Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်အတွက် GSM ဖုန်းကဒ် ၂၀၀ ချထားပေးသော်လည်း လျှောက်ထားကြသူများမှာ ၉၂၇၁ ဦးရှိ

$
0
0
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အများပြည်သူများအနေဖြင့် (၁၅၀၀)ကျပ်ဖြင့်သာ ပေးဝယ်၍ အသုံးပြုနိုင်ရန် GSM နှင့် CDMA အပြင် WCDMA ဖုန်းကဒ်များကို မဲနှိုက်စနစ်ဖြင့် ရောင်းချပေးလာရာ ဇွန်လအတွက် မဲနှိုက်ရောင်းချနိုင်ရန် သက်ဆိုင်ရာမှ GSM ဖုန်းကဒ် (၂၀၀)တိတိကို ချထားပေးလာရာ ယနေ့ ဇွန်လ(၂၈)ရက် မွန်းလွှဲပိုင်းက ဖုန်းကဒ်ပေါက်မဲနှိုက်ခဲ့ကြသည်။


ယခင် လျှောက်ထားသော လျှောက်လွှာစာရင်းမှာ (၉၂၅၈)စောင်ရှိပြီး ယခုလတွင် အသစ်လာရောက် လျှောက်ထားသူ (၁၃)ဦးရှိရာ စုပေါင်း၍ မဲနှိုက်ရာတွင် လျှောက်လွှာပေါင်း (၉၂၇၁)စောင်ရှိသည့်အတွက် ယခု ဇွန်လအတွက် ချပေးလာသော GSM ဖုန်းကဒ် (၂၀၀)သည် လျှောက်ထားသည်ထက် နည်းပါးနေတာကို တွေ့ရှိရသည်။


သက်ဆိုင်ရာမှ ယခုလိုပင် ဖုန်းကဒ်ချပေးလာမှု တစ်လထက်တစ်လ နည်းပါးလာသည့်အတွက် တာချီလိတ်ရှိ ပြည်သူများမှ အဆိုပါ ဖုန်းကဒ်များကို လိုချင်ကြသော်လည်း ချပေးသည့် အရေအတွက် နည်းပါးမှုကြောင့် စိတ်ဝင်စားမှု နည်းလာကြောင်းလည်း သိရှိရသည်။

ဖုန်းကဒ်မဲပေါက်သူများအနေဖြင့် ဖုန်းကဒ်များကို တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထုတ်ပေးမည်ဖြစ်ရာ ဖုန်းကဒ်များကို ၂၀၁၄ခုနှစ် ဇွန်လ(၃၀)ရက်နေ့တွင် စတင်ထုတ်ပေးသွားမှာဖြစ်ပြီး ဖုန်းကဒ်ပေါက်မဲစာရင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး နှင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးများအပြင် တာချီလိတ်အွန်လိုင်းတွင်လည်း ကြော်ငြာပေးသွားမှာဖြစ်ပါသည်။
သတင်း။  ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles


ဂျူးပင် စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


သာကူ⁠ပြင် ⁠ပြုလုပ်နည်း


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>