင်းမှိုသည် နှစ်ပေါင်း (၂၀၀၀)ကျော် သက်တမ်းခန့်ရှိနိုင်ပြီး ဂါနိုဒါးမား သို့မဟုတ် လင်းဇီးအမျိုးအနွယ်ဝင် မျိုးစိတ်ဖြစ်နိုင်ကြောင်းနှင့် တရုတ်ရိုးရာ တိုင်းရင်းဆေး အသုံးပြုရန် အတွက် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း Hezhou မှပြောသည်။


Ref; CCTVNews
Photo: CCTVNews
ဘာသာပြန် ။ ။ အိမ့်ကြယ်ဖြူ


 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

တာချီလိတ်မြို့ရှိ Golden Cherry Hotel မှ နှစ်သစ်ကူး အစီအစဉ်အနေဖြင့် မတ်လအကုန်အထိ တည်းခိုခန်းခများ ၂၀ရာခိုင်နှုန်း လျှော့ချ

$
0
0
ထိုင်း - မြန်မာ - လာအို သုံးနိုင်ငံ နယ်စပ်မြို့လေးတစ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ပြည်တွင်း ပြည်ပမှ ခရီးသွားဧည့်သည်များ၊ စီးပွားရေးလုပ်ငန်းရှင်များ နှင့် ကုန်သည်များ စသည်တို့ သွားလာမှုများ ရှိနေလျက်ဖြစ်ရာ ခရီးတစ်ထောက်နားခိုလို၍ဖြစ်စေ၊ ညဖက် အိပ်စက်အနားယူလို၍ ဖြစ်စေ တာချီလိတ်၌ ဈေးနှုန်းအသင့်တင့်ရှိသည့်အပြင် ၂၀၁၅ခုနှစ် နှစ်သစ်ကူး အထူးအစီအစဉ်အနေဖြင့် အထူးနှုန်းဖြင့် သတ်မှတ်၍ "Golden Cherry Hotel"၀န်ဆောင်မှုပေးနေကြောင်းသိရသည်။


"Golden Cherry Hotel"သည် အထပ်အနေဖြင့် (၇)ထပ်ဖြစ်ပြီး အခန်းပေါင်းမှာ အခန်း(၇၀)ရှိကြောင်း နှင့် တစ်ယောက်အိပ် အခန်းအား တစ်ညလျှင် (၈၀၀)ဘတ်၊ နှစ်ယောက်အခန်းအား ( ကုတင်နှစ်လုံး) တစ်ညလျှင် (၁၃၅၀)ဘတ် နှင့် မိသားစုအခန်း နှင့် VIP အခန်းအား တစ်ညလျှင် (၂၅၀၀)ဘတ် သတ်မှတ်ထားရာ ယခုအခါမှာ ၂၀၁၅ခုနှစ် နှစ်သစ်ကူး အထူးအစီအစဉ်အနေဖြင့် ဇန်န၀ါရီလ(၁)ရက်နေ့မှ မတ်လ(၃၁)ရက်နေ့ထိ (၂၀)ရာခိုင်နှုန်းဖြင့် ပုံပါအတိုင်း လျော့ချပေး၍ ၀န်ဆောင်မှု ပေးနေလျက်ရှိသည်။

"Golden Cherry Hotel"သည် တည်းခိုရန် တစ်ခုတည်းမဟုတ်ပဲ အစားအစာများနှင့် ပတ်သက်၍ သန့်ရှင်းလတ်ဆတ်ပြီး အရသာရှိသော ထိုင်း၊ တရုတ်အစားအစာများကို လာရောက်တည်းခိုသူ ဧည့်သည်များအကြိုက် ဆောင်ရွက်စီမံပေးပြီး ဟိုတယ်သို့ လာရောက် တည်းခိုသည့် ဧည့်သည်မဟုတ်ပဲ ပြင်ပဧည့်သည်များ အနေဖြင့်လည်း လာရောက် စားသောက်နိုင်ရန်အတွက် စီမံထားကြောင်း သိရသည်။


ယင်းအပြင် စီးပွားရေးအသင်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကုန်ပစ္စည်းကြော်ငြာမှုများ စသည့်တို့အတွက် အစည်းအဝေး ခန်းမအဖြစ်လည်းကောင်း၊ မွေးနေ့ပွဲ၊ မင်္ဂလာပွဲအဖြစ် ခန်းမကို အထူးစီစဉ်၍ ၀န်ဆောင်မှုပေးကြောင်းလည်း သိရသည်။


Golden Cherry Hotel တွင် မိတ်ဆွေတို့အနေဖြင့် အခန်းကြိုတင်မှာယူလိုသည်ဖြစ်စေ၊ ဧည့်ခံပွဲ သို့မဟုတ် အစည်းအဝေးပွဲအတွက် ခန်းမကြိုတင် စာရင်းပေးထားလိုသည်ဖြစ်စေ အောက်ပါ ဆက်သွယ်ရန်မှတဆင့် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်မှာ ဖြစ်ပါသည်။

Golden Cherry Hotel 
အားကစားရုံလမ်း၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ တာချီလိတ်မြို့၊
မြန်မာဖုန်း ။        ။ 084-52517 ၊ 08452701၊
ထိုင်းဖုန်း  ။         ။ 093-3067193၊ 0933067195
Email: goldencherryhotel@gmail.com

 Tachileik Online News ( www.tachileik.net  ) 

Star War ရုပ်ရှင်ဇာတ်ကားထဲမှ Darth Vader ဇာတ်ကောင်၏ ပစ္စည်းစုဆောင်းသူ ကမ္ဘာ့ဂရင်းနစ် စာရင်းဝင်သွား

$
0
0
အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့က အသက်(၄၂)နှစ်အရွယ် Bill McBride ဟာ Star War ရုပ်ရှင်ဇာတ်ကားထဲက Darth Vader ဇာတ်ကောင်၏ အထိမ်းအမှတ်ပစ္စည်းစုဆောင်းသူများအနက် အများဆုံး စုဆောင်းသူဖြစ်တဲ့အတွက် ကမ္ဘာ့ဂရင်းနစ် စာရင်းဝင်သွားခဲ့ပါတယ်။


Darth Vader ဇာတ်ကောင် အရုပ်ပေါင်း  (၆၀၀၀၀)ကျော်အား ဒေါ်လာ ( ၂၇၀၀၀၀ )ဖိုးခန့် ၀ယ်ယူ စုဆောင်းခဲ့ကြောင်း သိရပါတယ်။ သူဟာ နှစ်ပေါင်း(၂၀)ကျော် စုဆောင်းခဲ့ရတယ်လို့သိရပြီး အိပ်ခန်း အတွင်းမှာ ပြတိုက်အဖြစ် ခင်းကျင်းပြသထားတယ်လို့ သိရတယ်။

၂၀၁၄ ခုနှစ် မေ(၄)ရက်နေ့က Star War အရုပ်ပေါင်း(၉၂၂၄၀)ကို စုဆောင်းလို့ အမေရိကန်နိုင်ငံ၊ ကယ်လဖိုးနီးယားပြည်နယ် မြောက်ပိုင်း အိုဘီဝန်မှာနေတဲ့ စတီဗင်ဆမ်းဆွစ်ဆိုသူက ကမ္ဘာ့မှတ်တမ်း ဂရင်းနစ်စံချိန်ဝင်သွားခဲ့ကြောင်း သိရပါတယ်။

Star Wars ရုပ်ရှင်ဇာတ်ကားကို ၁၉၇၇ ခုနှစ်မှာ အမေရိကန်နိုင်ငံ Epic Space Opera Film က ထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒါရိုက်တာကတော့ George Luca's ဖြစ်ပါတယ်။ ဒါရိုက်တာ George Luca's ဟာ Star Wars ဇာတ်ညွှန်းကို ၁၉၃၆ ခုနှစ်ကတည်းက ရေးသားပြီး ပုံကြမ်းဆွဲခဲ့တယ်လို့သိရပါတယ်။

Star Wars ရုပ်ရှင်ကားကို ၁၉၇၇ ခုနှစ်နှစ် မေလ (၂၅)ရက်နေ့က ရုံတင်ပြသခဲ့ပြီး အမေရိကန်နိုင်ငံမှာ ၀င်ငွေ ဒေါ်လာ(၄၆၁)မီလီယံရရှိခဲ့ကာ ပြည်ပနိုင်ငံတွေမှာ ပြသခဲ့မှုအတွက် ၀င်ငွေဒေါ်လာ (၃၁၄)မီလီယံ ရရှိခဲ့ပြီး စုစုပေါင်း ဒေါ်လာ(၇၇၅)မီလီယံကို ရရှိခဲ့တယ်လို့သိရပါတယ်။

ဘာသာပြန်။ အိမ့်ကြယ်ဖြူ
Ref; worldrecordacademy , wikipedia
Photo: worldrecordacademy
 Tachileik Online News ( www.tachileik.net  ) 


~~~~~~~~~ ကြော်ငြာ ~~~~~~~~~



ဘိန်းဖြူ နှင့် စိတ်ကြွဆေးပြားများ နမ့်ခမ်းမြို့တွင် ဖမ်းဆီးရမိ

$
0
0
ရှမ်းပြည်နယ်၊ မြောက်ပိုင်းဒေသ၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့တွင် မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဇန်န၀ါရီလ (၅)ရက်နေ့ နေ့လယ်ပိုင်းက စိတ်ကြွဆေးပြားများနှင့် အတူ ဘိန်းဖြူမှုန့်များအား လက်ဝယ်တွေ့ရှိရသူအား ဖမ်းဆီး သိမ်းဆည်း ရမိကြောင်း သတင်းရရှိသည်။


မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်၊ နမ့်ခမ်းလှုပ်ရှားအဖွဲ့ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် နမ်းခမ်းမြို့ အမှတ် (၄)ရပ်ကွက်၊ အိမ်အမှတ်(---)ရှိ စိုင်းရီ(ကျား)၏ နေအိမ်အား ၀ရမ်းအမှတ် (၃/၂၀၁၅)ဖြင့် ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်း၌ စိုင်းရီ(ကျား)အား အသင့်တွေ့ရှိနေရပြီး ဆက်လက်ရှာဖွေ စစ်ဆေးရာ Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား(၈၀၀)ပြား နှင့် ဘိန်းဖြူ(၂၄)ဂရမ်တို့ကို ရှာဖွေ တွေ့ရှိရကြောင်း အဆိုပါ မူးယစ်အဖွဲ့မှ သိရသည်။

"အခုဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေက စိုင်းရီရဲ့ အိမ်အပေါ်ထပ် အိပ်ခန်းအတွင်းက အိပ်ယာအနီးမှာရှိတဲ့ စီးကရက်ဘူးခွံထဲက စိတ်ကြွဆေးပြားတွေကို ရှာဖွေရမိသလို ဆပ်ပြာခွက်(၂)ခွက်အတွင်းက အလေးချိန် (၂၄)ဂရမ်ရှိတဲ့ ဘိန်းဖြူတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်.."ဟု မူးယစ်တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

မူးယစ်ဆေးဝါးများအား လက်ဝယ်တွေ့ရှိရသူ စိုင်းရီအား နမ့်ခမ်းမြို့မ ရဲစခန်းတွင် မယ(ပ)၃/၂၀၁၅၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်တရားခံများကိုလည်း ဖမ်းဆီးရမိရေးအတွက် အဆိုပါ မူးယစ်တပ်ဖွဲ့မှ နယ်မြေခံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ စုံစမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~~~ ကြော်ငြာ ~~~~~~~~~


တာချီလိတ်မြို့မ ယာယီဈေးမှ လက်ပုံသဏ္ဌာန်ဖြစ်နေသည့် မုန်လာဥ

$
0
0
ယနေ့ ၂၀၁၅ခုနှစ် ဇန်န၀ါရီလ(၇)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်မြို့မ ယာယီဈေးတွင် ထူးဆန်းစွာဖြင့် လက်ငါးချောင်းပုံစံ ပါဝင်နေပြီး လက်ပုံသဏ္ဌာန်ဖြစ်နေသည့် မုန်လာဥဖြူတစ်လုံးကို တွေ့ရှိရသည်။


"အခုလို လက်ချောင်းတွေနဲ့ တကယ်တူတာတော့ တစ်ခါမှ မတွေ့ဖူးဘူး၊ လုပ်ယူထားတာလားလို့ အောက်မေ့ရတယ်၊ လက်ဝါးနဲ့ တကယ်တူတယ်"ဟု ယာယီဈေးအတွင်းရှိ အထည်ရောင်းသူ တစ်ဦးကလည်း ပြောသည်။
အဆိုပါ မုံလာဥဖြူ၏ အလေးချိန်သည် ကီလိုဝက် မပြည့်မီ (၄)မစ်သာသာရှိနေပြီး ယခုလို ထူးဆန်းသည့် ပုံသဏ္ဌာန်ကို တစ်ခါမျှ မတွေ့ဖူးကြောင်းနှင့် ယင်းမုံလာဥကို ထိုင်းနိုင်ငံဘက်မှ ကုန်စိမ်းရောင်းချရန် တဆင့်ဝယ်ယူရာမှ ပါလာတာဖြစ်ကြောင်းလည်း ကုန်စိမ်းသည် ဒေါ်စိန်းအေး ထံမှ သိရသည်။

 Tachileik Online News ( www.tachileik.net  ) 

~~~~~~~~ ကြော်ငြာ ~~~~~~~~~

Viewing all 18345 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>