Quantcast
Channel: TNA ❃ Tachileik News Agency ❃ www.tachileik.net
Viewing all articles
Browse latest Browse all 18345

တာချီလိတ် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲ(၃၄၈)မှ (၆၃)ကြိမ်မြောက် (၇)ရက်တိုင်တိုင် တရားစခန်း ပြုလုပ်မည်

$
0
0
ကမ္မဌာနစရိယ၊ နယ်လှည့်ဓမ္မကထိက၊ ပိုင်းလော့ဆရာတော်ဘုရားကြီး အသျှင်ဇေယျပဏ္ဍိတသည် တာချီလိတ်မြို့ရှိ တရားချစ်ခင် သူတော်စင်များအား တရားဘာဝနာ ကျင့်ကြံပွားများ အားထုတ်နိုင်ရန် အတွက် ဇွန်လ(၂)ရက်နေ့မှ ဇွန်လ(၈)ရက်နေ့အထိ (၇)ရက်တိုင်တိုင် တာချီလိတ်မြို့ မိုးကုတ်ဝိပဿနာ အဖွဲ့ခွဲ(၃၄၈)တရားစခန်းတွင် တရားပြ၍ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားတော်မူမှာ  ဖြစ်ကြောင်းသိရသည်။


အဆိုပါ (၆၃)ကြိမ်မြောက် (၇)ရက်တိုင်တိုင် တရားစခန်းတွင် သတ်မှတ်ရက်ကာလအတွင်း ဆွမ်းလှူဒါန်းမှုများအဖြစ် ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်သည်ဖြစ်ရာ အာရုဏ်ဆွမ်းအတွက် (၃၀၀၀)ဘတ် နှင့် နေ့ဆွမ်းအတွက် (၅၀၀၀)ဘတ်ဖြင့် လှူဒါန်းနိုင်သည့်အပြင် ဝေယျာဝစ္စလုပ်အားဒါနအဖြစ်လည်း ကုသိုလ်ယူနိုင်ကြောင်း သိရသည်။


ယခုပြုလုပ်သော တရားစခန်းသို့ ၀င်ရောက်ကျင့်ကြံ တရားအားထုတ်လိုသူ ယောဂီများ နှင့် ပါဝင်ကုသိုလ်ယူ လှူဒါန်းလိုသူများ အနေဖြင့် အောက်ပါ ဆက်သွယ်ရန် ဖုန်းနံပါတ်မှ တဆင့် ဆက်သွယ်စုံစမ်း စာရင်းပေးနိုင်မှာ ဖြစ်ပါသည်။

တရားစခန်းဝင်ရမည့်နေ့။  ။ ၁.၆.၂၀၁၄ (ညနေ ၄ နာရီအရောက်)
ယောဂီများ စာရင်းပေးသွင်းနိုင်ရန်
ထိုင်းဖုန်း။   ။ ၀၈၅၀၄၀၄၈၃၁၊ ၀၈၄၄၀၆၈၅၄၃
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

Viewing all articles
Browse latest Browse all 18345

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>