Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ နေစွမ်းအားနှင့်လေစွမ်းအင်သုံး မီးလင်းဓါတ်တိုင် ၂၁ တိုင်စိုက်ထူ

$
0
0
နယ်စပ်ဒေသ တာချီလိတ်မြို့တွင် လူနေမှု ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ခရီးသွားဧည့်သည်များလည်း များပြားလာလျှက်ရှိရာ ညပိုင်းအချိန်အခါတွင် မြို့တွင်း၌ လမ်းမီးဓါတ်တိုင်များ လင်းလက်နေရန်အတွက် နေရောင်ခြည်နှင့် လေစွမ်းအင်သုံး လမ်းမီးဓါတ်တိုင် (၂၁)တိုင်ကို ယနေ့ ၂၀၁၄ခုနှစ် ဇွန်လ(၃)ရက်နေ့ မှစ၍ စတင်စိုက်ထူနေလျက်ရှိတာကို တွေ့ရှိရသည်။


ယနေ့ ဇွန်လ(၃)ရက်နေ့တွင် အဆိုပါ ဓါတ်မီးတိုင်များအား စတင်စိုက်ထူမှုအဖြစ် ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ်(၁) တံတားထိပ်ရှိ အ၀ိုင်းပတ်တွင် မီးတိုင် (၃)တိုင်ကို စိုက်ထူထားရှိပြီး ပုန်းထွန် - ကျောက်တောင် လမ်းဆုံနှင့် လွတ်လပ်ရေးကျောက်တိုင်အနီးတို့တွင် ဓါတ်မီးတိုင်တစ်တိုင်စီ စိုက်ထူထားရာ ယနေ့ စိုက်ထူပြီးသည့် ဓါတ်မီးတိုင်မှာ (၅)တိုင်ရှိပြီဖြစ်ပြီး ရွှေတိဂုံစေတီတော်ရင်ပြင်တွင် ဓါတ်မီးတိုင်တစ်တိုင် နှင့် ကျန်ရှိသည့် ဓါတ်မီးတိုင်များကို မြို့တွင်းလမ်းမပေါ်တွင် စိုက်ထူသွားမှာ ဖြစ်ကြောင်း သိရသည်။


"ညဘက် လမ်းမီးတွေ အပြည့်အ၀လင်းနေတော့ သွားလာရာတာ စိတ်ချရတာပေါ့ဗျာ၊ အခုစိုက်တဲ့ ဓါတ်မီးတိုင်တွေကိုလည်း ကားလမ်းပေါ်မှာ တပ်ထားတဲ့ CCTV တွေလိုတော့ တပ်ပြီးပြီးရောတော့ မဖြစ်ဖို့လိုတယ်လို့ ပြောချင်တယ်ဗျာ၊ CCTV တွေက တပ်သာတပ်ထားတာ အလုပ်မလုပ်ဘူး၊ အဲ့လိုပဲ ဒီဓါတ်တိုင်တွေလည်း ရေရှည်အလုပ်လုပ်နေဖို့ ပျက်ရင် ပြင်ဖို့လည်း အခုကတည်းက ကြိုပြီး သတိပေးချင်ပါတယ်"ဟု တာလော့ရပ်ကွက်နေ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှလည်း တာချီလိတ်အွန်လိုင်းသို့ ပြောသည်။


ယခုလို တာချီလိတ်မြို့အတွင်း နေရောင်ခြည်နှင့်လေစွမ်းအင်သုံး မီးလင်းဓါတ်တိုင်များကို စိုက်ထူနိုင်ရန်အတွက် ကုန်ကျမှုကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တာချီလိတ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင်နိုင်ရန်အတွက် ထောက်ပံ့ပေးထားသည့် ကျပ်သိန်း (၃၀၀)ထဲမှ အသုံးပြု၍ စိုက်ထူတာဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ထံမှ သိရှိရသည်။

ဓါတ်ပုံ။  ။ အောင်ကျော်ဝင်းစိန်(ဓါတ်ပုံ)
သတင်း။   ။ ကိုဇောင်း

~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~




Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>