Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all 18345 articles
Browse latest View live

မာလာ အသားကင်ဆိုင်များ ရွေးရခက်နေပါသလား Love Sweety အသားကင်ဆိုင်ကို ရွေးလိုက်ပါ စိတ်ချအတည် စားလို့ကောင်းမည်

$
0
0
တာချီလိတ်မြို့တွင် ညနေပိုင်း အစားအစာအဖြစ် တဖြေးဖြေး တွင်ကျယ်လာသည်ဖြစ်သော "မာလာအသားကင်"ဆိုင်များသည် ယခုအခါမှာ များပြားလာပြီဖြစ်သည့်အတွက် မိသားစုများ၊ မိတ်ဆွေ အပေါင်းအသင်း၊ ရောင်းရင်းများ အနေဖြင့် ဆိုင်များကို ရွေးချယ်ဖို့ ခက်နေမယ်ဆိုရင် တာချီလိတ်အွန်လိုင်းမှ အရသာရှိပြီး သန့်ရှင်းလတ်ဆတ်သလို စားသောက်ရန် နေရာမှာလည်း အပေါ်ထပ်အောက်ထပ် ရှိသည့် ဆိုင်တစ်ဆိုင်ကို ညွှန်းလိုက်ပါရစေ...။



အဆိုပါ ဆိုင်မှာ အသားကင်၊ ငါးကင် မျိုးစုံအပြင် အထုအထောင်း နှင့် အဖျော်ယမကာမျိုးတို့ကို ရရှိနိုင်ပြီး ဆိုင်၏ အပေါ်ထပ်မှာလည်း ထိုင်ချင်စဖွယ်ရှိလှသလို အောက်ထပ်အပြင် ဆိုင်မျက်နှာစာရှေ့တွင်လည်း ထိုင်နိုင်အောင် စီစဉ်ပေးထားတာကိုလည်း တွေ့ရှိရပါသည်။


 { ဆိုင်တည်နေရာ}

"အရင်တုန်းက ရောင်နီဦးဘေးမှာ အခု ဆိုင်နာမည် Love Sweety အမည်နဲ့ပဲ မာလာအသားကင်ရောင်းခဲ့ပါတယ်။ အခုတော့ အဲ့ဒီကနေ ပြောင်းလာပြီး ပြည်တော်သာဈေး ဘေးမှာ လာဖွင့်ထားတာဖြစ်ပါတယ်၊ လာရောက်အားပေးဖို့လည်း ဖိတ်ခေါ်ပါတယ်ရှင်"ဟု Love Sweety အသားကင်ဆိုင်ပိုင်ရှင်ဖြစ်သူ ဒေါ်စိမ်းနု မှ တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။



ဟုတ်ပါသည်။ အဆိုပါဆိုင်သည် ယခင်က ဆန်ဆိုင်းရပ်ကွက်အတွင်းရှိ ရောင်နီဦးဘေးတွင် ဖွင့်လှစ်ရောင်းချခဲ့သည်မှာ စားသုံးသူများ တော်တော်များများ အသိဖြစ်သော်လည်း ယခုလက်ရှိ ဆိုင်နေရာသစ်အား မသိရှိသေးသူများအတွက် ထပ်မံ၍ ညွှန်းလိုက်ရပါသည်။


Love Sweety အသားကင်ဆိုင် ကို ဆန်ဆိုင်းဈေးမှ တဆင့် ဖြတ်သန်းသွားပြီး ပြည်တော်သာ ဈေး၏ အနောက်ဘက် လမ်းကြားတွင် ဖွင့်လှစ်ထားသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ မိတ်ဆွေများ နှင့် ရပ်ဝေးမြေမှ မိတ်ဆွေများလည်း မာလာအသားကင် သုံးဆောင်မည်ဆိုပါ Love Sweety အသားကင်ဆိုင်ကို သွားရောက်ပြီး အားပေးပါလို့ တာချီလိတ်အွန်လိုင်းမှ ညွှန်းလိုက်ပါရစေ....

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
1-1-2014 - 1-6-2014

စိတ်ကြွဆေးပြား ၄၀၀၀ တိတိ မူဆယ်၌ ဖမ်းမိ

$
0
0
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ မူဆယ်မြို့တွင် စိတ်ကြွဆေးပြား ၄၀၀၀ တိတိကို မူးယစ်တပ်ဖွဲ့စု (၂၂)မူဆယ်၊ မြို့ပေါ်လှုပ်ရှားအဖွဲ့မှ ရဲအုပ် ဇော်မင်းသိန်း ဦးစီးသည့် တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့မှ ဇူလိုင်လ(၆)ရက် နေ့လည် (၁၂း၄၅)နာရီအချိန်ခန့်က တရားခံနှစ်ဦးနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မူဆယ် - နမ့်ခမ်းသွားကားလမ်းမ နှင့် လွယ်ဆုတောင်းစေတီအနီးတွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သတင်းရရှိထားသည့်အတွက် စောင့်ဆိုင်းနေကြစဉ် နမ့်ခမ်းမြို့ဘက်မှ မူဆယ်မြို့ဘက်သို့ ဂမ်အောင် စီးနင်း မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် တုန်းကျင်ပေါက် စီးနင်းမောင်းနှင်လာသည့် ဆိုင်ကယ်တို့အား စစ်ဆေးရှာဖွေရန် ရပ်တန့်စဉ် တုန်းကျင်ပေါက်သည် ဆိုင်ကယ်အား ရပ်တန့်ပြီး ထွက်ပြေးသဖြင့် အဆိုပါ ပူးပေါင်းအဖွဲ့မှ လိုက်လံဖမ်းဆီးရာ ပြန်လည်ဖမ်းဆီးရမိခဲ့ပြီးနောက် ၎င်းတို့အား ဆက်လက်ရှာဖွေရာ ဂမ်အောင် မောင်းနှင်လာသော ဆိုင်ကယ်ဂွကြားတွင် သယ်ဆောင်လာသည့် 88 နှင့် 1 စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၄၀၀၀)ပြားတို့ကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ထိုသို့ စိတ်ကြွဆေးပြားများအား အရောင်းအ၀ယ်ပြုလုပ်ရန် သယ်ဆောင်လာကြသူများဖြစ်သည့် အဆိုပါ နှစ်ဦးအား ရဲအုပ် ဇော်မင်းသိန်းမှ တရားလိုပြုလုပ်၍ မူဆယ်မြို့မရဲစခန်းမှ မယ(ပ) ၅၄/၂၀၁၄၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

ရှောင်ရှားသင့်သော အသားကြီး (၁၀ )မျိုး

$
0
0

ရှောင်ရှားသင့်သော အသားကြီး (၁၀ )မျိုး
-------
၁။ လူသား၊ ၂။ ခွေးသား၊ ၃။ မြင်းသား၊
၎။ ဆင်သား၊ ၅။ သစ်ကျုပ်သား၊ ၆။ ကျားသား
၇။ ၀ံသား၊ ၈၊ အောင်းသား၊ ၉။ မြွေသား၊ ၁၀ ခြင်္သေ့သား
ဤ ၁၀ မျိုးအသား မစားအပ်
ဇေယျာမင်း(ကေတု)

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

"စံ"အိမ်ခြံမြေနှင့်အထွေထွေဝန်ဆောင်မှုလုပ်ငန်း တာချီလိတ်၌ ဖွင့်လှစ်

$
0
0
ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ၊ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့သည် လူနေမှု အိုးအိမ်များ များပြားလာသည်နှင့်အညီ အိမ်ခြံမြေ ရောင်းဝယ်မှုများသည်လည်း ဈေးကွက်တစ်ခုပမာ ဖြစ်လာသည့်အတွက် အိမ်ခြံမြေများကို ရောင်းလိုသည်ဖြစ်စေ ၀ယ်လိုသည်ဖြစ်စေ အဆင်ပြေချောမွေ့စေရန်အတွက်  ဦးစံသိန်း+ဒေါ်သဲလျာဝင်း မိသားစုတို့မှ တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်၊ သံဃာဆေးရုံအနောက်ဘက်တွင် "စံ"အိမ်ခြံမြေနှင့်အထွေထွေဝန်ဆောင်မှုလုပ်ငန်း နှင့် တိုးနယား (၂) ပြည်တွင်း လေယာဉ်လက်မှတ် အရောင်းဌာနကို ဖွင့်လှစ်ထားရှိပြီး ဖွင့်ပွဲကို ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၉)ရက် (၈း၄၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြသည်။


အဆိုပါ ဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းထွန်း၊ ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးမြင့်ဦး တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ဆက်လက်၍ ဆိုင်းဘုတ်အား ကြိုးဆွဲ၍ ဖွင့်လှစ်ခဲ့ကြသည်။


ပူးတွဲဖွင့်လှစ်ထားရှိသော "စံ"အိမ်ခြံမြေနှင့်အထွေထွေဝန်ဆောင်မှုလုပ်ငန်း နှင့် တိုးနယား (၂) ပြည်တွင်း လေယာဉ်လက်မှတ် အရောင်းဌာနတွင် ပြည်တွင်းလေယာဉ်လက်မှတ်များကို တစ်နေရာတည်းမှာ ရရှိနိုင်မှာဖြစ်ပြီး ဖုန်းဆက်၍လည်း လေယာဉ်လက်မှတ်များကို မှာယူနိုင်ကြောင်း သိရသည်။



 "စံ"အိမ်ခြံမြေနှင့်အထွေထွေဝန်ဆောင်မှုလုပ်ငန်းသည် မြန်မာနိုင်ငံ အိမ်၊ခြံ၊မြေ ၀န်ဆောင်မှုအသင်း(ဗဟို)မှ ပြီးခဲ့သော ဇွန်လ(၁၄)ရက်နေ့က တာချီလိတ်တွင် သင်တန်းပို့ချပေးပြီးနောက် ပထမဦးဆုံးဖွင့်လှစ်လိုက်သည့် အကျိုးဆောင်လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိရသည်။

 မြန်မာဖုန်း  -

၀၈၄- ၅၂၇၄၇      ၊ ၀၉ - ၅၂၄၂၄၃၅  
၀၉- ၅၂၄၀၂၇၆       ၊ ၀၉- ၄၉၀၃၃၂၅၆
ထိုင်းဖုန်း    -
၀၈၉-၆၃၅၈၈၄၁    ၊ ၀၈၁- ၂၈၉၃၀၄၅
၀၉၄- ၆၄၂၈၄၅၀    ၊ ၀၈၇ - ၅၇၇၄၄၇၈
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

ဆည်တိုတိုက်နယ်အတွင်း နှစ်စဉ်တရားပွဲများ ကျင်းပနိုင်ရန်အတွက် တာချီလိတ်မှာ "ဓမ္မရောင်ခြည်"တရားပွဲဖြစ်မြောက်ရေးအဖွဲ့(ဆည်တို)ကို ဖွဲ့စည်းလိုက်ပြီ

$
0
0
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ဆည်တိုတိုက်နယ်အတွင်း အမျိုးဘာသာ၊ သာသနာ၊ ထိန်းသိမ်းစောင့်ရှောက်စေရေးနှင့် သာသနာတော်ထွန်းကားပြန့်ပွားစေရန် အထူးရည်ရွယ်၍ တာချီလိတ်မြို့ရောက် ဆည်တိုသူ၊ ဆည်တိုသားများမှ "ဓမ္မရောင်ခြည်"တရားပွဲဖြစ်မြောက်ရေးအဖွဲ့(ဆည်တို)အား ၂၀၁၄ခုနှစ် ဇူလိုင်လ(၅)ရက်နေ့က တာချီလိတ်၌  တွေ့ဆုံစုစည်း ညှိနှိုင်းကာ ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။


အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုတွင် အဓိကအားဖြင့်  "ဓမ္မရောင်ခြည်"တရားပွဲဖြစ်မြောက်ရေးအဖွဲ့ (ဆည်တို)အနေဖြင့် လာမည့် ၂၀၁၅ခုနှစ် မတ်လမှစ၍ ဆည်တိုတိုက်နယ်အတွင်း တရားပွဲများ နှစ်စဉ် စဉ်ဆက်မပျက် ကျင်းပနိုင်ရေးအတွက် ဆွေးနွေးကြကြောင်းနှင့် တရားပွဲများ ဖြစ်မြောက်စေရေးအတွက် မတည်အလှူငွေများ ထည့်ဝင်ကြကြောင်း သိရသည်။


"တာချီလိတ်မြို့လို ကြီးကျယ်ခမ်းနားတဲ့ တရားပွဲမျိုး ဆည်တိုမှာ တခါမှ မကျင်းပဖူးသေးဘူး၊ တာချီလိတ်ကလို တရားပွဲမျိုးကို အတုယူပြီးတော့ ကျွန်တော်တို့ ဆည်တိုမှာ နှစ်စဉ်ကျင်းပနိုင်အောင်လို့ ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်၊ အဲ့ဒီလိုပဲ ဒီအဖွဲ့ရဲ့ ရန်ပုံငွေကို မူတည်ပြီးတော့ ဆည်တိုတိုက်နယ်ထဲက (၈)ရပ်ကွက်နဲ့ သက်ဆိုင်တဲ့ ဘာသာရေး၊ ကျန်းမာရေး နဲ့ ပညာရေးတွေ စတဲ့ ဒေသအကျိုးပြု လူမှုလုပ်ငန်းများကိုလည်း တတ်နိုင်သ၍ ဆောင်ရွက်သွားမှာဖြစ်ပါတယ် "ဟု အဆိုပါ တရားပွဲဖြစ်မြောက်ရေးအဖွဲ့ဝင် ဆည်တိုသား တစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောပြသည်။


ယင်းကိစ္စနှင့် ပတ်သက်၍ အမြို့မြို့ အနယ်နယ်သို့ ရောက်ရှိနေသော ဆည်တိုသူ၊ ဆည်တိုသားများ အနေဖြင့် မိမိတို့၏ ဒေသဖြစ်သော ဆည်တိုတိုက်နယ်အတွင်း နှစ်စဉ်တရားပွဲများကို ကျင်းပနိုင်ရန်အတွက် အလှူငွေများဖြင့် ပါဝင်ကုသိုလ်ယူ၍ လှူဒါန်းနိုင်ကြောင်းလည်း သိရှိရသည်ဖြစ်ရာ "ဓမ္မရောင်ခြည်"တရားပွဲဖြစ်မြောက်ရေးအဖွဲ့(ဆည်တို)အား အောက်ပါ ဖုန်းနံပါတ်များမှ တဆင့် ဆက်သွယ်နိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။
သတင်း။    ။ ကိုဇောင်း

 "ဓမ္မရောင်ခြည်"တရားပွဲဖြစ်မြောက်ရေးအဖွဲ့(ဆည်တို)သို့ ဆက်သွယ်ရန်
ဦးဝင်းဦး ( ဥက္ကဌ )
ထိုင်းဖုန်း။   ။ 0877266841၊
ဦးစိုးလှ ( ဒု-ဥက္ကဌ)
မြန်မာဖုန်း။   ။ 09250474164
ဦးဆန်းဝင်း ( အတွင်းရေးမှူး )
မြန်မာဖုန်း။   ။  0936175890
ထိုင်းဖုန်း။   ။ 0876571185
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

လာအိုနိုင်ငံဘက်က ကူးတို့စက်လှေစီးပြီး ရောက်ရှိလာသူထံမှ ဘိန်းဖြူများ ဖမ်းဆီးရမိ

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တြိဂံနယ်မြေဖြစ်သော တာချီလိတ်မြို့နယ် မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ၀မ်ပုံဆိပ်ကမ်းတွင် လာအိုနိုင်ငံဘက်မှ ရောက်ရှိလာသူ  မြန်မာနိုင်ငံသားတစ်ဦးထံမှ ဘိန်းဖြူ ကျပ် (၁၂၂)သိန်းကျော်ဖိုးအားံ ၀မ်ပုံ ရေကြောင်းရဲတပ်ဖွဲ့စု နှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် တို့မှ ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၉)ရက် နံနက်(၉း၅၀)နာရီအချိန်ခန့်က တရားခံနှင့်အတူ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ရေကြောင်းရဲတပ်ဖွဲ့စု(၀မ်ပုံ)၊မဲခေါင်ရဲစခန်းမှ ရဲအုပ်တင်ဇော်ဝင်း ဦးစီးသည့်အဖွဲ့နှင့် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်စိုင်းနော်ဟိန်းတို့ ဦးစီးသော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ ၀မ်ပုံဆိပ်ကမ်းတွင် စစ်ဆေးမှုများပြုလုပ်နေစဉ် လာအိုနိုင်ငံဘက်မှ ကူးတို့စက်လှေစီးပြီး ရောက်ရှိလာသူ မြန်မာနိုင်ငံသား အိုက်ဆိုဒ်အား ရှာဖွေစစ်ဆေးရာ ၎င်း၏ ခါးတွင် ပတ်ထားသော ကာကီရောင်ခါးပတ်အိတ်အတွင်းမှ ဘိန်းဖြူဘလောက်တုံး အလေးချိန်(၃၉၅)ဂရမ်ပါ (၁)တုံး နှင့် (၃၆၉)ဂရမ် ရှိ (၁)တုံး စုစုပေါင်း ဘိန်းဖြူဘလောက်တုံး (၂)တုံးကို ရှာဖွေတွေ့ရှိရာ အဆိုပါ ဘိန်းဖြူများ၏ ကာလတန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၁၂၂)သိန်းကျော် ရှိကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါ ဘိန်းဖြူများအား သယ်ဆောင်လာသူအား ၀မ်ပုံနယ်မြေရဲစခန်းမှ မယ(ပ) ၂/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

ကြမ်းတမ်းတဲ့ဘဝမှ ဘဝကူးကောင်းခဲ့တဲ့ ဦးဘိုခင် ( ဖြစ်ရပ်မှန် ဆောင်းပါး )

$
0
0
ဇူလိုင်လရဲ့ ပထမဆုံးနေ့ရက်လေးမှာ မိုးတွေကလည်း တဖွဲဖွဲရွာနေလေရဲ့။ ဒီနေ့မှာပဲ ကျွန်မအတွက် အမှတ်ရနေမယ့် သနားစရာအဖြစ်အပျက်လေးတစ်ခုက ဆောင်းပါးရေးဖြစ်ခဲ့ရပြန်ပါတယ်။

နိဒါန်းအစပျိုးရရင်တော့ ဇွန်လပိုင်း ၁၅.၆.၂၀၁၄ နေ့လေးတစ်နေ့မှာ အစပျိုးရမှာပါ။ အသင်းသားတစ်ယောက် ကျွန်မဆီ ဖုန်းဆက်လာပါတယ်။ အန်တီ ဦးလေးကြီးတစ်ယောက် ခြေထောက်က လေတစ်ဖက်ဖြတ်နေပြီး ဦးခေါင်းမှာ သွေးတွေနဲ့ လဲနေတယ်။ သူဟာပိုင်ရှင်မဲ့တစ်ယောက် ဘယ်သူမှ ကြည့်မယ့်သူ မရှိဘူးလို့ ပြောလာပါတယ်။
( ဆောင်းပါးရှင်။   ။ ဒေါ်သန်းသန်းဌေး )

ကျွန်မလည်း ကျန်းမာရေးတာဝန်ယူထားသူတွေနဲ့ ဆေးရုံပို့ပြီး ဆက်လုပ်စရာ၊ ကူညီစရာ ကူညီပေးဖို့ပြောခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်မတို့ အသင်းဥက္ကဌ ဦးတင့်ဆွေ ကိုယ်တိုင်ကူညီပေးပြီး ဆေးရုံတက်ဆေးကုသပေးပြီး နေစရာမရှိလို့ အဲ့ဒီ ဦးလေးကြီးကို မြို့မသုသာန်ဇရပ်မှာ နေဖို့ ပို့ပေးခဲ့ပါတယ်။

ဆေးဝါးကုသမှုက ခေါင်းမှာချုပ်ရိုးတွေမို့ ဘယ်မှမသွားဖို့ ပြောပေမယ့် ဦးလေးကြီးက ချိုင်းထောက်ကလေးထောက်ပြီး မြို့အနှံ့ ခြေဆန့်လို့ နေပြန်ပါတယ်။ ဦးလေးကြီးရဲ့ အမည်က ဦးဘိုခင်ပါ။ ယခင် တိုင်းပြည်တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်သားကောင်းတစ်ယောက် ဖြစ်ခဲ့ပါတယ်။ စစ်မှုထမ်းဟောင်းဘဝနဲ့ တစ်ယောက်တည်း ဘဝကို ဆွေမျိုးမရှိ ရင်ဆိုင်ရင်း ခင်မင်တဲ့သူ သနားတဲ့သူ ပေးကမ်းတဲ့ငွေတွေနဲ့ ဘဝကို ကျင်လည်ခဲ့ရပါတယ်။

လေဖြတ်ထားတဲ့ဒဏ်က ဦးနှောက်အာရုံကြောကို ထိခိုက်သွားတယ်ထင်ပါရဲ့။ ပြောသမျှကို သိပ်ပြီး မသိတော့ မမှတ်မိတော့ပါဘူး။ ဦးဘိုခင်ကို တချို့လူတွေက သနားလို့ မုန့်ဖိုးပေးကြတယ်။ ပိုက်ဆံတွေ နည်းနည်းများလာတာနဲ့ ဆေးသမားတွေက အနိုင်ကျင့် ရိုက်နှက်ပြီး လုကြပြန်ပါတယ်။ ပြန်ခုခံနိုင်တဲ့ အင်အားမရှိတဲ့ ဒီဒုက္ခိတ ဦးလေးကြီးကို ခဏခဏ ရိုက်နှက်ကြ၊ လုယက်ကြနဲ့ ဘာမှမသိတဲ့ အာရုံတွေအောက်မှာ သနားစရာပါပဲ။

ကျွန်မတို့အသင်း ဥက္ကဌ အကိုကြီး ဦးတင့်ဆွေကတော့ ဦးလေးကြီး စားဝတ်နေရေး အဆင်ပြေရဲ့လားလို့ အသင်းသားများနဲ့ မကြာခဏ သွားရောက်ကြည့်ရှုပြီး အားပေးကူညီ စောင့်ရှောက်ခဲ့ပါတယ်။ ဒီလိုနဲ့ (၇)ရက်ပြည့်လို့ ခေါင်းက ချုပ်ရိုးဖြည်ဖို့ ဦးဘိုခင်ကို သွားရှာခဲ့ပေမယ့် ဦးဘိုခင်ဟာ ချိုင်းထောက်တစ်ဖက်နဲ့ ခြေဦးတည့်ရာ လျှောက်သွားလို့ နေပါတယ်။ လျှောက်သွားနေတဲ့ ဦးဘိုခင်ကို အသင်းသားတချို့နဲ့ လိုက်ရှာပြီး ဇရပ်ကို ပြန်ခေါ်ဆောင်နေခိုင်းခဲ့ပါတယ်။ ရက်တွေကြာလာတာနဲ့အမျှ (၁)ရက် (၂)ရက်လောက် အသင်းမှာ အလုပ်တွေများတာနဲ့ သွားမကြည့်ဖြစ်ခဲ့ပါဘူး။

မှတ်မှတ်ရရ ဂျူလိုင်လ (၁) ရက်နေ့ နေ့လည် ၁နာရီ နာရေးတစ်ခုရှိလို့ နာရေးပို့ဆောင်ဖို့ မြို့မသုသာန်ကို လာခဲ့ပါတယ်။ ဇရပ်ပေါ်မှာ ခွေခွေလေး အသက်ကို မဝတဝရှူနေတဲ့ ဦးဘိုခင်ကိုတွေ့လိုက်ရချိန်မှာ စိတ်မကောင်းဖြစ်မိပါတယ်။ ရခဲလှတဲ့ လူ့ဘဝမှာ လူဖြစ်ခဲ့ပေမယ့် ဒုက္ခဆင်းရဲခြင်းတွေနဲ့ ဘဝကို ကျင်လည်ခဲ့ရတဲ့ ဦးဘိုခင်ခမျာ ဆွေမျိုး၊ ဇနီး၊ သား၊ သမီးလားဆိုတာ မသိရဘဲ တကိုယ်တည်းနေလို့ ဘာဆိုဘာမှ စုံစမ်းလို့ မရခဲ့ပါဘူး။

ဦးဘိုခင်ကို နာရေးအလောင်းလာတော့မှာဖြစ်တဲ့အတွက် ဇရပ်အနောက်ဖက်ကို အသင်းသူ မသိင်္ဂီနဲ့ ယောင်္ကျားလေးများ ကူညီပြီးရွှေ့ပြောင်းပေးခဲ့ပါတယ်။ ဦးဘိုခင်ရဲ့ ကိုယ်မှာ ဘောင်းဘီလိုလို တစ်ထည်ကိုတွေ့ရပြီး ခန္ဓာကိုယ်မှာ ဘာအဝတ်မှ မရှိဘဲ အသက်ရှူသံမဝတဝနဲ့ ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်နေတာကိုကြည့်ပြီး ကျွန်မ အဝတ်အစား ဝတ်ပေးချင်စိတ်က တားမရလို့ အိမ်ပြန်ယူမယ်ကြံတုန်း မောင်လေးကိုစိုင်းက သူ့ရဲ့အဝတ်တွေ သွားယူမယ်ဆိုလို့ ကျွန်မလည်း ဝမ်းသာပြီး သွားယူခိုင်းခဲ့ပါတယ်။


အဝတ်အစားတွေရောက်လာတော့ ကျွန်မရင်ထဲမှာ အမည်မဖော်နိုင်တဲ့ လှိုင်းတစ်ခု ထသွားခဲ့ပါတယ်။ ဘဝပေါင်းများစွာထဲက ဘဝတစ်ခုမှာ သားအဖများ တော်စပ်ခဲ့လေသလား ၊ ကျေးဇူးများရှိခဲ့လေမလားလို့ တွေးမိလိုက်တာနဲ့ ကျွန်မနဲ့ညီမလေး မသိင်္ဂီနဲ့ နှစ်ယောက် ဦးလေးကြီးရဲ့ အဝတ်အစားတွေကို လဲလှယ်ပေးခဲ့ပါတယ်။

ဘာဆိုဘာမှမသိတော့တဲ့ ဦးဘိုခင်ရဲ့ဘောင်းဘီမှာ ကျင်ကြီးကျင်ငယ်တွေက စိုရွှဲလို့ပါပဲ။ ရွံရှာဖို့ စိတ်မရှိခဲ့တာ ရင်ထဲက ဖြစ်လာတဲ့ မေတ္တာတရားကြောင့်ထင်ပါရဲ့။ အဝတ်အစားလဲ၊ ရေဝတ်ဖတ်၊ စနိုးတာဝါတွေနဲ့ ပေနေတဲ့ မျက်နှာလက်တွေကို သန့်ရှင်းစေပြီး အင်္ကျီအဖြူလေးနဲ့ ပုဆိုးကို ဝတ်ပေးခဲ့မိပါတယ်။


ပြီးတော့ သူ့ရဲ့ပါးစပ်ထဲကို တတ်နိုင်သမျှ ဖြေးဖြေးချင်း အိုဗာတင်းနဲ့ ရေတို့ကို ဖြေးဖြေးချင်းတိုက်ခဲ့ပါတယ်။ ဆာနေတယ်ထင်ပါရဲ့။ မျိုချနေတဲ့ ဦးလေးကြီးရဲ့ပုံက လည်ပင်းတွေလှုပ်နေခဲ့ပါတယ်။ ဖြေးဖြေးချင်း သောက်နေတာတွေ့ရတော့ ဝမ်းသာမိပါတယ်။

ကျွန်မလည်း သူပြန်သတိရလာတာကို ဝမ်းသာပြီး ဦးလေးဦးဘိုခင် ဦးလေးနေကောင်းတုန်းက ဟိုအရင်တုန်းက ပြုခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို ပြန်သတိရလို့ ပြောမိတယ်။ ပြီးတော့ ကျွန်မရဲ့ နှုတ်ခမ်းတွေက တားမရဘူး ဦးဘိုခင်ကို သရဏဂုံနှုတ်ကရွတ်ပြီး ဦးလေးပါးစပ်က လိုက်မဆိုနိုင်ရင်တောင် သမီးဆိုသလို စိတ်ထဲက လိုက်ဆိုပါလို့ အကြိမ်ကြိမ်ပြောမိပါတယ်။ လူတိုင်း လူတိုင်း ခန္ဓာရှိရင် ဝေဒနာရှိတယ်ဆိုတဲ့ တရားတွေကိုလည်း ပြောနေခဲ့မိပါတယ်။ ကျွန်မဒီလိုတရားတွေ ပြောနေမိတာက လူတစ်ယောက်ရဲ့ နောက်ဆုံးအသက် မထွက်မီ ကြုံတွေ့ရမယ့်ဇောမှာ ကောင်းတဲ့အသံ၊ ကောင်းတဲ့အတွေး၊ ကုသိုလ်အသံ၊ တရားသံတွေကြားပြီး ဘဝကူးကောင်းစေချင်တဲ့ ဆန္ဒနဲ့ သတိလေးရလာခိုက်မှာ ကျွန်မပြောတဲ့ တရားသံ ဦးဘိုခင်ကြားပြီး ကုသိုလ်ဇောတွေကပ်ပြီး ကောင်းမွန်တဲ့ ဘဝကို ကူးပြောင်းဖို့ ရင်ထဲက မေတ္တာအပြည့်နဲ့ ပြောနေမိတာပါ။

နောက်သတိတရ ကျွန်မဘတ်ငွေ ၂၀တန်လေးကို ဦးဘိုခင်လက်ထဲထည့်ပေးပြီး ဦးလေးသွားချင်တဲ့နေရာသွားဖို့ ခရီးစရိတ် သမီးပေးတာပါလို့ပြောပြီး လက်ထဲထည့်ပေးလိုက်တော့ ပိုက်ဆံလေးကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားတာတွေ့ရပြီး အိတ်ကပ်ထဲကို လှမ်းထည့်နေတာတွေ့ရလို့ ပိုက်ဆံကိုယူပြီး အင်္ကျီအိတ်ကပ်ထဲ ထည့်ပေးလိုက်ပါတယ်။

ပြီးတော့ သရဏဂုံကို ရွတ်ပြပြီး ဝေဒနာကို ရှုမှတ်ဖို့ပြောတော့ စီးကျလာတဲ့ ဦးဘိုခင်ရဲ့ မျက်ရည်ကို ကျွန်မတွေ့လိုက်ရပါတယ်။ ကျွန်မရင်ထဲ ဘယ်လိုဖြစ်သွားမှန်း မသိအောင် ခံစားရပါတယ်။ ရှေးဘဝတစ်ခုမှာ ဆွေမျိုးမိဘ တော်ခဲ့လေသလားလို့ တွေးမိပြီး အကောင်းဆုံးလုပ်ပေးချင်မိပါတယ်။ မျက်ရည်ကလည်း မကျမိအောင်ထိန်းထားနေရပေမယ့် ကျွန်မမျက်ဝန်းထဲမှာ မျက်ရည်တွေ ပြည့်လျှံနေရင်းနဲ့ သူ့ရဲ့မျက်ရည်တွေ ကျွန်မသုတ်ပေးမိပါတယ်။ ဒီလိုနဲ့ အရှေ့က ဇရပ်ထဲမှာ သံဃာတော်တွေရဲ့ အသုဘရှုတရား ပြီးဆုံးသွားတော့ ဆရာတော်တွေကို လျှောက်တင်မိပါတယ်။

ဦးဘိုခင် မသေဆုံးခင် သူ့ရဲ့နောက်ဆုံးအချိန်လေးမှာ သရဏဂုံလေးတည်ဆောက်ပေးစေလိုကြောင်း လျှောက်တော့ သံဃာတော်တွေက ရွတ်ပေးမယ်ဆိုလို့ ကျွန်မတို့လည်း ဦးဘိုခင်ကို မပြီး သံဃာတွေ အရှေ့မှာ အိပ်စေခဲ့ပါတယ်။ ဆရာတော်တွေကလည်း သရဏဂုံကို လိုက်တည်နိုင်အောင် ငါးပါးသီလကို ဆောက်တည်ခိုင်းပါတယ်။ ကြားတစ်ချက် မကြားတစ်ချက်လားတော့ မသိဘူး ဦးဘိုခင်ရဲ့ မျက်ဝန်းထောင့်မှာ မျက်ရည်ကျလာတာတွေ့လိုက်ရပြန်ပါတယ်။


ကျွန်မလေ ပီတိဖြစ်ရပါတယ်။ မသေခင်အချိန်မှာ သရဏဂုံတည် တရားနာမှုကို ပြုလုပ်ပေးလိုက်ရတာ ဦးဘိုခင် ကံကောင်းတယ်လို့ ကျွန်မဆိုချင်ပါတယ်။ လူတစ်ရာမှာကြုံတောင့်ကြုံခဲဖြစ်ရပ်ပါ။ အမျှတွေဝေပြီးတော့ ဦးဘိုခင်ကို နွေးထွေးစွာထားပြီး ဇရပ်မှာရှိတဲ့ ဦးလေးတစ်ယောက်ကို သေချာစောင့်ကြည့်ပေးဖို့မှာပြီး တနေကုန် ပင်ပန်းနေတာမို့ အိမ်ကိုပြန်ခဲ့ပါတယ်။

အိမ်ရောက်တော့ ရေချိုးပြီး ဦးဘိုခင်ပုံတွေရိုက်ထားတာ ပြန်ကြည့်နေတုန်း ဦးဘိုခင်ဆုံးသွားပြီဆိုတာ အကြောင်းကြားလာတဲ့အတွက် ဦးဘိုခင်ကို သင်္ဂြိုလ်ဖို့ သုသာန်ကို ဒုတိယမိ ပြန်လာခဲ့ရပါတယ်။ ညနေ၆နာရီထိုးနေပြီ ဖြစ်ပါတယ်။ အသင်းသားတွေစုံတော့ အားလုံးစိတ်မကောင်း ဖြစ်နေကြတာတွေ့ရပါတယ်။ စစ်မှုထမ်းဟောင်းတစ်ယောက် ဖြစ်ခဲ့တဲ့အတွက် စစ်မှုထမ်းဟောင်း ဥက္ကဌမှ အမိန့်စာ လာရောက်ပြန်ပေးခဲ့ပါတယ်။

ဦးဘိုခင်ရဲ့ နောက်ဆုံးခရီးကို ကျွန်မတို့ မဇ္ဈိမလူမှုကူညီရေးအသင်းသူ၊ အသင်းသားများမှ ဝမ်းနည်းကြေကွဲစွာ ဥက္ကဌဦးတင့်ဆွေနဲ့ ကျွန်မအပါအဝင် အသင်းသားများ အခေါင်းထမ်းလို့ မီးသင်္ဂြိလ်တဲ့နေရာကို တရွေ့ရွေ့လှမ်းခဲ့ကြပြီး မီးလောင်စင်ပေါ်သို့ ဦးဘိုခင်အလောင်းကို တင်ပေးပြီး နောက်ဆုံးခရီးကို ကောင်းစွာ ပို့ဆောင်ပေးခဲ့ကြပါတယ်။

မီးခိုးငွေ့တွေနဲ့အတူ ကောင်းမွန်တဲ့ ကုသိုလ်ဇောတချက်မှာ ဘဝကူးကောင်းသွားမယ်လို့ ကျွန်မယုံကြည်ပါတယ်။ နောင်ဘဝတွေများရှိခဲ့ရင် ဒီဘဝလို ဒုက္ခိတဘဝ၊ ကြမ်းတမ်းတဲ့ ဘဝဆိုးနဲ့ ဆင်းရဲခြင်းသောကတွေ မခံစားရပါစေနဲ့လို့ ကျွန်မ မီးခိုးငွေ့တွေကြည့်ရင်း ဆုတောင်းပေးနေမိပါတယ်။ ကောင်းရာသုဂတိလားပါစေ အဘဦးဘိုခင် (ခ) ဦးဘခင်၊ အိမ်အပြန်လမ်းမှာ ကားမောင်းရင်း ကျွန်မဆုတောင်းနေမိပါတယ်။ ဒီလိုဘဝမျိုး ဘယ်ဘဝမှာမှ မကြုံရပါစေနဲ့ အဘရယ် လို့ ဝမ်းနည်းတိတ်ဆိတ်ခြင်းတွေနဲ့အတူ ကျွန်မအိမ်ပြန်ရောက်ခဲ့ရပါတယ်။

ဦးဘိုခင်လို အသက်မဆုံးရှုံးခင် အချိန်လေးမှာ သံဃာတော်တွေရဲ့ သရဏဂုံတည်ဆောက်ပြီး ငါးပါးသီလတော်မြတ်ကို ခံယူရတဲ့အဖြစ်မျိုး ကြုံရခဲပါတယ်။ တခါမှလည်း ကျွန်မဘဝမှာ မကြုံခဲ့ရပါဘူး။ သေဆုံးခါနီးအချိန်လေးမှာ သူဟာ သံဃာတော်တွေရဲ့ တရားသံကိုကြားမယ်လို့ ကျွန်မယုံကြည်ပါတယ်။ ကောင်းမွန်တဲ့ ဘဝတစ်ခုကို ကောင်းမွန်စွာ ကူးပြောင်းသွားမယ်လို့လည်း ယုံကြည်ပါတယ်။

လူတစ်ယောက်သေဆုံးခါနီး ဇောတစ်ချက်က အရေးအကြီးဆုံးမို့ ကျွန်မတို့ ဆောင်ရွက်ပေးလိုက်ရတာကို ကျေနပ်မိပါတယ်။ ဒီဆောင်းပါးလေးကို ကျွန်မရင်နဲ့ ခံစားခဲ့ပြီး ကျွန်မရဲ့စာဖတ်ပရိတ်သတ်တွေဆီ မျှဝေခံစားပေးနိုင်အောင် ရေးသားလိုက်ရပါတယ်ရှင်။

အများအတွက်ပေးဆပ်နေမယ့်
ဒေါ်သန်းသန်းဌေး
မဇ္ဈိမလူမှုကူညီရေးအသင်း
၁.၇.၂၀၁၄

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

ကျပ်သိန်းပေါင်း ၁၁၅၀သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ တာချီလိတ်၌ ဖမ်းဆီးရရှိ

$
0
0
ယနေ့ ဇူလိုင်လ(၁၀)ရက် ည (၇း၃၀)နာရီအချိန်တွင် တာချီလိတ်မြို့ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်း၌ ကျပ်သိန်းပေါင်း (၁၁၅၀)သိန်း တန်ဖိုးရှိ အိုက်စ်[ice] (မက်သာအက်ဖီတမင်း)များကို သယ်ဆောင်လာသူနှင့်အတူ မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်နှင့် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရရှိကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ မယ်ယန်းပူးပေါင်းစစ်ဆေးရေးစခန်းတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ ရဲအုပ်ရဲဝင်းထွန်း ဦးစီးသည့် ပူးပေါင်းအဖွဲ့တို့ တာဝန်ကျနေစဉ် မိုင်းကိုးကျေးရွာဘက်မှ တာချီလိတ်ဘက်သို့ အိုက်ဆိုး မောင်းနှင်လာသော ၈က/---- နံပါတ်ပါ မော်တော်ယာဉ်အား မသင်္ကာ၍ ရပ်တန့်စစ်ဆေး ရှာဖွေရာ ကားအတွင်း၌ အလေးချိန် (၅)ကီလိုရှိပြီး ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း (၁၁၅၀)သိန်း ရှိသည့် အိုက်စ်[ice] (မက်သာအက်ဖီတမင်း)များကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ အိုက်စ်[ice] (မက်သာအက်ဖီတမင်း)များအား သယ်ဆောင်လာသူ အိုက်ဆိုး အား တာချီလိတ်မြို့မရဲစခန်းမှ မယ(ပ)၉၈/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


အလင်းရောင်ပရဟိတအသင်းမှ တတိယအကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်းကပ်လှူပွဲ နှင့် (၅၇)ကြိမ်မြောက် စုပေါင်းဆွမ်းလောင်းလှူပွဲ ကျင်းပ

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ ထိုင်း - မြန်မာနယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့တွင် ဘာသာရေး၊ သာသနာရေး၊ နာရေး စသည့် လူမှုရေးလုပ်ငန်းများကို စေတနာဖြင့် အခမဲ့ ကူညီဆောင်ရွက်ပေးနေသော လူမှုရေးအသင်းအဖွဲ့များစွာရှိသည့်အနက် လပြည့်၊ လကွယ်နေ့တိုင်း စုပေါင်းဆွမ်းလောင်းလှူလေ့ရှိသည့် အလင်းရောင်ပရဟိတအသင်းသည် ယနေ့ ဇူလိုင်လ(၁၁)ရက်နေ့ဖြစ်သည့် ၀ါဆိုလပြည့် ဓမ္မစကြာနေ့ နံနက်(၆း၃၀)နာရီအချိန်တွင် တတိယအကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်းကပ်လှူပွဲ နှင့် (၅၇)ကြိမ်မြောက် စုပေါင်းဆွမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာဖြင့် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းရှိ အလင်းရောင်ပရဟိတအသင်း၏ ဆွမ်းလောင်းမဏ္ဍပ်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။





အဆိုပါ လှူဒါန်းပွဲတွင် တာချီလိတ်မြို့နယ်ရှိ ဘုန်းကြီးကျောင်း ( ၅၀ )ကျောင်းမှ ဆရာတော်၊ သံဃာတော်၊ ကိုရင် စုစုပေါင်း ( ၇၃၀ )ပါးနှင့် သီလရှင်ဆရာကြီး၊ဆရာလေး စုစုပေါင်း ( ၅၆ )ပါးတို့မှ ကြွရောက်၍ အလှူခံတော်မူသည်။





 တတိယအကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်းကပ်လှူပွဲတွင် စုပေါင်းပါဝင်လှူဒါန်းထားသည့် သင်္ကန်းများမှာ (၁၀၆၀)စုံ ရှိပြီး အဆိုပါ လှူဒါန်းပွဲတွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် အလင်းရောင်ပရဟိတအသင်း ဥက္ကဌ ဦးမြင့်ဦးနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းသူ၊ အသင်းသားများအပြင် မြို့နယ်အတွင်းရှိ စေတနာရှင် အလှူရှင်များမှ စုပေါင်း ဆွမ်းလောင်းလှူကြပြီးနောက် ၀ါဆိုသင်္ကန်းအား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။





ဆက်လက်၍ လှူဒါန်းမှူ အစုစုတို့အတွက် ရေစက်သွန်းချ တရားတော်နာယူခဲ့ကြပြီးနောက် အလင်းရောင်ပရဟိတအသင်း၏ ဥက္ကဌ ဦးမြင့်ဦးမှ ယခုကျင်းပပြုလုပ်သော တတိယအကြိမ်မြောက် စုပေါင်းဝါဆို သင်္ကန်းကပ်လှူပွဲ နှင့် (၅၇)ကြိမ်မြောက် စုပေါင်းဆွမ်းလောင်းလှူပွဲအတွက် ပါဝင်၍ မတည်လှူဒါန်းကြသော အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

သတင်း။   ။ ကိုဇောင်း
ပုံများကိုကြည့်ရန်
အလင်းရောင်ပရဟိတအသင်းမှ စုပေါင်းဝါဆို သင်္ကန်းကပ်လှူ
147 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ဦးဆောင်၍ ပြည်ခိုင်ဖြိုးပါတီမှ ကျောင်းသား/သူ ၁၈၈ ဦးအား ဂုဏ်ပြုဆု ချီးမြှင့်

$
0
0
တာချီလိတ်မြို့ ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးဖြစ်သည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်းတို့မှ အဓိကဦးဆောင်၍ တာချီလိတ် ပြည်ခိုင်ဖြိုးပါတီနှင့် ပူးပေါင်းကာ  တာချီလိတ်မြို့ ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ နှင့် တက္ကသိုလ်ဝင်တန်း ထူးချွန်သူများ အပါအ၀င် တက္ကသိုလ်ဝင်တန်းရိုးရိုး အောင်မြင်ထားကြသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်သည့် အခမ်းအနားအား ကျပ်သိန်းပေါင်း (၃၅)သိန်း အကုန်အကျခံကာ ယနေ့ ဇူလိုင်လ(၁၁)ရက် နံနက်(၉း၃၀)နာရီအချိန်က တာချီလိတ်မြို့နယ် ပြည်ခိုင်ဖြိုးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။




အဆိုပါ အခမ်းအနားတွင် တာချီလိတ်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုးနှင့်  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း အပြင် ဧည့်သည်အဖြစ် တက်ရောက်လာသူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ မဲဆန္ဒနယ် အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်း တို့ တက်ရောက်ခဲ့ကြပြီး တာချီလိတ်ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ၊ နာယကများ၊ ကျောင်းသား မိဘများ နှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လာကြတာကို တွေ့ရှိရသည်။





အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟို(အရံ)၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်းမှ ယခုလို ပညာရည်ထူးချွန်ဆုပေးအပ်ချီးမြှင့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ တာချီလိတ်မြို့နယ်၌ ပေးအပ်ချီးမြှင့်သလို တာလေမြို့နယ်ခွဲသို့လည်း သွားရောက်၍ ဂုဏ်ပြုဆုများချီးမြှင့်မှာဖြစ်ကြောင်း စသည့်ဖြင့် ရှင်းလင်းပြောကြားသွားသည်။




ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း အပါအ၀င် ပြည်ခိုင်ဖြိုးပါတီ၏ နာယကများ၊ အလုပ်အမှုဆောင်များမှ လူရည်ချွန် (၅)ဦး ပါဝင်သည့် ကျောင်းသား၊ ကျောင်းသူ (၁၈၈)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ၊ အမှတ်တရပစ္စည်းများ နှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။





လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးနှင့် ပြည်ခိုင်ဖြိုးပါတီမှ ကျင်းပပြုလုပ်သော ပညာရည်ထူးချွန် ဂုဏ်ပြုပွဲတွင် ရိုးရိုးအောင်မြင်သူ (၁၄၈)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၁၅)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၇)ဦး၊ (၃)ဘာသာ ဂုဏ်ထူးရှင် (၄)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင် (၃)ဦး နှင့် (၅)ဘာသာ ဂုဏ်ထူးရှင် (၁)ဦး အပြင် လူရည်ချွန် (၅)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၈၈)ဦးပါဝင်ရာ ၎င်းတို့အား ဂုဏ်ပြုချီးမြှင့်ခြင်း နှင့် ကျွေးမွေးဧည့်ခံခြင်းတို့အတွက် စုစုပေါင်း ကျပ်သိန်းပေါင်း (၃၅)သိန်း ကုန်ကျကြောင်း သိရသည်။




 ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ပြီးနောက် ကျောင်းသား၊ ကျောင်းသူ နှစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားအား ပြီးမြောက်စေပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား နေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးကြောင်း သိရှိရသည်။
သတင်း။   ။ ကိုဇောင်း
ပုံများကိုကြည့်ရန်
202 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~ ကြော်ငြာ ~~~~~~~~~

မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် အတွင်းရေးမှူး မှ တာချီလိတ်သို့ လာရောက်၍ TB ရောဂါတိုက်ဖျက်ရေးအကြောင်း ဆွေးနွေး

$
0
0
မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်မှ TB တိုက်ဖျက်ရေး စီမံချက်များအဖြစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီး၊ ခရိုင်/မြို့နယ်အသီးသီး၊ ရပ်ကွက်/ကျေးရွာအသီးသီးတို့တွင် ဆင့်ပွား၍ ဆောင်ရွက်နေလျက်ရှိရာ ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၁၁)ရက် ညနေ(၄း၂၀)နာရီအချိန်က တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် အတွင်းရေးမှူးမှ  TB ရောဂါနှင့် ပတ်သက်၍ ဆွေးနွေးဖလှယ်ခဲ့ကြသည်။



မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် အတွင်းရေးမှူး TB တာဝန်ခံ ဒေါက်တာဝေေ၀လွင်သည် တာချီလိတ်ခရိုင် အတွင်းရှိ ပြည်သူလူထု အခြေပြု TB တိုက်ဖျက်ရေး မြို့နယ်အဆင့် သင်တန်း တက်ရောက်ထားကြသည့် စေတနာ့ဝန်ထမ်းများနှင့် လာရောက်တွေ့ဆုံပြီး လုပ်ငန်း ဆောင်ရွက်ချက်များအား ဆန်းစစ်ခြင်း၊ အားသာချက်၊ အားနည်ချက်များကို သုံးသပ်ဆွေးနွေးအကြံပြုရာ တက်ရောက်လာကြသူများမှ TB ရောဂါနှင့် ပတ်သက်၍ ပွင့်လင်းလွတ်လပ်စွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်။




အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် အတွင်းရေးမှူး TB တာဝန်ခံ ဒေါက်တာဝေေ၀လွင်၊ တာချီလိတ်ခရိုင်အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် တာချီလိတ်မြို့နယ် အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်အေးသန္တာကျော် အပါအ၀င် ရပ်/ကျေး အဖွဲ့ ဥက္ကဌများ၊ စေတနာ့ဝန်ထမ်းများ စုစုပေါင်း (၃၅)ဦး တက်ရောက်လာကြတာကို တွေ့ရှိရသည်။
သတင်း။   ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် တာချီလိတ်၌ အပင်ပေါင်း ၁၀၀၀ စုပေါင်း စိုက်ပျိုး

$
0
0
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ တာချီလိတ်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီး၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် သစ်ပင်အမျိုးအစား (၁၆)မျိုးပါဝင်သည့် အပင်ပေါင်း (၁၀၀၀)တိတိ ပူးပေါင်းစိုက်ပျိုးမှုကို ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၁၂)ရက် နံနက်(၈)နာရီအချိန်က တာချီလိတ်မြို့နယ် ပါဆတ်ရပ်ကွက်၊ မိုင်းယွန်းဆီပန့်အနီးတွင် စိုက်ပျိုးခဲ့ကြသည်။



အဆိုပါ စိုက်ပျိုးပွဲတွင် တာချီလိတ်(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းတို့ ပါဝင်သည့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးထွန်းတင် နှင့် သစ်တောအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ပညာရေးဝန်ထမ်းများ စသည်တို့ တက်ရောက်၍ သစ်ပင်များ စိုက်ပျိုးခဲ့ကြသည်။




ယခုကျင်းပပြုလုပ်သော မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ မဟော်ဂနီ၊ ခရေ၊ ယင်းမာ၊ ငုရွှေဝါ၊ သင်းဝင်၊ စွယ်တော်၊ ဗန်ဒါ၊ အော်ရီရှား၊ သစ်ဆိမ့်၊ မယ်ဇလီ၊ ပင်လယ်ကဗွီး၊ စိန်ပန်းကြီး၊ စိန်ပန်းပြာ နှင့် စိန်တံချူ စုစုပေါင်း သစ်ပင်အမျိုးအစား (၁၆)မျိုး ပါဝင်ပြီး စုစုပေါင်း အပင်အရေအတွက်မှာ (၁၀၀၀)တိတိရှိကြောင်း သိရသည်။




မြို့နယ်သစ်တောဦးစီးဌာနမှ ပြီးခဲ့သော ဇွန်လအတွင်းက အခြေခံမှုလတန်းလွန်ကျောင်း(တာလော့)တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အဖြစ် သစ်ပင်(၉)မျိုးပါဝင်သည့် အပင်ပေါင်း (၄၀၀)တိတိကို စိုက်ပျိုးခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း(ဟောင်လိတ်)တွင် ကမ္ဘာ့သစ်ပင်များနေ့အဖြစ် သစ်ပင်(၁၀)မျိုးပါဝင်သည့် အပင်ပေါင်း (၃၀၀)တိတိကို စိုက်ပျိုးခဲ့ပြီးကြောင်းလည်း သိရသည်။



မြို့နယ်သစ်တောဦးစီးဌာနမှ ဇွန်လနှင့်ဇူလိုင်လအတွင်း တာချီလိတ်မြို့နယ်၌ စိုက်ပျိုးပြီးသည့် သစ်ပင်စုစုပေါင်းမှာ (၁၇၀၀)တိတိရှိကြောင်း သိရှိရသည်။
သတင်း။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~ ကြော်ငြာ ~~~~~~~~~


တာချီလိတ်မြို့ ၀မ်မိုင်ရွာအတွင်း မြေယာပြဿနာကိစ္စအား ကနဦးမြေပြင် ကွင်းဆင်းလေ့လာ

$
0
0
ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသတစ်ခုဖြစ်သည့် တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် ဆန်ဆိုင်း(ခ)ရပ်ကွက် အပိုင်ဖြစ်သော ၀မ်မိုင်ကျေးရွာထဲတွင် မြေယာပိုင်ဆိုင်မှု ပြဿနာများဖြစ်ပွားနေသည့် ကိစ္စနှင့် ပတ်သက်၍ သိရှိနိုင်ရန်အတွက် သက်ဆိုင်ရာများမှ ယနေ့ ဇူလိုင်လ(၁၂)ရက် နံနက်(၁၀း၃၀)နာရီ အချိန်က မြေပြင်ကွင်းဆင်းလေ့လာခဲ့ကြသည်။


မြေယာပိုင်ဆိုင်မှု ပြဿနာများဖြစ်ပွားနေသည့် ကိစ္စများအား သိရှိနိုင်ရန်အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ ဦးဆောင်သည့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီးထွန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်အထောက်အကူပြု ဥက္ကဌ ဦးကြည်မြင့် နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မြေစာရင်းမှူး နှင့် မြေတိုင်းအဖွဲ့များ၊ ခရိုင်/မြို့နယ် သစ်တောဦးစီးမှူးနှင့် အဖွဲ့များမှ စုပေါင်း၍ ကွင်းဆင်းလေ့လာကြသည်။


ခရိုင်အုပ်ချုပ်ရေးမှူး နှင့် ကွင်းဆင်းအဖွဲ့များသည် ဆန်ဆိုင်း(ခ)၀မ်မိုင်ရွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့စိုက်ခင်းနှင့် ရဲတန်းလျားရှေ့ တွင် ရှေးဦးစွာ ဆန်ဆိုင်းရပ်ကွက်နေ မနန်းဗင် နှင့် ရဲတပ်ဖွဲ့စိုက်ခင်း ( ၂ )ဧကခွဲ ပြဿနာဖြစ်မှုအား နှစ်ဦးနှစ်ဖက် တွေ့ဆုံမေးမြန်းခြင်းများဆောင်ရွက်ခဲ့ကြသည်။



ဆက်လက်ပြီး ဆန်ဆိုင်းရပ်ကွက်နေ ဒေါ်နန်းဖုန်းပန် နှင့် ခရိုင်စိုက်ပျိုးရေး ဘိန်းပပျောက်ရေး အသိပညာပေးခြံပြဿနာ၊ ဆန်ဆိုင်းရပ်ကွက်နေ ဦးအိုက်ရမ်း၊ ဦးအိုက်ပင်း တို့နှင့် ခရိုင်စိုက်ပျိုးရေး ဘိန်းပပျောက်ရေး အသိပညာပေးခြံ ပြဿနာများအားလည်းကောင်း၊ ဒေါ်နန်းဖုန်းပန် နှင့် ဦးအိုက်ရမ်း၊ ဦးအိုက်ပင်း တို့နှစ်ဦးနှစ်ဖက်မှပင် စိုက်ပျိုးရေးဘိန်းပပျောက်ရေး အသိပညာပေးခြံအား ဘိုးဘွား လက်ထက်ကတည်းမှ သူပိုင်သည် ငါပိုင်သည် စသည့် မြေပြဿနာ များအား တွေ့ဆုံမေးမြန်း ညှိနှိုင်းဆောင်ရွက်ကြသည်။


ကွင်းဆင်းအဖွဲ့သည် မြေစာရင်းဦးစီးဌာန မြေတိုင်း(၄) ဦးရန်ငြိမ်း၊ မြေတိုင်း ဦးစိုင်းလုံတစ်တို့မှ ယနေ့တွင် ကွင်းဆင်းမြေတိုင်းတာသည့် ဒေါ်ဘူးဖယ် နှင့် ဒေါ်ညိုမာ တို့၏ မြေအငြင်းပွားမှုပြဿနာ၊ဒေါ်တင်တင် နှင့် ဒေါ်ဘူးဖယ် တို့၏ မြေအငြင်းပွားမှုပြဿနာများအတွက် ကွင်းဆင်းမြေတိုင်းတာမှုများနှင့် အခြေအနေများကို လည်းကောင်း၊ ၀မ်မိုင်ဂေါပကအဖွဲ့မှ တင်ပြလာသည့် ၀မ်မိုင်ဘုန်းတော်ကြီးကျောင်းနှင့် စိုက်ပျိုးရေးကုန်းမှ ဒေါ်တင်တင် မြေအစပ်အထိ မြေတိုင်းတာပေးရေးကိစ္စများကို တွေ့ဆုံ ညှိနှိုင်းခဲ့ကြပြီးနောက် ယခုလို ကနဦးဆုံး ကွင်းဆင်းစစ်ဆေးကြည့်ရှုခြင်းများနှင့် ပတ်သက်ပြီး တွေ့ရှိချက်များကို အမှန်အတိုင်း ခရိုင်/မြို့နယ်မြေစာရင်းမှတဆင့် ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့သို့ အမြန်ဆုံးတင်ပြပေးရန် လမ်းညွှန်မှုပြုပြီး ညွှန်ကြားခဲ့ကြသည်။
သတင်း။   ။ သာစည်မျိုးသန့်

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

တာချီလိတ် စစ်ဗျူဟာမှူး ဦးစီးသည့် တပ်မတော်နယ်လှည့် ဆေးကုသရေးအဖွဲ့မှ မိဘမဲ့နှင့်မရှိနွမ်းပါး ကလေးသူငယ်များအား ဆေးကုပေး

$
0
0
မိဘမဲ့ ကလေးသူငယ်များနှင့် မရှိနွမ်းပါး ကလေးသူငယ်များကို ထိန်းသိမ်းစောင့်ရှောက်၍ ပညာရေး၊ စားဝတ်နေရေးစသည်တို့ကို တာဝန်ယူ၍ ထိန်းကျောင်းပေးနေလျက်ရှိသော  ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာရှိ ရွှေတောင်တန်း(ပရဟိတ)ရွှေတောင်တန်းကျောင်းတိုက်ရှိ ကလေးသူငယ်များနှင့် ဟွေရဲကျေးရွာတစ်ဝိုက်ရှိ တိုင်းရင်းသားများအား စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး ဦးဆောင်သည့် တပ်မတော်မှ ဆရာဝန်နှင့်ကုသရေးအဖွဲ့တို့သည် ဒုတိယအကြိမ်အဖြစ် ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၁၂)ရက် နံနက်(၇)နာရီမှ နေ့လည် (၁၁)နာရီအထိ ဆေးဝါးကုသပေးခဲ့ရာ ဒေသခံတိုင်းရင်းသားများမှ ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြကြောင်း သိရသည်။



စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး ဦးဆောင်သည့် ကျန်းမာရေးအဖွဲ့သည် (ပရဟိတ) ရွှေတောင်တန်းကျောင်းတိုက်ရှိ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ် (၅၁)ဦး နှင့် ဟွေရဲကျေးရွာတစ်ဝိုက်ရှိ ဒေသခံတိုင်းရင်းသားများဖြစ်သည့် အမျိုးသား (၁၀)ဦး အမျိုးသမီး(၂၉)ဦး နှင့် ကလေးသူငယ် (၃၀)ဦး တို့ကို ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ဆေးဝါးများကုသပေးခြင်း၊ သောက်ဆေး၊ စားဆေးများအား ထောက်ပံ့ပေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။



အဆိုပါ ကျောင်းတိုက်နှင့် ဟွေရဲကျေးရွာတစ်ဝိုက်ရှိ ဒေသခံတိုင်းရင်းသားများအား ဆေးကုသပေးရာတွင် ဒေသခံပြည်သူ့စစ်ခေါင်းဆောင် ဦးလောတာ နှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်မှ လိုအပ်ချက်များကို တစ်ပါတည်း ကူညီဆောင်ရွက်ပေးကြောင်းလည်း သိရသည်။



ယခုလို ကွင်းဆင်း၍ ဆေးဝါးကုသပေးသော စစ်ဗျူဟာအဖွဲ့ (အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး ဦးဆောင်သည့် တပ်မတော်မှ ဆရာဝန်နှင့်ကုသရေးအဖွဲ့တို့သည် ပြီးခဲ့သော ဇွန်လ နောက်ဆုံးအပတ်က မယ်ကြုတ်ကျေးရွာ၊ ပါခေါင်၊ ပါလ နှင့် ကြိုးတံတားကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ရွာများတွင်လည်း ဒေသခံတိုင်းရင်းသား (၄၅၀)ခန့်တို့ကို ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ဆေးဝါးများကုသပေးခြင်း၊ သောက်ဆေး၊ စားဆေးများအား ထောက်ပံ့ပေးခြင်းများ ပြုလုပ်ခဲ့ပြီးကြောင်းလည်း သိရှိရသည်။
သတင်း။   ။ ကိုဇောင်း


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


တာချီလိတ်၌ မိုးရွာ၍ မြေကာနံရံပြိုကျရာမှ လူ(၇)ဦး ပွဲချင်းပြီး သေဆုံး

$
0
0
 ၂၀၁၄ခုနှစ် ဇူလိုင်လ(၁၂)ရက် ညသန်းခေါင်ကျော်အချိန်ခန့်မှစတင်ကာ သည်းထန်စွာ မိုးရွာသွန်းမှုကြောင့် မြေထိန်းနံရံပြိုကျကာ နေအိမ် (၂)လုံးပျက်စီးပြီး လူ(၇)ဦးသေပွဲချင်းပြီး
သေဆုံးသည့် ဖြစ်စဉ်တစ်ခု တာချီလိတ်မြို့နယ် ၀မ်ကောင်းရပ်ကွက်မြန်မာရွာတွင် ဖြစ်ပွားခဲ့သည်။


( ရုပ်သံ )

ဖြစ်ပွားပုံမှာ ဇူလိုင်လ(၁၂)ရက် ညသန်းခေါင်ကျော် အချိန်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တာချီလိတ်မြို့နယ် ၀မ်ကောင်းရပ်ကွက်အပိုင် မြန်မာရွာရှိ အိမ်အမှတ် (၆/၄၃၃)နေ ဦးကျော်ဌေးလင်း ပိုင်သော နေအိမ် နှင့် (၃)ခန်းတွဲ အိမ်တန်းလျားတစ်ခုတို့ ဘေးနံရံရှိ အမြင့်ပေ (၂၀)ခန့်ရှိသော ကျောက်ရိုးစီဖို့မြေများသည် မိုးရွာသွန်းမှုအရှိန်ကြောင့် ယနေ့ ဇူလိုင်လ(၁၃)ရက် နံနက်(၂)နာင်္ရီခန့်တွင် ပြိုကျခဲ့ရာ နေအိမ်(၂)ခုလုံး ပြိုကျပျက်စီးသွားခဲ့သည်။


ထိုသို့ ပြိုကျပျက်စီးမှုကြောင့် နေအိမ်အတွင်း အိပ်ပျော်နေသည့် အိမ်ရှင် ဦးကျော်ဌေးလင်း(၄၀)နှစ်၊ ဇနီးဖြစ်သူ ဒေါ်ရင်ရင်နု(၃၉)နှစ် နှင့် ၄င်းတို့၏ (၈)လသားအရွယ်ရှိ သား မောင်ဘုန်းမင်းခန့်တို့ တစ်ပြိုင်နက်တည်း သေဆုံးသွားခဲ့သည်။


အလားတူ ၄င်းနေအိမ်တွင် အိမ်ခန်းငှားနေထိုင်သူ ဦးခင်မောင်သောင်း(၄၅)နှစ်၊ ဇနီးဖြစ်သူ ဒေါ်ဝင်းစန်း(၃၅)နှစ်၊ သား မောင်ဥာဏ်လင်းအောင် (၁၂)နှစ်၊ သမီးမသဲစုအောင် (၇)နှစ် တို့မှာ အဆိုပါနေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ကြသည်။


အိမ်ခန်းငှားများဖြစ်ကြသည့် ဦးအောင်ကျော်လွင် နှင့်ဇနီး မလဲ့လဲ့မြင့်၊ ကိုကြည်မြင့် နှင့် ဇနီး မစန်းစန်းမြင့် တို့မှာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်သွားခဲ့သည်။


 
ထိုသို့ ဖြစ်ပွားရာသို့ စစ်ဗျုဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး ဦးဆောင်သည့် တာချီလိတ်တပ်နယ်မှ တပ်မတော်သားများ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းဝင်း၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် ပြည်ခိုင်ဖြိုးပါတီဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးမှ အဖွဲ့ဝင် (၃၀)ခန့်၊  မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်နိုင် ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင်(၁၅)ဦး နှင့် အရန် မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီ ဥက္ကဌ ဦးကြည်မြင့်နှင့် ကော်မတီဝင်များ၊ သတ္ထူလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ တာချီလိတ်နာရေးကူညီမှုအသင်း နှင့် လူမှုကူညီရေးအဖွဲ့အစည်းများ စသည့် ပူးပေါင်းအဖွဲ့မှ ကယ်ဆယ်ရေးများကို ဆောင်ရွက်ကြရာ မင်းခေတ်သစ်ဆောက်လုပ်ရေး ကုမ္ပဏီင်္မှ ဈေးဆောက်လုပ်ရေးမှ လုပ်သား (၅၀)ခန့် တို့အပြင် မင်းခေတ်သစ်ဆောက်လုပ်ရေး ကုမ္ပဏီင်္၏ မြေကော်စက်ဖြစ်သည့် ဘက်ဟိုး(Backhoe)စက်ဖြစ်  ဖော်ယူခဲ့ကြကြောင်း သိရသည်။



အခုလို ဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ "အခုလို ဖြစ်ပွားရတာဟာ မြေကာနံရံတွေကို အင်ဂျင်နီယာတွေနဲ့ စနစ်တကျ တွက်ချက်ပြီး တည်ဆောက်ထားတာ မဟုတ်ပဲနဲ့ ငွေကြေး အပြည့်အ၀မသုံးတဲ့အတွက် နီးစပ်ရာ ပန်းရံသမားများနဲ့ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက်ကြောင့် မြေကာနံရံတွေက
ရေကာတာသဖွယ် ဖြစ်နေတဲ့အပြင် ရေပေါက်များ သေးငယ်နေခြင်းတို့ဟာ မိုးရွာလာတိုင်း ရေနဲ့မြေတို့ရဲ့ ဖိအားကို မခံနိုင်တဲ့အခါ အားနည်းရာနေရာကနေပြီး ပွင့်ထွက်လာတဲ့ သဘောပေါ့၊ အဲ့လို ဖြစ်လာတဲ့အခါမှာ အသက်ဆုံးရှုံးရတဲ့အတွက် နောက်ဆိုရင် ပတ်ဝန်းကျင် မြေကာနံရံအနီးမှာ ကပ်ပြီး မဆောက်ကြစေလိုပဲ သတ်မှတ်ထားတဲ့ အကွာအဝေးကနေ တည်ဆောက်ဖို့လိုပါတယ်၊ မြေကာနံရံ တည်ဆောက်တဲ့အခါမှာလည်း စနစ်တကျဖြစ်အောင်လို့ အင်ဂျင်နီရာနဲ့ တွက်ချက်ပြီးမှ တည်ဆောက်စေချင်ပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေမှ တာချီလိတ်အွန်လိုင်းသို့ အသိပေး ရှင်းပြလာသည်။

သတင်း။   ။ မောင်ယဉ်ကျေး၊ ကိုဇောင်း
ဓါတ်ပုံ။   ။ မောင်ယဉ်ကျေး၊ စည်သူမောင်၊ ရင်ခုန်သံ၊ ကိုဇောင်း

ပုံများကိုကြည့်ရန်
တာချီလိတ်၌ မိုးရွာ၍ မြေကာနံရံပြိုကျရာမှ လူ(၇)ဦး ပွဲချင်းပြီး သေ
30 photos


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~


စိတ်ကြွဆေးပြားများ ကိုယ်တိုင်လက်ဖြင့်ရိုက်နှိပ်ပြီး ထုတ်လုပ်ရောင်းချနေသူကို တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်တွင် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရရှိ

$
0
0
တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်၊ တော်ကော့အတွင်းလမ်းကြားတွင် စိတ်ကြွဆေးပြားများအား ကိုယ်တိုင်လက်ဖြင့်ရိုက်နှိပ်ပြီး ထုတ်လုပ်ရောင်းချနေသည့် နေအိမ်တစ်အိမ်မှ စိတ်ကြွဆေးပြားများ နှင့် စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို ဇူလိုင်လ(၁၂)ရက် ည(၆)နာရီခန့်က တရားခံနှင့်အတူ မူးယစ်ဆေးဝါးများအား ရှာဖွေဖမ်းဆီး ရရှိကြောင်း သတင်းရရှိသည်။


ဖြစ်စဉ်မှာ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့စု(၃၀)တာချီလိတ်ရှိ ရဲအုပ်စိုင်းခမ်းစိုင်း ဦးစီးအဖွဲ့၊ စစ်ဗျူဟာ(အခြေချ)တာချီလိတ်မှ ဗိုလ်ကြီးကျော်ဇေယျ ဦးစီးသည့် အဖွဲ့ နှင့် စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့(စရဖ)တပ်စု(၂)မှ ဒုတပ်ကြပ် ရဲမင်းထွန်းတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့သည် တာချီလိတ်မြို့ ၀ိန်းကျောက်ရပ်ကွက်၊ တော်ကော့အတွင်းလမ်းကြားရှိ နေအိမ်တစ်အိမ်တွင် စိတ်ကြွဆေးပြားများအား ကိုယ်တိုင်လက်ဖြင့်ရိုက်နှိပ်ပြီး ထုတ်လုပ်ရောင်းချနေကြောင်း သတင်းရရှိထားသည့်အတွက် ၀င်ရောက်ရှာဖွေ ခဲ့ကြသည်။

ထိုသို့ သွားရောက်ရှာဖွေရာတွင် သတင်းရရှိထားသူ တာဝမ်းအား အသင့်တွေ့ရှိနေပြီး ၎င်းအိပ်သည့် အိပ်ခန်းအတွင်းမှ ပန်းရောင် စိတ်ကြွဆေးမှုန့် (၃၃)ဂရမ်ပါ (၁)ထုပ်၊ Wy စာတမ်းပါ ပန်းရောင် စိတ်ကြွဆေးပြား (၄၆)ပြား၊ အဖြူရောင် ကဖင်းမှုန့်အလေးချိန် (၉၇၀)ဂရမ်ပါ (၁)ထုပ်၊ ဆူဒိုအက်ဖီဒရင်းဆေးပြား (၁)ထုပ်လျှင် (၁၀၀၀)ပြားစီပါသည့် (၂၈)ထုပ်နှင့် (၈၅၀)ပြားပါ (၁)ထုပ်၊ စုစုပေါင်း (၂၈၈၅၀)ပြားရှိရာ အဆိုပါ ဆူဒိုအက်ဖီဒရင်းဆေးပြားများ၏ ကာလတန်ဖိုးငွေမှာ ကျပ်သိန်းပေါင်း (၂၈.၈၅)သိန်းခန့်ရှိကြောင်း သိရသည်။

ဆက်လက်၍ ရှာဖွေရာ စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသည့် အနံ့ဆေးရည် (၁)လီတာစီပါသည့် ပုလင်း(၃)လုံး၊  အနံ့ဆေးရည်(၁၀၀)မီလီလစ်တာစီပါသည့် (၂)ပုလင်း၊ စိတ်ကြွဆေးပြား ထုတ်လုပ်ရာတွင် အသုံးပြုသော ပန်းရောင်အရည် (၁၀၀)မီလီလစ်တာပါ (၁)ဗူး၊ အ၀ါရောင်အနံ့မှုန့် (၁.၃၉)ကီလိုဂရမ်ပါ (၁)ထုပ်၊ ဒီဂျစ်တယ်ချိန်ခွင်အသေး (၁)ခုနှင့် ဆေးပြားရိုက်နိပ်ရာတွင် အသုံးပြုသည့် အရှည်(၉)လက်မှ အချင်း(၁)လက်မခန့်ရှိ Wy စာတမ်းပါ လက်ရိုက်မှို(၁)စုံတို့ကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ စိတ်ကြွဆေးပြားများ နှင့် စိတ်ကြွဆေးပြားထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီးမိသူအား တာချီလိတ်မြို့ရဲစခန်းမှ မယ(ပ)၁၀၀/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ)/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

တာချီလိတ်၌ မိုးရွာ၍ မြေထိန်းနံရံပြိုကျရာမှ လွတ်မြောက်လာသူ (၄)ဦးအား စိတ်အားမငယ်ရန်အတွက် ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများမှ အားပေးရင်း ဆေးကုသငွေထောက်ပံ့

$
0
0
၂၀၁၄ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့ နံနက်(၃)နာရီအချိန်ခန့်က တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်ထဲရှိ မြန်မာရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပွားပြီးနောက်မှာ ကျောက်ကြီးစီထားသော မြေထိန်းနံရံသည် နေအိမ်အခန်းငှားပေါ်ကို ပြိုကျလာပြီးနောက် ကလေး (၃)ဦးနှင့် လူကြီး(၄)ဦး စုစုပေါင်း (၇)ဦး သေဆုံးခဲ့ပြီး (၄)ဦး ဒဏ်ရာ ရရှိသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသည်။


( ရုပ်သံ )


ထိုသို့ ဖြစ်ပွားမှုကြောင့် အမျိုးသား(၂)ဦး အမျိုးသမီး(၂)ဦး စုစုပေါင်း(၄)ဦးကို တာချီလိတ်ပြည်သူ့ဆေးရုံသို့ ဆေးဝါးကုသနိုင်ရန်အတွက် ပို့ဆောင်ထားပြီးနောက် ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၁၄)ရက် နံနက်ပိုင်းတွင် တာချီလိတ်(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းတို့ ပါဝင်သည့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာ အကြီးအကဲများက ဆေးရုံအတွင်း သွားရောက်ပြီး လူနာများအား လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် ကြည့်ရှု အားပေးခဲ့ကြသည်။



ထိခိုက်ဒဏ်ရာရ လူနာ(၄)ဦးဖြစ်သည့် အသက် (၃၉)နှစ်ရှိ ဦးအောင်ကျော်လွင်၊ အသက်(၂၇)နှစ်ရှိ ကိုမျိုးလင်းအောင်၊ အသက်(၃၇)နှစ်ရှိ ဒေါ်လဲ့လဲ့မြင့် နှင့် အသက်(၂၇)နှစ်ရှိ မစန်းစန်းမြင့်တို့အား အဆိုပါ အဖွဲ့မှ တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၂၀၀၀)နှုန်းဖြင့် စုစုပေါင်း (၈၀၀၀)ဘတ်ကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။



ထိုသို့ ထောက်ပံ့ရင်းနှင့် စစ်ဗျူဟာမှူးကြီး နှင့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ အဆိုပါ လူနာများအား လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် သက်သာသည်အထိ ဆေးကုသမှုခံယူနိုင်ရန်အတွက် ဆောင်ရွက်ပေးနိုင်ရန် ဆေးရုံရှိ တာဝန်ရှိသူများအား ညွှန်ကြားပြီးနောက် ထိခိုက်ဒဏ်ရာရ လူနာများအား စိတ်အားမငယ်စေရန်နှင့် လိုအပ်သည့် အကူအညီများရှိလာပါက ၎င်းတို့ထံ တိုက်ရိုက်ပြောဆိုနိုင်ကြောင်း စသည်ဖြင့် စစ်ဗျူဟာမှူးကြီး နှင့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ အားပေးစကား ထပ်လောင်းပြောကြားသွားခဲ့ကြသည်။


ပြိုကျမှု အသက်ဘေးမှ လွတ်မြောက်လာသူ အသက်(၃၉)နှစ်အရွယ် ဦးအောင်ကျော်လွင်က "ဖြစ်တာက တစ်နာရီခွဲလောက်ပေါ့ မိုးတွေက တအားရွာနေတဲ့အချိန်မှာ ခြင်ထောင်ပေါ် မိုးကကျတော့ ကျွန်တော့်အမျိုးသမီးက မိုးကျနေတယ် ဟိုဘက်နည်းနည်းတိုးလို့ ပြောနေတဲ့အချိန်မှာ ကျွန်တော်က နည်းနည်းရွှေ့လိုက်ချိန်မှာပဲ ဗြုန်းဆို အပေါ်ကနေပြုတ်ကျတယ်၊ အဲ့လို ပြုတ်ကျလာချိန်မှာ မိုးကြိုးပစ်တယ်လို့ ထင်လိုက်တာ၊ နောက်ပြီးမှ နံရံတွေက တဖြေးဖြေး ပြိုကျလာပြီးတော့ လူပေါ်ကို ပိသွားတာ၊ အဲ့လို ပိနေတဲ့အချိန်မှာ မိန်းမရေ ပိသွားပြီလို့ ပြောနေရင်းမှာပဲ သတိလစ်သွားတယ်.."ဟု တာချီလိတ်အွန်လိုင်းသို့ ပြောပြလာသည်။


ယင်းကဲ့သို့ပင် မြေပြိုမှု ဖြစ်ပွားသည့် နေ့ဖြစ်သည့် ဇူလိုင်လ(၁၃)ရက်နေ့ ညနေ(၅)နာရီအချိန်က တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ"၏ ညွှန်ကြားမှုအရ မြေပြိုရာတွင် အသက်မသေဘဲ လွတ်မြောက်လာခဲ့သော အဆိုပါ (၄)ဦးအား ထောက်ပံ့ငွေအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၅၀၀၀)နှုန်းဖြင့် စုစုပေါင်း ထိုင်းဘတ်ငွေ (၂၀၀၀၀)ဘတ်တိတိကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ဇူလိုင်လ(၁၅)ရက်နေ့တွင်လည်း နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးမှ ထပ်မံ လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

သတင်း။   ။ ကိုဇောင်း
ပုံများကိုကြည့်ရန်
မိုးရွာ၍ မြေထိန်းနံရံပြိုကျရာမှ လွတ်မြောက်လာသူ ၄ဦး ဆေးကုသမှုခံယူ
26 photos

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~ ကြော်ငြာ ~~~~~~~~~

မြေပြိုမှုဒဏ်မှ လွတ်မြောက်လာသူ ၄ ဦးအား နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးကိုယ်စား စစ်ဗျူဟာမှူးကြီးနှင့်အဖွဲ့မှ ထောက်ပံ့လှူဒါန်း

$
0
0
၂၀၁၄ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့ နံနက်(၃)နာရီအချိန်ခန့်က တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်ထဲရှိ မြန်မာရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပွားပြီးနောက်မှာ ကျောက်ကြီးစီထားသော မြေထိန်းနံရံသည် နေအိမ်အခန်းငှားပေါ်ကို ပြိုကျလာပြီးနောက် ကလေး (၃)ဦးနှင့် လူကြီး(၄)ဦး စုစုပေါင်း (၇)ဦး သေဆုံးခဲ့ပြီး (၄)ဦး ဒဏ်ရာ ရရှိသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ရာ ဒဏ်ရာ ရရှိသူ လူနာ(၄)ဦးကို ထိခိုက်ဒဏ်ရာ ရရှိသည့် နေ့ဖြစ်သည့် ဇူလိုင်လ(၁၃)ရက်နေ့မှ ယနေ့ ဇူလိုင်လ(၁၅)ရက်နေ့တို့တွင် ဌာနဆိုင်အရာ အကြီးအကဲများမှ ကူညီထောက်ပံ့မှုများ ပေးအပ်ကြောင်း သိရှိရသည်။


ထိုသို့ ပေးအပ် ထောက်ပံ့ရာတွင် အသက်မသေဘဲ လွတ်မြောက်လာခဲ့သော လူနာ(၄)ဦးဖြစ်သည့် အသက် (၃၉)နှစ်ရှိ ဦးအောင်ကျော်လွင်၊ အသက်(၂၇)နှစ်ရှိ ကိုမျိုးလင်းအောင်၊ အသက်(၃၇)နှစ်ရှိ ဒေါ်လဲ့လဲ့မြင့် နှင့် အသက်(၂၇)နှစ်ရှိ မစန်းစန်းမြင့်တို့ (၄)ဦးအတွက် တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ"မှ ပေးအပ်လှူဒါန်းလာသော လူနေမှုအသုံးအဆောင်ပစ္စည်းများဖြစ်သည့် စောင်၊ အိပ်ရာထိုင်ခင်း စသည့် ပစ္စည်းများကို တာချီလိတ်(အခြေချ) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး နှင့် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းတို့မှ ဆရာတော်ဘုရားကြီး ကိုယ်စား ယနေ့ ဇူလိုင်လ(၁၅)ရက် နံနက် (၉း၃၀)နာရီအချိန်က တာချီလိတ်ပြည်သူ့ဆေးရုံတွင် သွားရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြသည်။



ယင်းသို့ ထောက်ပံ့လှူဒါန်းရာတွင် အရိုး/အကြောအထူးကုဆရာဝန် ဒေါက်တာကြီးမြင့်သိန်း နှင့် ဆေးရုံရှိ တာဝန်ရှိသူများမှလိုက်ပါ ကူညီဆောင်ရွက်ပေးပြီး စစ်ဗျူဟာမှူးကြီး နှင့်အဖွဲ့မှ ပေးအပ်လှူဒါန်းရာ ဆေးဝါးကုသမှု ခံယူနေသူ (၄)ဦးမှ လှိုက်လှဲဝမ်းမြောက်စွာဖြင့် လက်ခံရယူခဲ့ကြသည်။


ပြီးခဲ့သည့် ဇူလိုင်လ(၁၃)ရက် ညနေ(၅)နာရီအချိန်ကလည်း နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီး၏ လမ်းညွှန်ချက်အရ စစ်ဗျူဟားမှူးကြီး နှင့်အဖွဲ့မှ အဆိုပါ (၄)ဦးအား ထောက်ပံ့ငွေအဖြစ် တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၅၀၀၀)နှုန်းဖြင့် စုစုပေါင်း ထိုင်းဘတ်ငွေ (၂၀၀၀၀)ဘတ်တိတိကိုလည်း ထောက်ပံ့ပေးအပ်ခဲ့သည့်အပြင် ဇူလိုင်လ(၁၄)ရက်နေ့ကလည်း စစ်ဗျူဟားမှူးကြီး ပါဝင်သည့် တာချီလိတ်ခရိုင်/မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ ထိုင်းဘတ်ငွေ (၈၀၀၀)ဘတ်တိတိကိုလည်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

သတင်း။   ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

ရဲတပ်ဖွဲ့နှင့် ပေါင်းစပ်ဆောင်ရွက်ရာတွင် တာဝန်ယူရမည့် လုပ်ငန်းကဏ္ဍများအလိုက် အလုပ်ရုံဆွေးနွေးပွဲ တာချီလိတ်၌ ပြုလုပ်

$
0
0
နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ် (၁)ကို အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံများနှင့်အညီ "ရဲတပ်ဖွဲ့နှင့် ပေါင်းစပ်ဆောင်ရွက်ရာတွင် တာဝန်ယူရမည့် လုပ်ငန်းကဏ္ဍများအလိုက်"အလုပ်ရုံဆွေးနွေးပွဲအား ယနေ့ ၂၀၁၄ခုနှစ် ဇူလိုင်လ(၁၅)ရက် နံနက်(၈း၃၀)နာရီအချိန်က တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။


အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီးဝင်းထွန်း နှင့် ဒုခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်တရားသူကြီး၊ ခရိုင်ဥပဒေအရာရှိ၊ စသည့် ခရိုင်/မြို့နယ်အဆင့်ရှိ သက်ဆိုင်ရာ အကြီးအကဲများ နှင့် တာချီလိတ်ခရိုင်မှ ရဲတပ်ဖွဲ့ဝင် အရာထမ်း/အမှုထမ်းတပ်ဖွဲ့ဝင်များ စုစုပေါင်း (၄၂)ဦး တက်ရောက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


Third Wave လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ပြီးခဲ့သော ဇွန်လ(၂၇)က နေပြည်တော်တွင် ပြုလုပ်ကျင်းပခဲ့သော မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများအား တတိယအဆင့် အရှိန်မြှင့်တင်မှု (Third Wave) လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲတွင် "နိုင်ငံတော် အစိုးရသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာတွင် ပြုပြင်ပြောင်းလဲမှု များကို အကောင်အထည်ဖော်လျက်ရှိရာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို(First Wave)အဖြစ် ညင်သာ ချောမွေ့စွာ ပြောင်းလဲနိုင်ခဲ့ပြီး ဒုတိယအဆင့်(Second Wave) အဖြစ် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်အတူ စီးပွားရေးနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှု၊ အစိုးရယန္တရား တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲမှုနှင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးပြုပြင်ပြောင်းလဲမှုစသည့် ပြုပြင်ပြောင်းလဲမှုတို့ကို မဟာဗျူဟာ လုပ်ငန်းစဉ်များအဖြစ်ချမှတ်ပြီး အရှိန်မြှင့်တင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ရေးကို ရေရှည်အခြေခံအုတ်မြစ် ခိုင်မာရေးအတွက် ချမှတ်ပေးရမယ့်အပိုင်းနဲ့ ပြည်သူတို့ရဲ့ လူမှုစီးပွားဦးစားပေး လိုအပ်ချက်တွေကို ချက်ချင်း ဆောင်ရွက်ပေးရမယ့် အပိုင်းတွေကို တတိယအဆင့်(Third Wave)အဖြစ် အရှိန်မြှင့်တင်ပြီး လုပ်ငန်းစဉ်(၅)ရပ်နဲ့ ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး၏ ကနဦးကာလ၌ပင် နိုင်ငံတော်သမ္မတကြီးက ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို အဓိကထားဆောင်ရွက်နေကြရသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြည်သူဗဟိုပြုသော ရဲလုပ်ငန်းသို့ ပြုပြင်ပြောင်းလဲသွားရန် လမ်းညွှန်မိန့်ကြားခဲ့ကြောင်း၊ ဤသည်မှာ ဒီမိုကရေစီခေတ်နှင့် ကိုက်ညီသော ရဲလုပ်ငန်းပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး၏ ရှေးဦးအဆင့်မှသည် ယခုတိုင် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး တွင် အရှိန်အဟုန်ဖြင့် ပါဝင်လျက်ရှိပါကြောင်း"မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ် ဇော်ဝင်းမှ  ပြောကြားခဲ့သည်ကို ရဲဇာနည်မှတဆင့် သိရှိရသည်။

သတင်း။  ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

တာချီလိတ်၌ မြေပြိုမှုဒဏ်ကြောင့် ပွဲချင်းပြီး သေဆုံးသွားသူ (၇)ဦးအား တစ်ပြိုင်နက်တည်း မီးသဂြုင်္ိဟ်

$
0
0
၂၀၁၄ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့ နံနက်(၃)နာရီအချိန်ခန့်က တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်ထဲရှိ မြန်မာရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပွားပြီးနောက်မှာ ကျောက်ကြီးစီထားသော မြေထိန်းနံရံသည် နေအိမ်အခန်းငှားပေါ်ကို ပြိုကျလာပြီးနောက် ကလေး (၃)ဦးနှင့် လူကြီး(၄)ဦး စုစုပေါင်း (၇)ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ (၄)ဦး ရှိခဲ့သည်။

ဇူလိုင်လ(၁၃)ရက်နေ့က ပွဲချင်းပြီးသေဆုံးသွားသည့် ဦးကျော်ဌေးလင်း(၄၀)နှစ်၊ ဇနီးဖြစ်သူ ဒေါ်ရင်ရင်နု(၃၉)နှစ် နှင့် ၄င်းတို့၏ (၈)လသားအရွယ်ရှိ သား မောင်ဘုန်းမင်းခန့်၊ ဦးခင်မောင်သောင်း(၄၅)နှစ်၊ ဇနီးဖြစ်သူ ဒေါ်ဝင်းစန်း(၃၅)နှစ်၊ သား မောင်ဥာဏ်လင်းအောင် (၁၂)နှစ်၊ သမီးမသဲစုအောင် (၇)နှစ်တို့၏ ရုပ်လောင်းအား ယနေ့ ဇူလိုင်လ(၁၅)ရက် မွန်းလွဲ(၁)နာရီအချိန်က သေဆုံးသူ  တို့၏ ကျန်ရစ်သူမိသားစုဝင်များနှင့် အတူ တာချီလိတ်မြို့ပေါ်ရှိ လူမှုကူညီရေးအသင်းအဖွဲ့များ နှင့် ဒေသခံများမှ စည်ကားစွာဖြင့် တာချီလိတ်မြို့မသုဿန်သို့ လိုက်ပါ ပို့ဆောင်ကြပြီးနောက် တစ်ပြိုက်နက်တည်း မီးသဂြုင်္ိဟ်ခဲ့ကြသည်။

အသက်ဘေးမှ လွတ်မြောက်လာပြီး ထိခိုက်ဒဏ်ရာရရှိသူ အသက် (၃၉)နှစ်ရှိ ဦးအောင်ကျော်လွင်၊ အသက်(၂၇)နှစ်ရှိ ကိုမျိုးလင်းအောင်၊ အသက်(၃၇)နှစ်ရှိ ဒေါ်လဲ့လဲ့မြင့် နှင့် အသက်(၂၇)နှစ်ရှိ မစန်းစန်းမြင့်တို့ (၄)ဦးမှာ တာချီလိတ်ပြည်သူ့ဆေးရုံတွင် ဆက်လက်၍ ဆေးကုသမှု ခံယူနေကြပြီး ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများမှလည်း သွားရောက်ကြည့်ရှုအားပေး ထောက်ပံ့ပေးကြတာကိုလည်း တွေ့ရှိရသည်။


သတင်း။   ။ ကိုဇောင်း


















~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Viewing all 18345 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>