Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲအား တာချီလိတ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့

$
0
0
ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်မည်ဖြစ်သော မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် တာချီလိတ်ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲနှင့် ပဒေသာကပွဲကို ဇွန်လ(၃၀)ရက်နေ့ ညနေ(၇)နာရီမှ ဇူလိုင်လ(၁)ရက်နေ့အကူး (၁း၃၀)နာရီအချိန်အထိ စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်ရာ ပထမဆုအဖြစ် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းကိုယ်စားပြု မချယ်ရီအောင်မှ ဆွတ်ခူးသွားခဲ့သည်။



ပြိုင်ပွဲတွင် ရပ်ကွက်၊ ကျေးရွာ နှင့် ကျောင်းအပြင်၊ လူမှုရေးအသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းများကို ကိုယ်စားပြု၍ ၀င်ရောက်ယှဉ်ပြိုင်သည့် အသက် (၂၅)နှစ်အောက် အမျိုးသမီးငယ်(၂၅)ဦး နှင့် အသက်(၃၀)နှစ်အထက် ၀တ်စားဆင်ယင်မှုအဖြစ် ၀င်ရောက်ပြသသူ (၈)ဦးရှိရာ စုစုပေါင်းမှာ ၀င်ရောက်ယှဉ်ပြိုင်ပြသသူ (၃၈)ဦးရှိသည်။



အသက်(၂၅)နှစ်အောက် မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သူ (၂၇)ဦးထဲမှ ပထမဇကာတင်အဖြစ် (၁၇)ဦးကို ရွေးချယ်ပြီးနောက် အဆိုပါ (၁၇)ဦးထဲမှ (၁၀)ဦးကို ထပ်မံရွေးချယ်သည်။ ယင်းနောက် (၁၀)ဦးထဲမှ (၅)ဦးကို ပြန်လည်ရွေးထုတ်ပြီး ပထမဆု ချီးမြှင့်နိုင်ရေးအတွက် အဆိုပါ (၅)ဦးမှ ကိုယ်ဟန်ပြကြရာ ဒိုင်အဖွဲ့မှ အကဲဖြတ်အမှတ်ပေးကြသည်။



အဆိုပါ (၅)ဦးထဲတွင် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းအား ကိုယ်စားပြုသည့် မချယ်ရီအောင်မှ စုစုပေါင်းရမှတ် (၂၃၆)မှတ်၊ အ.ထ.က(တာချီလိတ်)အား ကိုယ်စားပြုသည့် မနန်းဟွမ်ခေးကျောက်မှ စုစုပေါင်းရမှတ် (၂၃၅)မှတ်၊ ဟောင်လိတ်ရပ်ကွက်အား ကိုယ်စားပြုသည့် မနီလာစိုးမှ စုစုပေါင်းရမှတ် (၂၃၄)မှတ်၊ ဆန်ဆိုင်း(က)ရပ်ကွက်အား ကိုယ်စားပြုသည့် မနန်းဆီဝမ်းမား မှ စုစုပေါင်းရမှတ် (၂၃၂)မှတ် နှင့် မကာဟိုခမ်းရပ်ကွက်အား ကိုယ်စားပြုသည့် မဖြူလင်းသွယ်မှ စုစုပေါင်းရမှတ် (၂၃၀)မှတ် စသည်ဖြင့် အမှတ်များ အသီးသီးရရှိသွားပြီးနောက် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း ကိုယ်စားပြုဖြစ်သည့် မချယ်ရီအောင်မှ ပထမဆုကို ဆွတ်ခူးသွားခဲ့ခြင်းဖြစ်သည်။



ဆက်လက်၍ ပထမ၊ ဒုတိယ၊ တတိယ နှင့် နှစ်သိမ့်ဆု ရရှိသူ စုစုပေါင်း (၅)ဦးကို ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော် အပြင် တာဝန်ရှိသူတို့မှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသလို အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်သူများကို ပိုးထည်တိုက်များ၊ အလှကုန်ပစ္စည်းဆိုင်များ၊ စီးပွားရေးလုပ်ငန်းရှင်များမှလည်း ဂုဏ်ပြု လက်ဆောင်ပစ္စည်းများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ပြီးခဲ့သော ၂၀၁၃ခုနှစ်က ကျင်းပသော မြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲတွင် ၀မ်ကောင်းရပ်ကွက် ကိုယ်စားပြု မဧရာဝတီထွန်းမှ ပထမဆု ဆွတ်ခူးသွားခဲ့သလို ယခု ၂၀၁၄ခုနှစ်တွင် ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်း ကိုယ်စားပြု မချယ်ရီအောင်မှ ဆွတ်ခူးသွားခဲ့သည်။


သတင်း။   ။ ကိုဇောင်း

ပြိုင်ပွဲဓါတ်ပုံအစုံအလင်  ပုံပေါင်း ( ၅၂၇ )ပုံကို အောက်ပါ Link တွင် ကြည့်နိုင်ပါသည်။
ဝတ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲ မှ အဆိုအကများ93 photos၃၀ နှစ်အထက် အမျိုးသမီးများ အလှပွဲပြ82 photos ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲ၏ ဇကာတင် ၁၇ ဦး120 photos၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲ၏ ဇကာတင် ၁၀ ဦး49 photosပြိုင်ပွဲဝင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေး84 photosမြန်မာ့ရိုးရာ ၀တ်စားဆင်ယင် ထုံးဖွဲ့မှုပြိုင်ပွဲ၏ ဆုပေးပွဲ41 photos၀တ်စားဆင်ယင်ထုံးဖွဲ့မှုပြိုင်ပွဲမှပြိုင်ပွဲဝင်များ၏ပုံရိပ်များ ၁58 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~ ကြော်ငြာ ~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>