Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ်၌ ဖုန်းကဒ်လျှောက်ထားသူ ၉၆၇၁ ဦးထဲမှ GSM ဖုန်းကဒ် ၃၀၀ အတွက် မဲနှိုက်

$
0
0
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အများပြည်သူများအား တန်ဖိုးနည်းအဖြစ် ၁၅၀၀ကျပ်ဖြင့်သာ ပေးဝယ်၍ အသုံးပြုနိုင်ရန် GSM နှင့် CDMA အပြင် WCDMA ဖုန်းကဒ်များကို ၂၀၁၃ခုနှစ် ဧပြီလ(၂၃)ရက်နေ့က တာချီလိတ်မြို့၌ မဲနှိုက်၍ စတင်ရောင်းပေးလာခဲ့ရာ ယနေ့ ၂၀၁၄ခုနှစ် မေလ(၃၁)ရက်နေ့တွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ မဲနှိုက်ရောင်းချပေးရာ ယခင် လက်ကျန် လျှောက်လွှာ (၉၅၅၈)စောင်နှင့် ယခုလတွင် လျှောက်ထားလာသူ (၁၁၃)ဦးကို ပေါင်း၍ မဲနှိုက်ရာ စုစုပေါင်း လျှောက်လွှာပေါင်း (၉၆၇၁)စောင်ရှိသော်လည်း ရှမ်းရှေ့ ခွဲတမ်းအဖြစ် တာချီလိတ်မြို့နယ်အတွက် GSM ဖုန်းကဒ် (၃၀၀)သာ ချပေးလာကြောင်း သိရသည်။


ယခုလို ဖုန်းကဒ်မဲနှိုက်ပေးမှုများအဖြစ် ၂၀၁၃ခုနှစ် ဧပြီလထဲက စတင်ချိန်မှာ မဲလာနှိုက်သူ များခဲ့သော်လည်း ယခုနောက်ပိုင်းမှာ မဲလာနှိုက်သူလျော့သွားသည့်ကိစ္စနှင့် ပတ်သက်၍ "ဖုန်းကဒ် လျှောက်ထားတဲ့ သူတွေ များတယ်၊ အထက်က ချပေးတာက ရာဂဏန်းလောက်ပဲဆိုတော့ ပေါက်မှာလည်း မဟုတ်တော့ပါဘူးဗျာ၊ အဲ့ဒါကြောင့် မဲသွားမနှိုက်ချင်တော့ဘူး၊ ပေါက်မဲစာရင်းကိုပဲ စောင့်ကြည့်တော့မယ်"ဟု ရွှေတာချီခရီးသွားလုပ်ငန်းမှ ဆိုင်ကယ် Taxi ပြေးဆွဲသူ တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ငြီးငြူ၍ ပြောလာသည်။

ဖုန်းကဒ်မဲနှိုက်ပေးသည့် နေ့များတွင် မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် မြို့မိမြို့ဖများမှ စနစ်တကျ မဲနှိုက်မှု ရှိမရှိကို စောင့်ကြပ်ကြည့်ရှုကြတာကိုလည်း တွေ့ရှိရသည်။

ယခုလအတွက် ဖုန်းကဒ်မဲပေါက်သူများအနေဖြင့် ဖုန်းကဒ်များကို ယခုလကဲ့သို့ပင် တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ထုတ်ပေးမည်ဖြစ်ရာ ယခုအကြိမ်အတွက် ဖုန်းကဒ်များကို ၂၀၁၄ခုနှစ် ဇွန်လ(၃)ရက်နေ့တွင် စတင်ထုတ်ပေးသွားမှာဖြစ်ပြီး ဖုန်းကဒ်ပေါက်မဲစာရင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး နှင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးများအပြင် တာချီလိတ်အွန်လိုင်းတွင်လည်း ကြော်ငြာပေးသွားမှာဖြစ်ပါသည်။
သတင်း။   ။ ကိုဇောင်း

ပေါက်မဲများစာရင်း
9 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>